လူသားများပြုလုပ်ခဲ့သောဖန်တီးမှုအကြီးစားများ

သင်စံချိန်တစ်ခုခုချိုးဖူးပါသလား၊ဒါမှမဟုတ်တစ်ညနေတည်းအစာသွပ်မုန့်တစ်သန်းကော်လုပ်ဖူးပါသလား။ဒါမှမဟုတ်ခြေဖနောင့်နဲ့နှာခေါင်းကော်ထိအောင်လုပ်နိုင်ပါသလားနာရီဝက်အတွင်းမာရသွန်ပွဲပြီးအောင်ပြိုင်ဖူးပါသလား။မလုပ်ဖူးခဲ့ရင်လည်းစိတ်မပျက်လိုက်ပါနဲ့ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်ထဲဝင်နိုင်ရန်ထူးကဲလွန်းသောကိစ္စရပ်များပြုလုပ်နိုင်သည့်ဥာဏ်ရည်ပရိယာယ်များမလိုအပ်ပါကြီးမားသောကိစ္စဖြစ်လျှင်ရပါပြီ။ဥမမာအထပ်20အဆေက်အအုံလောက်မြင့်သောအလံအိမ်တွင်းဘောလုံးကွင်းတစ်ခုပင်ဆန့်သောဂျင်းဘောင်းဘီများသို့မဟုတ်ဆင်တစ်ကောင်ကဲ့သို့လေးသောဒဂ်ါးပြားဒီနေ့မှာတော့လူသားများပြုလုပ်ခဲ့သောဖန်တီးမှုအကြီးစားများကိုပြောပြပေးသွားမှာဖြစ်ပါတယ်သူတို့အရွယ်အစားတွေဟာသင့်ကိုအံ့အားသင့်စေမှာပါ။ အလွန်ကြီးမားသောနိုင်ငံတော်အလံကြီး လူတွေဟာကိုယ့်နိုင်ငံကိုချစ်မြတ်နိုးကြပါကာဒါကြောင့်အစိုးရအဆောက်အဦးတွေမှာအလံလွှင့်ထူလေ့ရှိကြပါတယ်ဒါပေမယ့်ဆွစ်ဇ်လူမျိုးများကတော့တမူထူးခြားခဲ့ပါတယ်။နှစ်ပေါင်းများစွာတိုင်အောင်သူတို့ဟာအလွန်ကြီးမားသောနိုင်ငံတော်အလံကြီးကိုတောင်ထိပ်တွင်ချိတ်ဆွဲထားခဲ့ကြပါတယ်။သြဂုတ်လ1ရက်နေ့ဆွစ်ဇ်နိုင်ငံတော်နေ့၌ရဲ့ရင့်သောတောင်တက်သမား20ဦးဟာတောင်တန်းဒေသတွင်အမြင့်ဆုံးတောင်များထဲမှတစ်ခုဖြစ်သောSantis(ဆန်တီစ်)တောင်ပေါ်၌လွှင့်ထူခဲ့ပါတယ်။တောင်ဟာပင်လယ်ရေမျက်နှာပြင်အထက်8202ပေသို့မဟုတ်2500မီတာအမြင့်မှာတည်ရှိပါပြီး။ထို့ကြောင့်အလံအားဆွစ်ဇ်များသာမကအီတလီလူမျိုးများလစ်တင်စတိုင်းဂျာမနီနဲ့ပြင်သစ်များပါမြင်တွေ့နိုင်ပါတယ်။အလံဟာစံချိန်ချိုးနိုင်ခဲ့ကာအလံဟာပေါင်1764သို့မဟုတ်700ကိလိုလေးပါတယ်။တောင်တက်သမားများအတွက်ထိုအလေးချိန်နှင့်ထိုအမြင့်ထိရောက်အောင်နာရိများစွာတက်ရသည်မှာလွယ်ကူသည့်အရာမဟုတ်သလိုအခက်အခဲဆုံးအရာမှာတော့အလံအားမပျက်ဆီးစေဘဲတစ်ညီထဲဖြစ်အောင်ဖြည်ချနိုင်ရန်ပဲဖြစ်ပြီးအလံရဲ့အမြင့်နဲ့အလျားမှာအထပ်20တိုက်တလုံးစာ262ပေသို့မဟုတ်မီတာ80ဖြစ်ပါတယ်။ကံမကောင်းစွာဖြင့်ရာသီဥတုဆိုးရွားမှုနှင့်လေပြင်းများကြောင့်အလံဟာတစ်ကြိမ်သာခံခဲ့ပါတယ်။သင်ဘယ်လိုထင်ပါသလဲထိုက်တန်သောစံချိန်တစ်ခုဖြစ်ပါသလား။ စကိတ်ဘုတ်အကြီးကြီး ကယ်လီဖိုးနီးယားစကိတ်သမားများဟာဘတ်စကားအရွယ်စကိတ်ပြားကိုဖန်တီးခဲ့ပါတယ်။စကိတ်ဘုတ်ကြီးဟာ52ပေသို့မဟုတ်16မိတာရှည်လျားပြီးပေါင်ချိန်3571ပေါင်သို့မဟုတ်1620ကိလိုလေးပါတယ်။ဒါဟာပုံမှန်စကိတ်ဘုတ်တစ်ခုထက်12ဆပိုကြီးပြီးပိုရှည်ပါပြီးဒိစံချိန်ချိုးမှုရဲ့ဖန်တီးရှင်များကတော့အမေရိကန်လူမျိုးJoeCiaglia(ဂျိုးစီအက်ဂလီယာ)androbdyrdek(ရောဘ့်ဒါဒက်)တို့ပဲဖြစိပါတယ်။သူတို့ဟာဒီစကိတ်ဘုတ်ကိုပြုလုပ်ရန်အချိန်သုံးလနှင့်ဒေါ်လာနှစ်သောင်းသုံးစွဲခဲ့ကာသူငယ်ချင်းအုပ်စုနဲ့အတူလည်းစီးနင်းနိုင်ပါတယ်။ဒါပေမယ့်အလွန်ဂရုစိုက်ဖို့လိုပါတယ်။ဘာ့ကြောင့်လဲဆိုတော့စကိတ်ဘုတ်ဟာအရှိန်နှုန်းအလွန်မြင့်မားပြီးဘရိတ်မပါရှိသောကြောင့်ဖြစ်ပါတယ်။အန္တာရာယ်ကြုံလာပါကစကိတ်ပေါ်မှခုန်ဆင်းရပါမယ်။တစ်နေ့ရောက်လျှင်တော့ဒီစကိတ်ဘုတ်ကြီးနဲ့လူများကဂင်းနစ်စံချိန်ဟောင်းကိုချိုးဖျက်ကောင်းချိုးဖျက်နိုင်ပါလိမ့်မယ်။စံချိန်ဟောင်းတင်ခဲ့သူကတော့RogerHickey(ရော်ဂျာဟစ်ကီ)ဖြစ်ပါတယ်သူဟာစကိတ်ပေါ်လှဲကာကားအရှိန်နှုန်းဖြင့်စီးခဲ့တာဖြစ်ပါတယ်ဒါဟာတစ်နာရိ78မိုင်သို့မဟုတ်126.12ကီလိုရှိပါတယ်။ နဗားဒါးပြည်နယ်လမျက်နှာပြင်ပေါ်ကချိုင့်ခွက်များ ဒါကတော့နဗားဒါးပြည်နယ်ပါသင်ဟာလမျက်နှာပြင်ပေါ်ကချိုင့်ခွက်များကိုမြင်ဖူးချင်ပါကသွားသင့်သောနေရာပဲဖြစ်ပါတယ်။အကြောင်းမှာတော့ထိုနေရာ၌ပေါက်ကွဲမှုများကြောင့်လမျက်နှာပြင်နှင့်တူသည့်ချိုင့်ခွက်များရှိသောကြောင့်ဖြစ်ကာဒီနေရာမှာပဲနယူးကလီးယားပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်ခဲ့သာဧရာမအပေါက်ကြီးလည်းရှိပါတယ်။ဆီဒန်ချိုင်ခွက့်ရဲ့အကျယ်ဟာအလွန်ကြီးမားကာအချင်း12795ပေသို့မဟုတ်မိတာ390ရှိပြီးအနက်328ပေသို့မဟုတ်မီတာ100ဖြစ်ပါတယ်။ဥပမာအားဖြင့်Apophis(အဖေါဖစ်စ်)ဥက္ကာခဲ့နဲ့အရွယ်အစားအတူတူဖြစ်ပါတယ်။50ခုနှစ်များတွင်အမေရိကန်သိပ္ပံပညာရှင်များမှနယူးကလီးယားဗုံးများဟာသတ္တုတွင်းနဲ့ကျောက်တူးဖော်ရေးများကိုပိုမိုလွယ်ကူစေနိုင်ကြောင်းအကြံပြုခဲ့ပါတယ်။ထို့ကြောင့်အင်ဂျီနီယာများဟာချိုင့်ဝှမ်းကြီးများပြုလုပ်ပြီး467ပေါင်သို့မဟုတ်212ကီလိုလေးသောပေါက်ကွဲအား104ကီလိုတန်နယူးကလီးယားဗုံးများထည့်ကာဖောက်ခွဲခဲ့ပါတယ်။ဖောက်ခွဲမှုကြောင့်သဲနှင့်ကျောက်တုံးများဟာအထပ်30တိုက်အမြင့်ခန့်ရေပန်းကဲ့သို့ပေါက်ကွဲခဲ့ပြီးထို့အချိန်အတွင်း၌ပင်မြေကြီးတန်11သန်းခန့်လည်းကီလိုပေါင်းများစွာပြန့်ကျဲခဲ့ပါတယ်။ပေါက်ကွဲမှုပြီးသောအခါတွင်လည်းဖုန်လုံးကြီးများဖြစ်ပေါ်ခဲ့ပြီးရေဒီယိုသတ္တိကြွအမှုန်များဟာအမေရိကန်ပြည်နယ်လေးခုထိသက်ရောက်ခဲ့ပါတယ်။ထိုအချိန်တွင်ပေါက်ကွဲရာနေရာ၌ရောင်ခြည်စွမ်းအင်ဟာXrayunit500ထိတိုးလာခဲ့ပြီးဤနည်းဖြင့်1962ခုနှစ်၌လူလုပ်ဆီဒန်ချိုင့်ခွက်ကြီးဖြစိပေါ်လာခဲ့ပါတယ်။ယနေ့မှာတော့ဒီနေရာဟာဘေးကင်းလုံခြုံပြီးနှစ်စဥ်ခရီးသွားတစ်သောင်းခန့်လာရောက်လည်ပတ်ကြပါတယ်။လနှင့်ခပ်ဆင်ဆင်လည်ပတ်ရာနေရာတစ်ခုပဲဖြစိပါတယ်။ World’s Longest’ Pizza ယခုအခါမှာတော့ကမ္ဘ့ာအကြီးဆုံးပီဇာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒါကိုအီတလီလူမျိုးများဖန်တီးမှုဟုသင်ထင်ပါလိမ့်မယ်မဟုတ်ပါဘူးသူတို့ကြိုးစားခဲ့ပါတယ်။အရှည်ဆုံးပီဇာကတော့ကယ်လီဖိုးနီးယားfontana(ဖန်တန်နာ)မြို့မှာပြုလုပ်ခဲ့သောပီဇာဖြစ်ပါတယ်။အလျားမှာ6863.5ပေသို့မဟုတ်2092မီတာဖြစ်ကာ မန်ဟက်တန်ကမ်းခြေအလျားနဲ့တူတူပါပဲစာဖိုးမှုးဒါဇင်များစွာဟာ12နာရီကျော်ကြာအောင်ပြုလုပ်ခဲ့ကြရပါတယ်။စံချိန်ချိုးနိုင်ရေးအတွက်ဂျုံကားငါးစီးခရမ်းချဥ်သီးဆော့စ်5511.5ပေါင်သို့မဟုတ်2500ကီလိုဂရမ်နဲ့ချိစ်3748ပေါင်သို့မဟုတ်1700ကီလိုဂရမ်အသုံးပြုခဲ့ရပါတယ်။နည်းလမ်းကိုသာအဓိကထားကာစာဖိုးမှုးတွေဟာအရသာပေါ်အာရုံမထားခဲ့ပါဘူး။မည်သို့ပင်ဖြစ်စေပီဇာကိုလိုအပ်သူများအားလှူဒါန်းခဲ့ပါတယ်။ပြိုင်ပွဲဝင်များဟာပီဇာအကျန်များကိုလွှင့်ပစ်ခွင့်မရှိပါဘူး။ ကမ္ဘာ့အကြီးဆုံးဂျင်းဘောင်းဘီ သင်ပီဇာကြီးကိုစားပြီးပြီဆိုလျှင်တော့ဂျင်းဘောင်းဘီကြီးတွေဆီသွားကြပါစို့ကမ္ဘာ့အကြီးဆုံးဂျင်းဘောင်းဘီကတော့ပီရူးမှာရှိပါတယ်။ခါးဆိုဒ်138ပေသို့မဟုတ်42မီတာရှိပြီးအရှည်231ပေသို့မဟုတ်65မီတာရှိကာ22ထပ်အမြင့်ရှိဂျင်းဘောင်းဘီကြီးကိုချုပ်လုပ်ရန်စက်ချုပ်သမများဟာပိတ်စပေါင်း28215ပေသို့မဟုတ်8600မီတာအသုံးပြုခဲ့ကြပါတယ်။လူအယောက်ငါးဆယ်လောက်ဟာခြောက်လအတွင်းဂျင်းဘောင်းဘီကြီးကိုချုပ်လုပ်ခဲ့ကြပါတယ်။သူတို့လုပ်စရာမရှိလို့လို့သင်ထင်ပါသလား။ဂျင်းဘောင်းဘီကြီးဟာစံချိန်တင်မှတ်တမ်းတစ်ခုသာမကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်။နောက်ပိုင်း၌တာဝန်ရှိသူများဟာဂျင်းဘောင်းဘီကြီးကိုဖြတ်ညှပ်ကပ်လုပ်ကာသဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေသောပလတ်စတစ်အစားထိုးစျေးဝယ်သုံးဂျင်းအိတ်များချုပ်ခဲ့ကြပါတယ်။ Giant Teddy Bears သင်ကလေးဘဝတုန်းကဝက်ဝံရုပ်အကြီးကြီးလိုချင်ခဲ့ပါလိမ့်မယ်ဘယ်လောက်အကြီးကြီးလိုချင်ခဲ့ပါသလဲ။သင့်အားနောက်စံချိန်တင်မှတ်တမ်းတစ်ခုပေးရမယ်ဆိုလျှင်လက်ဆောင်တစ်ခုမဟုတ်ဘဲကလေးဘဝစိတ်ဒဏ်ရာတစ်ခုပဲဖြစ်ပါတယ်။4တန်လေးသောHonita(ဟိုနီတာ)ဟာကမ္ဘာမှာအကြီးဆုံးဝက်ဝံရုပ်ဖြစ်ပါတယ်။အလျားဟာ65ပေသို့မဟုတ်20မီတာရှည်ပါတယ်။မက္ကဆီကန်လုပ်သားများဟာဝက်ဝံရုပ်လေးကိုခရီးသွားများကိုဆွဲဆောင်ရန်နှင့်ဂင်းနစ်မှတ်တမ်းတင်နိုင်ရန်သုံးလကြာချုပ်လုပိခဲ့ကြပါတယ်။စကားမစပ်သူတို့အောင်မြင်ခဲ့ပါတယ်သင်ဟာဝက်ဝုံရုပ်ကြီးကိုအပြင်မှာမြင်ဖူးချင်ပါကမက္ကဆီကန်မြို့တော်Xonacatlan(ဇော်နာကတ်တလန်)ကိုသွားရောက်လည်ပတ်သင့်ပါတယ်။ဟိုနီတာဝက်ဝံရုပ်လေးကသင့်ကိုကြိုဆိုနေမှာပါ။နောက်ကျလျှင်ရောကလေးသရဲရုပ်များကဲ့သို့အိမ်မက်ဆိုးများအဖြစ်သင့်ဆီရောက်မလာစေဖို့မျော်လင့်ပါတယ်။ ရေသနတ် ယောက်ျားလေးများအတွက်လည်းကစားစရာအရုပ်ကြီးများရှိပါတယ်။နာဆာအင်ဂျီနီယာဟောင်းမာ့ခ်ရောဘတ်ဟာကမ္ဘာ့အကြီးဆုံးနဲ့အကောင်းဆုံးSuperSoaker(စူပါစုပ်ကာ)ရေသနတ်ကိုဖန်တီးခဲ့ပါတယ်။အရှည်ဟာ7ပေသို့မဟုတ်2.1မီတာဖြစ်ကာဒီအရုပ်ဟာအလွန်ကြီးမားပြီးအန္တာရယ်အလွန်များပါတယ်။ရေသေနတ်မှာနိုက်ထဂျင်ဗူးများထည့်သွင့်ထားသလို၎င်းဟာရေပြွတ်အားအလွန်မြန်သောအရှိန်နှုန်းတစ်နာရီ272မိုင်သို့မဟုတ်437kmပန်းထွက်နိုင်ရန်ကူညီပေးပါတယ်။ထိုရေပြွတ်ဖြင့်လူကိုပစ်လိုက်ပါကဒဏ်ရာအကြီးအကျယ်ရနိုင်ပြီးဒီတော့မာ့ခ်ဟာဒီရေပြွတ်နဲ့ဘာတွေလုပ်ပါသလဲ။ဥပမာရေရဲ့အကူအညီနဲ့အသားချောင်းငှက်ပျော်သီးဖရဲသီးကိုလာဘူးတွေကိုဖွင့်နိုင်ပါတယ်။အရမ်းအဆင်ပြေတယ်မဟုတ်လား။ ကမ္ဘာ့အကြီးဆုံးလူလုပ်စက်ရုပ်ကား ဒီရေပြွတ်ကဂင်းနစ်မှတ်တမ်းစာအုပ်ထဲရောက်ရန်တကယ်ထိုက်တန်ပါတယ်။အရေးကြီးဆုံးကတော့နောက်စံချိန်တင်သူMononofu(မိုနိုနိုဖု)လက်ထဲဒီရေပြွတ်မရောက်စေဖို့ပါပဲ။နာမည်မှာဂျပန်ဘာသာစကားဖြစ်ပြီးဆာမူရိုင်းစစ်သားဟုအဓိပ္ပါယ်ရပါတယ်။သူ့ဟာကမ္ဘာ့အကြီးဆုံးလူလုပ်စက်ရုပ်ကားဖြစ်ကာဒီထရန်စဖော်မာစက်ရုပ်အရွယ်အစားကတော်တော်ကြီးပါတယ်။အမြင့်28ပေသို့မဟုတ်8.46မီတာဖြစ်ပြီးမြင့်လွန်းသဖြင့်တည်ဆောက်သူများဟာစက်ရုံအပြင်ကိုမထုတ်နိုင်ကြတော့ပါဘူး။ဆာမူရိုင်းဟာအလေးချိန်7တန်ခန့်ရှိပါတယ်ဖန်တီးသူတွေဟာမိုနိုနိုဖုအားခြောက်နှစ်ကြာအောင်တည်ဆောက်ခဲ့ရကာအကျိုးအားဖြင့်ကလေးဘဝတွင်ကြိုက်နှစ်သက်ခဲ့သောMobileGundamWarriorနှင့်တူသည့်မိုနိုနိုဖုဟာစံချိန်တင်နိုင်ခဲ့ပါတယ်။ထရန်စဖော်မာဟာခြေလက်များလှုပ်ရှားနိုင်ပြီးခန္ဓာကိုယ်လည်းလှည့်နိုင်ပါတယ်။တစ်နာရီ0.62မိုင်သို့မဟုတ်တစ်ကီလိုမီတာနဲ့လည်းလမ်းလျှောက်နိုင်ပါတယ်။ဒါ့အပြင်သူ့မှာဘောလုံးများထည့်သွင်းပစ်နိုင်သောလက်ကိုင်သေနတ်တစ်ခုလည်းပါပါတယ်။စက်ရုပ်တိုက်ပွဲများမဖြစ်လာဖို့ကျွန်တော်တို့မျော်လင့်ပြီးထိုသို့ဖြစ်ခဲ့မယ်ဆိုပါကမိုနိုနိုဖုကိုမှောင်မှောင်မဲမဲလမ်းထဲတွေ့ရသည်မှာအလွန်လန့်စရာကောင်းပါလိမ့်မယ့်။ အိုလံပီယာကမ္ဘာ့အကြီးဆုံးနှင်းလူသားရုပ် ကံကောင်းစွာဖြင့်လူလုပ်ဖန်တီးမှုအကြီးစားအကုန်လုံးဟာကြောက်စရာမကောင်းပါဘူး။အိုလံပီယာကမ္ဘာ့အကြီးဆုံးနှင်းလူသားရုပ်ကိုတစ်ချကိကြည့်ကြည့်ပါ။ဒီနှင်းလူသားကြီးဟာ121ပေသို့မဟုတ်37မီတာမြင့်ပါတယ်။နှင်းတန်ပေါင်း6000နဲ့တည်ဆောက်ခဲ့ရပြီးကံကောင်းတဲ့အချက်ကတော့Maine(မိန်း)ပြည်နယ်ဟာနှင်းပေါများပါတယ်။အိုလံပီယာကို2008ခုနှစ်ကဖန်တီးခဲ့ပြီးမနေ့ကမှအရည်ပျော်ကျသွားပါတယ်။ဟာသပြောတာပါဟုတ်ပါတယ်နှင်းလူသားရုပ်ဟာ2008ဂျူလိုင်မှာအရည်ပျော်ခဲ့ပါတယ်။ပြန်လည်သုံးသပ်ကြည့်ပါကနှင်းလူသားရုပ်ဟာခြောက်လခံခဲ့ကာနှင်းလူသားရဲ့အစိတ်အပိုင်းများလည်းစံချိန်ချိုးခဲ့ကြပါတယ်။အိုလံပီယာရဲ့နှုတ်ခမ်းတွေကိုတာယာများအားဆေးသုတ်ဖန်တီးထားခြင်းဖြစ်ပြီးလက်တွေကိုတော့ကနေဒီယန်ထင်ရှုးပင်တစ်မျိုးနှင့်မျက်တောင်များကိုတော့နှင်းလျောစီးဖိနပ်16စုံတို့ဖြင့်ပြုလုပ်ထားပါတယ်။131ပေသို့မဟုတ်မီတာ40ရှည်လျားသောသိုးမွှေးမာဖလာကိုလည်းနှင်းလူသားအတွက်ထိုးခဲ့ကြပါတယ်။ထို့နောက်လက်ဝှေ့အိတ်ငယ်လောက်လေးသောနှင်းလွှာပြားဆွဲသီးလည်းပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးပိုက်ဆံ ကမ္ဘာပေါ်၌နှင်းလူသားထက်ကြာရှည်ခံသောအရာများစွာရှိပါတယ်။ကမ္ဘာ့အကြီးဆုံးပိုက်ဆံကိုကြည့်ကြည့်ပါသင့်ပိုက်ဆံအိတ်ထဲမှထွက်မကျနိုင်သလိုရေလဲမစိုပြဲလည်းမပြဲနိုင်ပါဘူး။ရိုင်းကျောက်တုံးများဟာမိုက်ခရိုနီးရှားရက်ပ်(Yap)ကျွန်းပေါ်၌အသုံးပြုသောကမ္ဘာ့အကြီးဆုံးပိုက်ဆံများပဲဖြစ်ပါတယ်။သူတို့ဟာအထဲမှာအပေါက်ပါသောသာမန်ကျောက်စရစ်ခဲမဟုတ်ဘဲထုံးကျောက်ဖြင့်ပြုလုပ်ထားသောအမှန်တကယ်အသုံးပြုနိုင်သည့်ပိုက်ဆံများဖြစ်ပါတယ်။ဒဂ်ါးပြားတိုင်းမှာသမိုင်းကြောင်းကိုယ်စိရှိကြပါကာဥပမာတစ်ဦးတစ်ယောက်ဟာပိုက်ဆံကိုသယ်ဆောင်ရာတွင်ဒဏ်ရာရရှိခဲ့လျှင်ကျောက်တုံးရဲ့တန်ဖိုးဟာတိုးလာမှာဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရနိုင်ချေဟာလည်းတော်တော်လေးများသလိုကျောက်တုံးကြီးဟာအရွယ်ရောက်ပြီးသားဆင်တစ်ကောင်ခန့်လေးပြီးအချင်းမှာ10ပေသို့မဟုတ်3မီတာရှိပါတယ်။ဒီမျှလေးသောပိုက်ဆံအားခိုးရန်မဖြစ်နိုင်ပါဘူး။အရွယ်အစားအပြင်ကျောက်တုံးကြီးတစ်ခုတိုင်းဆီ၌ကျွန်း၏သမိုင်း၌မှတ်တမ်းတင်ထားသောတရားဝင်ပိုင်ရှင်တစ်ဦးစီရှိပါတယ်။ရက်ပ်ကျွန်းဒေသခံများဟာကျောက်တုံးများကိုထိန်းသိမ်းစောင့်ရှောက်ပါတယ်။သို့သော်သူတို့နဲ့အတူသယ်သွားခဲပါတယ်သူတို့ဟာကျောက်တုံးများကိုမဂ်လာဆောင်အတွက်လက်ဖွဲ့ပေးတာမျိုးသို့မဟုတ်အစားအသောက်နဲ့လဲလှယ်တာမျိုးလုပ်လေ့ရှိကြပါတယ်။ငွေစက္ကူထည့်ထားသော စာအိတ်ထက်ပိုပြီးအထာကျပါတယ်ဟုတ်ပါတယ်မလား။ယနေ့ ရက်ပ်ကျွန်းရဲ့ အဓိကငွေကြေးစနစ်မှာအမေရိကန်ဒေါ်လာဖြစ်ပါတယ်။သို့သော်တိုင်းရင်းသားများကတော့အရေးပါသောပွဲများ၌ရိုင်းကျောက်တုံးများကိုသုံးနေဆဲဖစ်ပါတယ်။ဒီကြီးမားသောအရာများထဲမှဘယ်ဟာကသင့်ကိုအံအားသင့်စေခဲ့သလဲဆိုတာကွန်မန့်မှာရေးသွားပေးပါအုံး စံချိန်သစ်တင်ရန်အတွက် အကြံကောင်းများရှိပါကလည်းပြောသွားပါအုံးကျွန်တော်တို့ကိုpageကို Like နဲ့ Shareလုပ်ဖို့လဲမမေ့ပါနဲ့နော်စိတ်ဝင်စားစရာတွေနဲ့ပြန်လာခဲ့ပါ့မယ်။

Continue Reading

10မိနစ်အတွင်းကမ္ဘာကြီးရဲ့သမိုင်းကြောင်း

ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာ အရင်က သက်ရှိသတ္တဝါတွေ ဘယ်လိုမျိုးနေထိုင်ခဲ့လဲဆိုတာကို သာမန်လူတစ်ယောက်အနေနဲ့ တွေးကြည့်ရင် ခက်ကောင်းခက်နိုင်ပါလိမ့်မယ်။ကိုယ့်ကိုယ်ကို အရင်ခေတ်ကစစ်သားတစ်ယောက်အနေနဲ့ တွေးမိဖူးရင်တော့ သမိုင်းဝင်ရုပ်ရှင်တွေ TV ရှိုး ကျောင်းတုန်းကသင်ခဲ့ရတဲ့ သမိုင်းစာအုပ်တွေကိုတော့ ကျေးဇူးတင်ဖို့လိုပါပြီဒါပေမယ့် ကမ္ဘာပေါ်မှာ သက်ရှိလူသားတွေ မရှိသေးတဲ့အချိန်ကရော ? ဒါမှမဟုတ် ဟောလိဝုဒ်က ဘယ်မှာရှိမှန်းတောင်မသိကြတဲ့ ကမ္ဘာဦးလူသားတွေ ရှိနေရင်ကြရင်ရော ?သိပ္ပံပညာရှင်တွေက အချိန်ခရီးသွားစက်ကို မတီထွင်ရသေးဘူးဆိုတော့ ကမ္ဘာဂြိုဟ်ရဲ့ သမိုင်းကြောင်းကို ဒီစာစုကနေဖတ် ကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဘေးမှာ ဓာတ်ငွေ့နဲ့ ဖုန်ပတ်ပတ်လည် ဝိုင်းနေတဲ့ Proto နေက စကြဝဠာထဲမှာ လှလှပပတည်ရှိနေရာကနေ လွန့်ခဲ့တဲ့ လေး ဘီလီယံ သန်း ၅၄၀ နှစ်မှာ ကမ္ဘာဂြိုဟ်ဟာ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့တုန်းကတော့ သက်ရှိတွေနေထိုင်ကျက်စားဖို့ မလွယ်ကူသေးသလိုပုံမှန်မြင်နေကြ ပင်လယ်တွေဟာ ချော်ရည်တွေအနေနဲ့ပြည့်နှက်နေပြီး ရေဒီယိုသတ္တုကြွတွေဟာလည်း […]

Continue Reading

တစ်မူအထူးခြားဆုံးနဲ့အံ့အားသင့်စရာအကောင်းဆုံးလက်နက်များ

လက်နက်ဆိုတဲ့ စကားလုံးကို စကြားတာနဲ့ အရင်ဆုံး ဘာကိုတွေးမိတာလဲ? M16 သေနတ်လား ဒါမှမဟုတ် အာဖရိကနိုင်ငံရဲ့ အလံတွေရဲ့ သင်္ကတေမှာ တွေ့ရတတ်တဲ့ Russian AK47သေနတ်လား? ဒါမှမဟုတ် ဂန္တဝင်မြောက်တဲ့ Smith & Wesson Revolver သေနတ်လား? ဒါပေမယ့် လက်နက်တွေကို နည်းပညာအသုံးပြုပြီးတော့ သာမန်သေနတ်ပစ်တာထက် ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းလမ်းနဲ့ အသုံးပြုလို့ရတယ်လို့ ကျွန်တော်တို့ ပြောပြပေးသွားမှာဖြစ်ပါတယ်  အသံကို လက်နက်အဖြစ် အသုံးပြုမယ်ဆိုရင်ရော? အဆင့်မြင့် နည်းပညာဟာ အခုခေတ်မှာ အဆမတန် ခေတ်ရှေ့ပြေးနေတဲ့အတွက် တကယ့် လေဆာသေနတ်တွေတောင် တကယ်ရှိနေနိုင်ပါတယ် ကမ္ဘာပေါ်မှာရှိတဲ့ တစ်မူအထူးခြားဆုံး အံ့အားသင့်စရာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး လက်နက်တွေ အကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းထားတဲ့အတွက်ကြောင့် ကျွန်တော်ကတော့ အခုမေးခွန်းအတွက် အဖြေကိုသိပြီးသားပဲဖြစ်ပါတယ် […]

Continue Reading

ကြီးမားတဲ့ဖောက်ထွင်းခိုးယူမှု့များ

အားလုံးပဲမင်္ဂလာပါရှင် ကြီးမားတဲ့ဖောက်ထွင်းမှုတွေကို ပြုလုပ်ဖို့အသင့်ဖြစ်နေတဲ့ ဓားပြတွေဟာ ရူးမိုက်တဲ့ဇာတ်လမ်းတွေကိုအကောင်ထည်ပေါ်အောင်လုပ်နိုင်စွမ်းရှိကြပါတယ်။ဘရားဇီးလူမျိုးဖောက်ထွင်းရေးသမားတွေဟာ ဘဏ်တစ်ခုအနီးက အိမ်တစ်လုံးကို ငှားရမ်းခဲ့ပြီး ဘဏ်ရဲ့မြေအောက်ခန်းဆီသွားတဲ့ မီတာ ရှစ်ဆယ်ရှည်တဲ့ လိုဏ်ခေါင်းတစ်ခုကို ဖောက်လုပ်ခဲ့တာပါ။လိုဏ်ခေါင်းကို သစ်သားတွေနဲ့ထောက်ကန်ထားပြီး ပလတ်စတစ်နဲ့ဖုံးထားပါတယ်။အဲ့ဒီမှာ လျှပ်စစ်မီးတောင်ရှိနေတာပါ။သက်တောင့်သက်သာ ခိုးယူခြင်းဆိုတာ ဒါပါပဲ။ရဲတွေမြင်နိုင်တဲ့နေရာမှာရှိတဲ့ မြေအောက်လုပ်ငန်းက သုံးလကြာမြင့်ခဲ့တယ်လေ။ရလဒ်အနေနဲ့ ဓားပြတွေဟာ တန်ချိန် ၃.၅ တန်ရှိတဲ့ ပိုက်ဆံတွေကို ခိုးယူနိုင်ခဲ့တာပါ။ဆွီဒင်ကရာဇဝတ်သားတွေကတော့ ဟောလိဝုဒ်စတိုင် ဓားပြတိုက်မှုတစ်ခုကို စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။သူတို့က ဘဏ်တစ်ခုရဲ့အမိုးပေါ်ကို ဟယ်လီကော်ပတာနဲ့ဆင်းသက်ခဲ့တာပါ။ ပြတင်းပေါက်ကိုဖောက်ထွင်းပြီး ဒေါ်လာငါးသန်းယူဆောင်သွားခဲ့ပါတယ်။အထင်ကြီးလောက်စရာပဲမဟုတ်လား။ဒီနေ့မှာတော့ ကျွန်မတို့က အခိုးခံခဲ့ရတဲ့ တကယ်ကြီးမားတဲ့အရာတွေအကြောင်း ပြောပြပေးသွားပါမယ်။တင့်ကားတွေ ဆယ်တန်လောက်လေးတဲ့တံတား နဲ့ ကမ်းခြေလိုအရာတောင်ပါဝင်ပါတယ်။ ပင်လယ်ဓားပြတွေရဲ့ခေတ်က ကုန်သွားပြီလို့ သင်ထားပါသလား။ကံမကောင်းစွာနဲ့ ယနေ့ခေတ်မှာလည်း သင်္ဘောတွေအခိုးခံနေရဆဲပါပဲ။ဆီအများကြီးသယ်ဆောင်လာတဲ့သင်္ဘောတစ်စင်းကို ခိုးယူဖို့ ငါးဖမ်းလှေလေးပေါ်က သေနတ်ကိုင်ဆောင်ထားတဲ့လူအနည်းငယ်နဲ့လုံလောက်ပါတယ်။ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဒီလိုပစ္စည်းတွေခိုးယူရာမှာစံချိန်တင်ထားတဲ့သူတွေကတော့ ဆိုမာလီဓားပြတွေပဲဖြစ်ပါတယ်။သူတို့တွေက အဖွဲ့လိုက်ပေါင်းပြီး သင်္ဘောတော်တော်များများကို မောင်ပိုင်စီးနေခဲ့ကြတာလေ။ရုရှား၊ဂျပန် ရေနံတင်သင်္ဘောတွေ၊ အပျော်စီးသင်္ဘောတွေ၊ […]

Continue Reading

ထူးထူးဆန်းဆန်းနယ်စည်းခြားထားပုံများ

အားလုံးပဲ မဂ်လာပါရှင်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား နယ်စပ်ကို ပရိတ်သတ်ကြီးဘယ်လို ပုံဖော်ကြည့်ဖူးလဲ။ သံဆူးကာ ခြံစည်းရိုးတွေ လုံခြုံရေးတွေနဲ့ အစောင့်ခွေးတွေနဲ့တော့ ကာကွယ်ထားကြမှာပါ။ နိုင်ငံ အချင်းချင်း ကူးသန်းသွားလာမယ်ဆိုရင်တော့ passport ရှိရမှာဖြစ်ပြီး မဟုတ်ရင်တော့ နိုင်ငံထဲ ဝင်လို့မရပါဘူး။ ဒါပေမယ့် နယ်စပ်တိုင်းမှာ ဒီလိုပုံစံနဲ့ပဲ ကာကွယ်ထားတာ မဟုတ်ပါဘူး။ ထူးဆန်းတဲ့ နည်းလမ်းတွေ နဲ့ စည်းခြားကာကွယ်ထားတဲ့နိုင်ငံတွေလည်းရှိပါတယ်။ ဒီနေ့မှာတော့ ထူးထူးဆန်းဆန်းနယ်စည်းခြားထားပုံတွေကို ပြောပြပေးသွားမှာမို့ ကျွန်မတို့ကြည့်လိုက်ကြရအောင်နော်။  ဘယ်ဂျီယံနဲ့ နယ်သာလန် ဘယ်ဂျီယံနိုင်ငံရဲ့ပိုင်နက် ဘာလာဟားတော့ခ် မြို့ငယ်လေးဟာ ကမ္ဘာ အံဖွယ်ထဲမှာ  ပါဝင်တယ်လို့ဆိုရမှာပါ။ ဂီဇာပိရမစ်တွေလောက် မထူးဆန်းပေမယ့်လည်း သူ့မှာလည်း သူ့ဆွဲဆောင်မှုနဲ့သူရှိပါတယိ။ အကြောင်းရင်းကတော့ ဘယ်ဂျီယံနဲ့ နယ်သာလန်ရဲ့ နယ်စပ်ဟာ တော်တော်လေး ရှည်လျားလို့ပါ။ ဘယ်ဂျီယံ မြို့ရဲ့တစ်ချို့အပိုင်းတွေက ဘယ်ဂျီယံ နယ်စပ်ကနေ ၅ […]

Continue Reading

တကယ်မရှိဖူးလို့ထင်ရလောက်တဲ့ထူးခြားဆန်းကြယ်တဲ့ နေရာ(၁၀)နေရာ

အင်တာနက်ပေါ်ကနေသွားရောက်လည်ပတ်ဖို့အရမ်းမိုက်တဲ့နေရာတွေကိုရှာဖွေထားပြီးကမ္ဘာပေါ်မှာလုံးဝမရှိလောက်ဖူးလို့ထင်မှတ်လောက်တဲ့ရူးမိုက်ချင်စရာကောင်းလောက်တဲ့နေရာတွေကိုတွေ့ရှိထားပါတယ်။ ဒီနေ့ဗီဒီယိုမှာတော့ သင်တို့ တကယ်မရှိဖူးလို့ ထင်ရလောက်တဲ့ ထူးခြားဆန်းကြယ်တဲ့ နေရာ (၁၀) နေရာကိုတင်ဆက်သွားမှာဖြစ်ပါတယ်အနာဂတ်မှာသင်တို့ဒီနေရာတွေထဲကဘယ်နေရာကိုသွားချင်ပါသလဲ။ 10. ကျောက်တုံးကျွန်း ဒါကတော့အံ့သြစရာဒါမှမဟုတ်စိတ်မချရတဲ့နေရာလားဆိုတာသေချာမသိပါဘူး။သင်ကိုယ်ပိုင်ကျွန်းသေးသေးလေးမှာနေတယ်လို့တွေးကြည့်လိုက်ရင်တော့ကမ်းခြေမရှိတဲ့အကြောင်းကိုထွေထွေထူးထူးပြောမှာမဟုတ်ပါဘူး။ ဒီအိမ်က လုံးဝကို တမူထူးခြားပြီးတော့ လုံးဝကို ကျယ်ပြန့်လှတဲ့ မြင်ကွင်းတွေကို တွေ့မြင်နိုင်ပါတယ်။နောက်ပြီးတစ်ယောက်ယောက်ကသင့်ရဲ့စာတိုက်ပုံးထဲကိုစာလာထည့်ဖို့ ခက်ခဲပါလိမ့်မယ်။ပရိတ်သတ်တို့ရောဒီမှာနေချင်ပါသလား။ပရိတ်သတ်တို့ဒီနေရာကအမှန်တကယ်ရှိတယ်ဆိုရင်လက်ထောင်ပေးပါ။တကယ့်ကျောက်တုံးကြီးကအံ့သြစရာကောင်းလောက်တဲ့မြင်ကွင်းတစ်ခုအဖြစ်တည်ရှိနေဆဲပါပဲ။အဲ့ဒီကျောက်တုံးကိုထိုင်းနိုင်ငံဖန်လောင်းဘေမှာတွေ့ရှိခဲ့ပါတယ်။တစ်ယောက်ယောက်ကဒီကျောက်တုံးရဲ့အမြင့်ဆုံးပေါ်မှာအိမ်ဆောက်မယ်ဆိုရင်ပရိသတ်တို့ ဘယ်လိုမြင်ပါသလဲ။ သင်သေချာပေါက်ကို ဒီမှာနေရင် သတ္တိရှိဖို့ လိုပါတယ်။ 9. ဒါလို ဒါကတော့ကမ္ဘာပေါ်မှာအပူဆုံးနေရာလို့ထင်ရပါတယ်။လုံးဝကိုထူးခြားဆန်းကြယ်တဲ့မြင်ကွင်းကျယ်ပါပဲ။ ဒီနေရာက ဓာတ်ပုံပညာနဲ့ ဖြတ်ညှပ်ကပ်မလုပ်ထားဘဲ တကယ့်နေရာအစစ်ဆိုတာ သင်ယုံပါသလား။ ဒါလိုကအီသီယိုးပီးယားနိုင်ငံအပေါ်ပိုင်းမှာရှိတဲ့မီးသွေးတုံးထုချွန်ပုံသဏ္ဍာန်မီးတောင်တစ်ခုဖြစ်ပါတယ်။ဒါလိုကပင်လယ်ရေမျက်နှာပြင်အောက်၃၂၈ပေရှိပါတယ်။အပူရှိန်ရှိတဲ့အက်စစ်တွေပြန့်နှံ့နေပြီးဆားဆာလ်ဖာအိုင်းရွန်းအောက်ဆိုဒ်နဲ့အခြားဓာတ်သတ္တုတွေနဲ့ပြည့်နှက်နေပါတယ်။အဲ့ဒီလိုပေါင်းစပ်ထားတာကြောင့် မီးတောင်ပေါ်မှာတောက်ပတဲ့အရောင်တွေအားလုံး တည်ရှိနေတာပါ။ သင်က ဒီကမ္ဘာကြီးရဲ့ ထူးဆန်းတဲ့ ဒီနေရာကို လာရောက် လည်ပတ်ဖို့ သတ္တိရှိတယ်ဆိုရင် ပုံမှန်ပျမ်းမျှ အပူချိန်ကတော့ ၉၅ ဒီဂရီဖာရင်ဟိုက်ရှိပြီးလေထဲကပူပြင်းလှတဲ့အက်စစ်တွေမပြန့်စေဖို့ရေပူစမ်းတွေကိုသတိထားရပါလိမ့်မယ်။ဒီနေရာမှာမီးတောင်ငယ်လေးတွေချိတ်ဆက်ပြီးပြန့်ကျဲလျက်ရှိပါတယ်။တခါတလေတချို့နေရာတွေကမီးလောင်နေသလို မြင်တွေ့ရပါတယ်။ ဒီနေရာက တကယ့်ကို တခြား ကမ္ဘာတစ်ခုလိုပါပဲ။ 8. သွေးကြောင်းစီးနေတဲ့ ရေခဲမြစ် […]

Continue Reading
p

ပြာပုံထဲမှတဖန်ပြန်လည်ရှင်သန်လာတဲ့ဖီးနစ်ငှက်

ဖီးနစ်ငှက်တွေဟာဆိုရင် ယဥ်ကျေးမှုစတင်ကတည်းက လူတို့ရဲ့ချီးမွမ်းခြင်းကို ခံခဲ့ရပါတယ်။ ဒီလို ခမ်းနားတဲ့ တိရိစ္ဆာန်ကို ပါးရှား၊ အီဂျစ်၊ ဂရက်ကို ရိုမန်၊ ဂျူး နှင့် အခြားသော ဒဏ္ဍာရီတွေထဲမှာ တွေ့ရတတ်ပါတယ်။ ဖီးနစ်ငှက်ဟာ အနီရောင်နှင့် အဝါရောင် အမွှေးအတောင်ရှိပြီးတော့ ပုံမှန်အားဖြင့် သူ့ကို သားရဲငှက်အနေဖြင့် ပုံဖော်ကြပါတယ်။ ဒါပေမယ့် သူ့ကို မီးလောင်နေတဲ့ ဒေါင်းငှက်အဖြစ်လည်း တွေ့မြင်နိုင်ပါတယ်။ ဒီငှက်ဟာ အလွန် စွမ်းအားကြီးတဲ့ တိရစ္ဆာန်လည်း ဖြစ်သလို သူ့ကို သိန်းငှက်အရွယ်ဖြင့် ပုံဖော်ကြပေမယ့်လည်း ထို သတ္တဝါဟာ ဆင်ကို သူ့ရဲ့လက်သည်းဖြင့် ကုတ်ချီပြီး ပျံတောင် ပျံနိုင်ပါသေးတယ်။ ဒီငှက်သတ္တဝါရဲ့မျက်ရည်ဟာဆိုရင်လည်းပဲ ဒဏ်ရာတွေ ဖျားနာခြင်းတွေကို ကုသနိုင်တဲ့ အစွမ်းရှိသောကြောင့် အခြားသော စွမ်းအားရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြန်ပါတယ်။ ဖီးနစ်ငှက်ဟာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မီးဖြင့်ဖုံးနိုင်ပါသေးတယ် ဒါကြောင့် သူဟာ မီးစွဲနေတဲ့ခန္ဓာကိုယ်နှင့် နေ့လယ်ခေါင်မှာ ပျံသန်းနေရင် အလွန်တောက်ပလွန်းလို့ တစ်ချို့သူတွေက နေလုံးနှင့်တောင် ထင်ယောင်ထင်မှား ဖြစ်ကြရပါတယ်။ ဒါပေမယ့် ဒီတိရစ္ဆာန်ကို ချီးမွမ်းမြှောက်ပင့်ကြတဲ့ အဓိကအကြောင်းတရားဟာ သူ့ရဲ့ မသေနိုင်သောစွမ်းအားကြောင့်ပဲ ဖြစ်ပါတယ်။ ဟက်စီးယက် ပြောကြားချက်အရ ဒီငှက်ဟာ ကျီးကန်းတစ်ကောင်ရဲ့ သက်တမ်းထက် ၉ ဆပိုမိုကြာမြင့်စွာ နေထိုင်နိုင်ပါတယ်။ တခါတရံလဲနှစ်ပေါင်း ၅၀၀ ဝန်းကျင်သက်တမ်းရှိပါတယ်။ ထို့အတူပဲသူတို့သေဆုံးတော့မယ်ဆိုတာကို သတိထားမိလာရင် ဖီးနစ်ငှက်ဟာ သစ်ကြံပိုး၊ ဆေ့ဂျ်ရွက်နှင့် မားရ်မှုန့်တို့ဖြင့် အသိုက်ကို ကိုယ်တိုင်ဆောက်လုပ်ပြီး ကိုယ်တိုင်လောင်ကျွမ်းစေကာ ပြာမှုန့်ပဲ ချန်ရစ်ထားကြပါတယ်။ ထိုနောက် ပြာပုံတွေကတစ်ဆင့် ဖီးနစ်ဟာ အသစ်တဖန်မွေးဖွားလာပါတယ်။ တခါမှာတစ်စုံတစ်ယောက်က ထိုပြာပုံကို ငှက်တစ်ဖန် မမွေးဖွားမှီအချိန်မှာ မားရ်မှုန့်ရဲ့ ဥထဲမှာ နေရာချလိုက်ပြီး ဟီလီအော့ပိုလစ် မြို့ရှိတဲ့ အီဂျစ်ကို သယ်ဆောင်သွားခဲ့ပြီး နေရဲ့ ယဇ်ပလ္လင်ပေါ်မှာ ထားခဲ့ပါတယ် ထိုပြာမှုန့်တွေဟာ သေဆုံးပြီးသားသူရဲ့ အသက်ကို ပြန်လည်ယူဆောင်နိုင်စွမ်းရှိပါတယ်။ ဖီးနစ်ရဲ့ မသေနိုင်တဲ့ ဒဏ္ဍာရီဟာ အလွန်စွမ်းအားကြီးတာကြောင့် ငယ်ရွယ်ပြီး အတ္တကြီးတဲ့ ရိုမန် ဧကရာဇ် အယ်လယ်ဂါဘလက်စ် ဟာ မသေနိုင်တဲ့ဘုရင်ဖြစ်ချင်တာကြောင့် ဖီးနစ်ရဲ့အသားကို စားဖို့ ကြံရွယ်ပါတော့တယ် သူ့ရဲ့ အခြွေအရံတွေဟာ ထိုသတ္တဝါကို ရှာဖွေကြပေမယ့် ဘယ်အရာမှ ရှာမတွေ့ခဲ့ပါဘူး။ လက်ဗလာနှင့် ပြန်လာရမှာကို ရှောင်ကြဉ်ဖို့အတွက်ကြောင့် သူတို့ဟာ ပါရာဒိုက်ငှက်ကို သူတို့ရဲ့ ဧကရာဇ်ကို ဆက်သခဲ့ပါတယ်။ သို့သော်လည်းပဲ ပါရာဒိုက်ငှက်ရဲ့အသားဟာလည်း မသေခြင်းစွမ်းအားကို မပေးနိုင်ခဲ့ပါဘူး။ ထိုအုပ်ချုပ်သူ ဧကရာဇ်ဟာလည်းပဲ ထိုအသားကိုစားပြီး နှစ်နှစ်အကြာမှာ ပရေတိုရီးယန်း အစောင့်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဖီးနစ်ငှက်ရဲ့ ဒဏ္ဍာရီဟာ ကျွန်တော်တို့ရဲ့သမိုင်းရဲ့ တစ်ချို့ ကာလအပိုင်းအခြားတွေမှာ အရေးပါ အရာရောက်မှု အားနည်းခဲ့ကာ သို့ပေမယ့်လည်း ဒဏ္ဍာရီလာငှက်ရဲ့သဘောအရ သူ့ရဲ့ သင်္ကေတဟာ အမြဲတမ်းလိုလို အသစ်တစ်ဖန်စတင်ခြင်း ဖြစ်နေခဲ့ပါတယ်။ ယခု ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝတွေမှာတော့ ဟယ်ရီပေါ်တာရဲ့ The order of the phoenix ရုပ်ရှင်တွေထဲမှာပဲ ဖီးနစ်ငှက်ကို မြင်တွေ့ရပါတယ်။ ဖီးနစ်ဟာ ယခုအချိန်အထိ ကမ္ဘာပေါ်မှာ ပြန်လည်မွေးဖွားခြင်းနှင့် စက်ဝန်းတစ်ခု ပြန်လည်စတင်ခြင်းတို့ရဲ့ သင်္ကေတအဖြစ် တည်ရှိနေဆဲပါ။

Continue Reading