၅နှစ်အတွင်းကန်ဒေါ်လာသန်း၂၀,၀၀၀ကျော်ရခဲ့တဲ့မြန်မာသဘာဝဓာတ်ငွေ့နှင့်ကျောက်စိမ်းရောင်းချမှု

Local News

၅ နှစ်အတွင်း သဘာဝဓာတ်ငွေ့နှင့်ကျောက်စိမ်းရောင်းချမှုမှ ကန်ဒေါ်လာ သန်း ၂၀,၀၀၀ ကျော်ရ

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း တင်ပို့ရောင်းချတာကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀,၀၀၀ ကျော် ရခဲ့ပါတယ်။

ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ သဘာဝဓာတ်ငွေ့ တင်ပို့တာကနေ ဒေါ်လာသန်းပေါင်း ၃,၉၀၀ ကျော်ရခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာတော့ သန်းပေါင်း ၃,၁၀၀ ကျော်ဖြစ်ပြီး ကျန်တဲ့နှစ်တွေမှာတော့ သန်းပေါင်း ၃,၄၀၀ ကျော်၊ ၃,၅၀၀ ကျော်ရခဲ့ပါတယ်။

အဲဒီ ၅ နှစ်မှာ ပြည်ပကို သဘာဝဓာတ်ငွေ့ ဒေါ်လာသန်းပေါင်း ၁၇,၅၀၆ ကျော်ဖိုး တင်ပို့ရောင်းချခဲ့ပါတယ်။

ကျောက်စိမ်းကို ပြည်ပတင်ပို့ရောင်းချတာမှာတော့ ၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၂,၄၉၆ ကျော် ရခဲ့ပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၉၇၀ ကျော်နဲ့ အများဆုံး ရောင်းချနိုင်ခဲ့ပြီး ကျန်တဲ့နှစ်တွေမှာတော့ သန်း ၃၅၀ ကျော်၊ သန်း ၄၀၀ ကျော် တင်ပို့ရောင်းချခဲ့ပါတယ်။

ပြည်တွင်းအခွန်ဝင်ငွေတခုဖြစ်တဲ့ အောင်ဘာလေသိန်းဆုခွန်ဟာလည်း နှစ်စဉ် သိသိသာသာ တိုးလာခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၆၀,၀၀၀ ကျော်ရခဲ့ပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကနေ ၅ နှစ်အတွင်းမှာတော့ အောင်ဘာလေသိန်းဆုခွန်ကနေ ကျပ်သန်းပေါင်း ၄၉၀,၀၀၀ လောက် ရခဲ့တာကို တွေ့ရပါတယ်။

DVB

zawgyi

Leave a Reply