အသံကြောင့်ဖားသေသွားတဲ့သာ၀နှင့်အာဏာသိမ်းမှာမစိုးရိမ်တဲ့NLD

အသံကြောင့် ဖားသေသွားတဲ့ သာဝ ဇော်မင်းထွန်းက အာဏာသိမ်းမယ် ပြောတယ်နောက်တစ်နေ့မှာ မင်းအောင်လှိုင်ကအခြေခံဥပဒေကို ဖျက်မယ်ပြောတယ်နောက်တစ်နေ့မှာ NLD က အာဏာသိမ်းမှာမစိုးရိမ်ဘူး။ ဥပဒေအတိုင်း ဆက်သွားမယ်လို့ပြောတယ်။ နောက်တစ်နေ့မှာ ကုလသမဂ္ဂ အပါအဝင်မြန်မာနိုင်ငံမှာ ရှိတဲ့ သံရုံးတွေအားလုံးက တစ်နေ့တည်း တစ်ချိန်ထဲမှာ ကြေညာချက်ထုတ်ပြီးရွေးကောက်ပွဲ အောင်မြင်မှုအတွက် တက်လာမယ့်အနိုင်ရပါတီနဲ့ မဲပေးခဲ့တဲ့ ပြည်သူလူထုကို ချီးကျူးဂုဏ်ပြုလိုက်ပြီး လွှတ်တော်သစ်နဲ့ အစိုးရသစ္ကို ကြိုဆိုကြောင်းစစ်တပ်နဲ့ ကြံ့ဖွတ်ကို ဒီမိုကေရစီ လုပ်ငန်းစဉ်တွေကိုမနှောင့်ယှက်ဖို့ ပြတ်ပြတ်သားသား သတိပေးလိုက်တယ်။အစိုးရကို အာဏာသိမ်းမယ်လို့ ခြိမ်းခြောက်နေတဲ့စစ်တပ်အတွက် ပြန်ရမယ့် ရလာဒ်ကတော့စစ်တပ်ဟာ အစိုးရလက်အောက်မှာ မရွိဘူး စစ်တပ်ဟာ ခုချိန်ထိ အကျင့်ဆိုးတွေ မပြင်သေးဘူးစစ်တပ်ဟာ ပြည်သူလူထုအများစုဆန္ဒကို မျက်နှာမမူဘူးစစ်တပ်နဲ့ သူ့အောက်ဆွဲပါတီတွေဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက် အကြီးမားဆုံး အနှောင့်အယှက်တွေ ဖြစ်တယ်ဆိုတာကို တစ်ကမ္ဘာလုံးက ရှင်းရှင်းလင်းလင်း သိသွားပါပြီ။ အကယ်၍သာ […]

Continue Reading

တရုတ်သည်ဗီယက်နမ်နှင့်မြန်မာနယ်စပ်တံတိုင်းများ ပြန်လည်တည်ဆောက်မည်ဟုဆို

ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် တရုတ်သည် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နှင့် မြန်မာတို့နှင့် နယ်စပ်နံရံများအား ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ “ဒါကအမျိုးသားရေးအဆင့် အစီအစဉ်တစ်ခုနဲ့တူတယ်”ဟု UNSW Canberra မှ အရှေ့တောင်အာရှ ကျွမ်းကျင်သူနှင့် ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer က ဆိုသည်။တရုတ်အစိုးရပိုင် မီဒီယာ ဆင်ဟွာသတင်းများအရ ဗီယက်နမ်နိုင်ငံရှိ စီမံကိန်းတွင် Beilun မြစ်တစ်လျှောက်တွင် ဆူးဝါယာကြိုးဖြင့်ပြည့်နေသည့် ၄.၅ မီတာမြင့်သော သံခြံစည်းရိုး ပါဝင်သည်။ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား တည်ဆောက်ခဲ့သော ဒေါ်လာ ၂၉ သန်းတန် စီမံကိန်းသည် ၁၂ ကီလိုမီတာရှည်လျားပြီး ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် လူများအား မှောင်ခိုလုပ်ခြင်းကို တားဆီးရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်အကြားရှိ […]

Continue Reading

သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့နဲ့မြန်မာ့ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့နဲ့ မြန်မာ့ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ အလွန် စိုးရိမ် ပူပန်စွာနဲ့ စောင့်ကြည့်လေ့လာ နေကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက Stéphane Dujarric ပြောပါတယ်။ ပါဝင်ပတ်သက်နေသူ အားလုံးအနေနဲ့ သွေးထိုး လှုံ့ဆော် ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့၊ ခေါင်းဆောင်မှုကို ပြသဖို့၊ ဒီမိုကရေစီ စံနှုန်းတွေကို စောင့် ထိန်း လိုက်နာဖို့နဲ့ နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလက်ခံဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်း တယ်လို့လည်း ပြောခွင့်ရ Stéphane Dujarric က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ […]

Continue Reading

ရွေးကောက်ပွဲရလဒ်ပြောင်းလဲရန်ကြိုးပမ်းမှုမှန်သမျှ ဆန့်ကျင်ကြောင်းသံရုံးများကြေညာ

ရွေးကောက်ပွဲရလဒ် ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှ ဆန့်ကျင်ကြောင်း သံရုံးများကြေညာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေသော ကြိုးပမ်း အားထုတ်မှု မှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်င်ငံဆိုင်ရာ ဥရောပနိုင်ငံများ၏ သံရုံးအသီးသီးက ကြေညာ ချက် ထုတ်ပြန်လိုက်သည်။ တပ်မတော်ဘက်က အာဏာသိမ်းနိုင်ခြေရှိကြောင်း သတင်းများ ထွက်ပေါ်လာနေစဉ် ဇန်နဝါရီလ၂၉ ရက်တွင် သြစတြေး လျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံး၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးများက စုပေါင်းကြေညာချက် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေး၊ နိုင်ငံတော်အတွင်း […]

Continue Reading

စစ်ရေးလှုပ်ရှားမှုများဖေဖော်ဝါရီ၂၈ရက်အထိရပ်ဆိုင်းကြောင်းတပ်မတော်ကြေညာ

စစ်ရေးလှုပ်ရှားမှုများ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ မြန်မာနိုင်ငံတဝန်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက လွဲလို့ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်ညမှာ ထုတ်ပြန် ကြေညာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်ဆွေးနွေးနိုင်ဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ကမ္ဘာတဝန်းရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကိုလွယ်ကူစွာဆောင်ရွက်နိုင်ဖို့အတွက် နောက်ထပ် တစ်လ ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေ […]

Continue Reading

မြန်မာ့တပ်မတော်ကဒေသတွင်းနိုင်ငံတွေအကြား Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပထမဆုံး အသုံးပြုသူဖြစ်လာဟုဆို

မြန်မာ့တပ်မတော်က ဒေသတွင်းနိုင်ငံတွေအကြား Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပထမဆုံး အသုံးပြုသူဖြစ်လာဟုဆို မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Shoiguက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မနေ့ကတွေ့ဆုံဆွေးနွေးအပြီးမှာတော့ Pantsir-S1လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရောင်းချပေးဘို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာ ဗီယက်နမ်က Pantsir-S1နဲ့ပတ်သက်ပြီး သတင်းတစ်ချို့ထွတ်ပေါ်ခဲ့ပေမယ့် မြန်မာ့တပ်မတော်ဟာ ပထမဆုံးအသုံးပြုသူဖြစ်လာတယ်လို့ Myanmar Defense Reviewက ရေးသားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ Tunguska-M1နဲ့ Pantsir-S1တွေကို ပူးတွဲအသုံးပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာတယ်လို့လည်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။ Pantsir-S1တွေဟာဆိုရင် စစ်ရေးနဲ့စက်မှုအုပ်ချုပ်ရေးစနစ်တွေကို တိုက်ခိုက်လာမှုတွေကနေ ကာကွယ်ပေးနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတဲ့ လေကာစနစ်ဖြစ်ပါတယ်။ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်၁၂စင်းနဲ့ 57E6 /57E6E 2A38M 30မမ အမြှောက်နှစ်လက်ပါဝင်ပါတယ်။ Pantsir+S1တွေဟာ တစ်ချိန်တည်းမှာ ပစ်မှတ်၁၂ခုကို တစ်မိနစ်အတွင်း ပစ်ခတ်နိုင်ပြီး ပစ်မှတ်၂ခုကိုလည်း တစ်ပြန်နက်တည်း ချိန်ရွယ်ထားနိုင်မှာဖြစ်ပါတယ်။ အတိအကျထုတ် […]

Continue Reading

အတိုင်ပင်ခံပြောသည့် “ ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်” ကို TNLA ကြိုဆို

အတိုင်ပင်ခံပြောသည့် “ ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်” ကို TNLA ကြိုဆို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူးမိန့်ခွန်းစကားတွင်ပါရှိသည့် “၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ် ဖော်ဆောင်မည်” ဆိုသော အချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပြန်လည်အစပြုဖို့ အခြေအနေကောင်းဖြစ်လိမ့်မည်ဟု တအာန်းလွတ်မြောက်ရေးတပ်ဖွဲ့ TNLA က ကြိုဆိုလိုက်သည်။TNLA ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့ပြီးသည့်နောက် တနင်္လာနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ရာတွင် အခုလိုထဲ့သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။ TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်က “ ဒီဟာပေါ်မှာအပြုသဘောဆောင်တဲ့ဟာလို့မြင်တယ်။ တွေ့ဆုံဆွေးနွေးဖို့အတွက်လည်း ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်တယ်ပေါ့နော်။ ဒါကိုကြိုဆိုတယ်ပေါ့။ အလုပ်မဖြစ်တဲ့ဟာတွေကို အခုအခင်းအကျင်းအသစ်နဲ့ဖော်ဆောင်ပြီးမှ အောင်မြင်နိုင်မယ်လို့မျှော်လင့်တယ် ” ဟု ဆိုသည်။အလားတူ အပစ်အခတ်ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းသည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် အမြဲအဆင်သင့်ဖြစ်နေဟုလည်း TNLA မှထုတ်ပြန်သည်။သို့သော် TNLA ပါဝင်သော မြောက်ပိုင်း လေးဖွဲ့နှင့် […]

Continue Reading

ကိုဗစ်ဆေးဝယ်ရန်အလှူငွေကျပ်သန်း၁သောင်းကျော်နှင့်ကန်ဒေါ်လာ၂သန်းကျော်ရထား

ကိုဗစ်ဆေးဝယ်ရန် အလှူငွေ ကျပ်သန်း ၁ သောင်းကျော်နှင့် ကန်ဒေါ်လာ ၂ သန်းကျော် ရထား ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ အလှူငွေ ကျပ်သန်းပေါင်း ၁ သောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၂ သန်းကျော် ရထားပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီရဲ့ အသိပေးကြေညာချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြထားတာပါ။ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ် ငွေစာရင်း OA 013733 ဆီကို ကျပ် သန်းပေါင်း ၁၀၁၂၆ ဒသမ ၈၅၄၊ နိုင်ငံခြားငွေစာရင်း EDC 600012 ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇၃ သန်း လှူဒါန်းထားတယ်လို့ ဆိုပါတယ်။ဒါဟာ ဇန်နဝါရီ ၆ ရက်ကနေ […]

Continue Reading

မြန်မာအမျိုးသမီး အဓမ္မကျင့်ခံရမှုနှင့် ခွဲခြားဆက်ဆံမှုတွေကြောင့် ထိုင်းနိုင်ငံက ဝက်လ်ဆိုက် တွေကို မြန်မာဟက်ကာအဖွဲ့ တိုက်ခိုက်

မြန်မာအမျိုးသမီး အဓမ္မကျင့်ခံရမှုနှင့် ခွဲခြားဆက်ဆံမှုတွေကြောင့် ထိုင်းနိုင်ငံက ဝက်လ်ဆိုက် တွေကို မြန်မာဟက်ကာအဖွဲ့ တိုက်ခိုက် မြန်မာအမျိုးသမီး အဓမ္မကျင့်ခံရမှုနှင့် ခွဲခြားဆက်ဆံမှုတွေကြောင့် ထိုင်းနိုင်ငံက ဝက်လ်ဆိုက် တွေကို တိုက်ခိုက်လိုက်တယ်လို့ မြန်မာဟက်ကာ အဖွဲ့ဖြစ်သည့် Union of UnderGround Myanmar က သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာဟက်ကာ အဖွဲ့ဖြစ်သည့် Union of UnderGround Myanmar က “ရာဇဝတ်မှုတစ်ခုကြောင့် ထိန်းသိမ်းခံနေရတဲ့ မြန်မာအမျိုးသမီးကို လက်ထိပ်ခတ်ပြီး တာဝန်ကျရဲဝန်ထမ်းက မုဒိန်းကျင့်တာဟာ လူ့အသိုင်းအဝိုင်းက ဘယ်လိုမှ နားလည်ပေးလို့မရတဲ့ပြစ်မှုပါ။ ရာဇဝတ်မှုကျူးလွန်ထားတဲ့ သူကို ဥပဒေအတိုင်း လူ့ဂုဏ်သိက္ခာကို မငြိုးနွမ်းစေပဲ တရားသဖြင့် အပြစ်ပေးတာကို ကျနော်တို့လက်ခံပါတယ်။ ဒါပေမယ့် ဒီလိုမျိုး လိင်အကြမ်းဖက်ပြီး အနိုင်ကျင့်တာကို လက်ခံပေးလို့မရပါဘူး။ ဒီလိုလိင်အကြမ်းဖက်မှုမျိုး ကျနော်တို့နိုင်ငံသား အမျိုးသမီးတွေ […]

Continue Reading

၅နှစ်အတွင်းကန်ဒေါ်လာသန်း၂၀,၀၀၀ကျော်ရခဲ့တဲ့မြန်မာသဘာဝဓာတ်ငွေ့နှင့်ကျောက်စိမ်းရောင်းချမှု

၅ နှစ်အတွင်း သဘာဝဓာတ်ငွေ့နှင့်ကျောက်စိမ်းရောင်းချမှုမှ ကန်ဒေါ်လာ သန်း ၂၀,၀၀၀ ကျော်ရ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း တင်ပို့ရောင်းချတာကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀,၀၀၀ ကျော် ရခဲ့ပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ သဘာဝဓာတ်ငွေ့ တင်ပို့တာကနေ ဒေါ်လာသန်းပေါင်း ၃,၉၀၀ ကျော်ရခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာတော့ သန်းပေါင်း ၃,၁၀၀ ကျော်ဖြစ်ပြီး ကျန်တဲ့နှစ်တွေမှာတော့ သန်းပေါင်း ၃,၄၀၀ ကျော်၊ ၃,၅၀၀ ကျော်ရခဲ့ပါတယ်။ အဲဒီ ၅ နှစ်မှာ ပြည်ပကို သဘာဝဓာတ်ငွေ့ ဒေါ်လာသန်းပေါင်း ၁၇,၅၀၆ ကျော်ဖိုး တင်ပို့ရောင်းချခဲ့ပါတယ်။ ကျောက်စိမ်းကို ပြည်ပတင်ပို့ရောင်းချတာမှာတော့ ၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၂,၄၉၆ […]

Continue Reading