ထိုင်းနိုင်ငံအတွင်းရွှေတြိဂံကလာတဲ့စိတ်ကြွဆေးပြားအများအပြားဖမ်းမိ

ထိုင်းနိုင်ငံအတွင်း ရွှေတြိဂံကလာတဲ့ စိတ်ကြွဆေးပြား အများအပြားဖမ်းမိ ထိုင်းမြန်မာနယ်စပ် ရွှေတြိဂံဒေသကနေ လာတဲ့ မူးယစ်ဆေးဝါးတွေကိုချင်းရိုင်ပြည်နယ်နဲ့ပထုံဌာနပြည်နယ်တွေမှာ ဖမ်းမိခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ စိတ်ကြွဆေးပြားသန်း ၂၀ လောက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို မအေးအေးမာက ပြောပြပေးမှာပါ။ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ Pathumthani ပြည်နယ်အတွင်းကို ကုန်တင်ကားတွေနဲ့ စိတ်ကြွဆေးတွေ သယ်ဆောင်လာပြီး ဂိုထောင်တခုအတွင်းမှာ သိုဝှက်ထားရာ ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၃ ရက်နေ့မှာ စိတ်ကြွဆေးပြား ၈,၀၀၀,၀၀၀ ကို ရှာဖွေ ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ အခုဖမ်းမိခဲ့တဲ့ စိတ်ကြွဆေး ၈,၀၀၀,၀၀၀ ဟာ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး မူးယစ်ဆေးဝါးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေသူ တရုတ်နွယ်ဖွား တစ်ဦးဖြစ်တဲ့ Narai Sae Lee ရဲ့ […]

Continue Reading

စစ်ရေးစမ်းသပ်မှုတွေအရှိန်မြှင့်ရင်တုံ့ပြန်ရလိမ့်မယ်လို့မြောက်ကိုရီးယားကိုဂျိုးဘိုင်ဒင်သတိပေး

စစ်ရေးစမ်းသပ်မှုတွေ အရှိန်မြှင့်ရင် တုံ့ပြန်ရလိမ့်မယ်လို့ မြောက်ကိုရီးယားကို ဂျိုးဘိုင်ဒင် သတိပေး အမေရိကန်မှာ သမ္မတ ဂျိုးဘိုင်ဒင် ရာထူးရယူပြီးနောက် ပထမဆုံး ရန်စမှုအနေနဲ့ မြောက်ကိုရီးယားဟာ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။ ဒီလို ပစ်လွှတ်ခဲ့တဲ့နောက်မှာ မြောက်ကိုရီးယားအနေနဲ့ စစ်ရေးစမ်းသပ်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေမယ်ဆိုရင် အမေရိကန်က တုံ့ပြန်ရလိမ့်မယ်ဆိုပြီး သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။ နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားဟာ သူ့ ရည်မှန်းချက်တွေ ရှေ့တိုးလုပ်ဆောင်ဖို့အတွက် သေချာအကွက်ကျကျ လုပ်ဆောင်နေရာမှာ တင်းမာမှုတွေကို ဖန်တီးဖို့အတွက် လက်နက်စမ်းသပ်မှုတွေ ပြုလုပ်တတ်တဲ့ သမိုင်းကြောင်း ရှိနေတာပါ။ အခု ဂျိုးဘိုင်ဒင်ရဲ့ တုံ့ပြန်ချက်ဟာ သူ အရိုက်အရာ ဆက်ခံခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်နဲ့ ခြားနားကြောင်းကို ပြသလိုက်ရာလည်း ရောက်ပါတယ်။ ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ […]

Continue Reading

အိန္ဒိယကဝယ်ယူလိုက်တဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်

အိန္ဒိယကဝယ်ယူလိုက်တဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အိန္ဒိယကဝယ်ယူလိုက်တဲ့ တပ်မအဆင့် S-400 တာဝေးလေကာစနစ် (၅)စုံစာစျေးနှုန်းကိုရှာကြည့်တော့ အမေရိကန်ဒေါ်လာ (၅.၄)ဘီလီယံနီးပါးအထိတန်ကြေးရှိတာသိရပါတယ်တော်တော်လေးကိုပမာဏများလွန်းတဲ့စျေနှုန်းအဖြစ်သတ်မှတ်နိုင်ပါတယ်ဒါပေမဲ့ ယခုနှစ်ထဲမှာတင် ပထမအသုတ်အဖြစ် S-400 စနစ်တစ်စုံစတင်လွှဲပြောင်းပေးနိုင်ရေးအတွက် ဒေါ်လာသန်း (၈၅၀)တောင်ကြိုပေးခဲ့တယ်ဆိုကတည်းက အိန္ဒိယအနေဖြင့်ဒီပမာဏအမောင့်ရှိတဲ့ငွေကိုလုံးဝဂရုစိုက်ခြင်းမရှိဘူးဆိုတာထင်သာနေပါတယ်S-400 စနစ်ကိုတပ်မအဆင့်လိုက်ဝယ်ယူမှုပုံစံတွေကလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူကြဘူးဆိုတော့ စျေးနှုန်းတွေလည်းကွာခြားသွားနိုင်လောက်ပါတယ်ကိုယ်လိုချင်တဲ့ Concept အရပါဝင်လာမဲ့ Package အလိုက်ဝယ်ယူမှုပုံစံတွေလည်းတူညီမှုရှိကြမှာမဟုတ်တဲ့အတွက်စျေးကိုတော့အတိအကျကြီးထုတ်ပြန်ရေးဟာလွယ်ကူမှာမဟုတ်ပါဘူးWiki လိုဆိုဒ်မျိုးမှာတော့ S-400 တပ်ရင်းတစ်ရင်းစာ Package လိုက်စျေးနှုန်းကို အမေရိကန်ဒေါ်လာသန်း (၃၀၀) ဖြင့်ဖော်ပြထားပေမဲ့ တကယ့်စျေးနှုန်းအစစ်အမှန်အဖြစ်ယူဆမရနိုင်ပါဘူး အဲ့ပမာဏတန်ကြေးထက်များပြားလာယုံပဲရှိပါတယ်Wiki မှာဖော်ပြထားတဲ့အတိုင်းဆိုရင် S-400 တပ်ရင်းတစ်ရင်းမှာပါဝင်တဲ့ Standard package စာရင်းအရ ဒုံးတင်ယာဉ် (၉)စီးပါ Fire units အုပ်နှင့် Command and Support ယာဉ်အုပ်ဆိုပြီးပါဝင်ပါတယ်ဒါပေမဲ့ အဲ့ထက်ပိုနက်နဲပြီး ရှုပ်ထွေးမှုရှိတဲ့ Concept ပုံစံဖြင့် S-400 တာဝေးလေကာစနစ်ကို ရုရှားတွေတည်ဆောက်ထားပါတယ်ဒါ့ကြောင့် […]

Continue Reading

အရပ်သားတွေတိုက်ခိုက်ရေးလက်နက်ကိုင်ဆောင်ခွင့်ပိတ်ပင်ဖို့သမ္မတBidenတိုက်တွန်း

အရပ်သားတွေ တိုက်ခိုက်ရေးလက်နက် ကိုင်ဆောင်ခွင့် ပိတ်ပင်ဖို့ သမ္မတ Biden တိုက်တွန်း ရဲတဦးအပါအဝင် လူ ၁၀ ဦးသေဆုံးစေခဲ့တဲ့ ကော်လိုရာဒိုပြည်နယ် Boulder မြို့ပစ်ခတ်မှုအပြီးမှာပဲ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်က နိုင်ငံတဝှမ်း တိုက်ခိုက်ရေး လက်နက်တွေအပေါ် ပိတ်ပင်ဖို့ အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။“လူတွေရဲ့ အသက်ကို ကယ်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့အဆင့်တွေကို လုပ်ဆောင်ရာမှာ တမိနစ်၊ တနာရီလောက် စောင့်နေဖို့မလိုပါဘူး” လို့သမ္မတ ဘိုင်ဒန်က အိမ်ဖြူကနေ အထက်နဲ့အောက်လွှတ်တော် နှစ်ရပ်စလုံးကို အလျင်အမြန်ဆောင်ရွက်ဖို့အခုလို တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်ရေး လက်နက်တွေနဲ့ကျည်ပိုအများကြီးထည့်သွင်းနိုင်တဲ့ ကျည်ကပ်တွေကို ကျနော်တို့ပိတ်ပင်နိုင်ပါတယ်လို့လည်း သမ္မတက ပြောသွားတာပါ။ သူကိုယ်တိုင် အထက်လွှတ်တော်အမတ်နဲ့အထက်လွှတ်တော်ရဲ့ တရားရေးကော်မတီဥက္ကဌဖြစ်စဉ်ကလည်း အခုလို အလားတူဥပဒေပြုမှုမျိူးလုပ်ဆောင်ခဲ့တာကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။ အဲဒီ ဥပဒေဟာ ၁၉၉၄ မှာ အတည်ပြုနိုင်ခဲ့ပြီး ၁၀ […]

Continue Reading

ရုရှားဗုံးကြဲလေယာဉ် Tu-22 Backfire ပျက်ကျ၊ လိုက်ပါလာသူ ၄ ဦးအနက် ၃ ဦးသေဆုံး

ရုရှားဗုံးကြဲလေယာဉ် Tu-22 Backfire ပျက်ကျ၊ လိုက်ပါလာသူ ၄ ဦးအနက် ၃ ဦးသေဆုံး မနေ့က ရုရှားနိုင်ငံ Kaluga ပြည်နယ်မှာ Tu-22 Backfire ဗုံးကြဲလေယာဉ်ပျက်ကျလို့ လိုက်ပါလာသူ ၃ ဦးစလုံး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လိုက်ပါလာသူ ၄ ဦးမှာ ၁ ဦးတည်းသာ အသက်ရှင်ခဲ့ပြီး ကျန်တဲ့ ၃ ဦးစလုံးဟာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။သေဆုံးခဲ့သူတွေဟာ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချဖို့အတွက် အမြင့်ပေလုံလောက်မှုမရှိတာကြောင့်လို့လည်း သုံးသပ်ထားပါတယ်။ ဗုံးကြဲလေယာဉ်မှာ KT-1M ejection seat တွေကို တပ်ဆင်ထားပေမယ့်လည်းအမြင့်ပေ ၂၀၀ အောက်မှာ တစ်နာရီ မိုင် ၈၀ နှုန်းနဲ့ ပျံသန်းနေတဲ့အချိန်မှသာခုန်ဖို့အတွက် လုံခြုံမှုရှိတာပါ။ Tu-22M3 ဟာ ပုံမှန်ပျံသန်းရမယ့် […]

Continue Reading

ကမ္ဘာလောကကြီးမှာထင်ရှားခဲ့တဲ့ဓါးဆယ်မျိုး

၁၀။ Honjo Masamune(ဟန်ချို မဆန်မူနာ ဓါး) ဂျပန်ရဲ့အကောင်းဆုံး ပန်းဘဲသမားဖြစ်တဲ့ ဂူရူနူ‌ဒေါ့မဆန်မူနာဟာ ဓါးကောင်းများစွာ ပြုလုပ်ခဲ့သူပါ။ဒါပေမဲ့ အများကြီးထဲမှာမှ ဟန်ချို မဆန်မူနာဓါးဟာ နံပါတ်တစ်နေရာကို ယူထားပါတယ်ရှင်။ဒီဒါးကိုတော့ ဂျပန်တပ်မတော်မှ ဗိုလ်ချုပ်ဟန်ဂျိုရှီနာဂါအတွက် ပြုလုပ်ပေးခဲ့တာပါ။ဓါးဟာ အနီးကပ်တိုက်ပွဲတွေမှာ အရမ်းနာမည်ကြီးခဲ့ပါတယ်။ ဂျိုရှီနာဂါတိုက်ပွဲတွေနိုင်ခဲ့သလို သူ့ဓါးကလည်း အထူးထင်ရှားခဲ့တာပါ။ဒါပေမဲ့ ဂျိုရှီနာဂါလည်း နံပါတ်တစ်ရှိုးဂန်းနေရာမှာ ကျရှုံးခဲ့ပြီးနောက်မှာ ဓါးကလည်း ဒုတိယကမ္ဘာစစ်ပြီးတဲ့အထိ ထူးဆန်းစွာပျောက်ဆုံးနေခဲ့တာပါ။ဒါဟာ အမျိုးမျိုးသောထူးခြားမှုတွေရှိနေခဲ့ပြီး ဒီထဲမှာတော့ ဓါးရဲ့အစွန်အဖျားတွေရဲ့ အထူက အက်တမ်အရွယ်အစားလောက်ပဲ ထူပါတယ်။ ဆိုလိုတာက အလွန်ပါးလွန်းတယ်လို့ ပြောတာပါ။အဆိုအရတော့ အလင်းတောင် ကောင်းကောင်းဖောက်ထွင်းနိုင်တယ်လို့ သိရပါတယ်ရှင်။ ပြုလုပ်ထားတဲ့အရည်အသွေးက အလွန်ကောင်းပြီး ဓါးကောင်းတစ်လက်ဖြစ်တာကြောင့် ဖော်ပြပေးလိုက်တာပါ။ ၉။ Curves Saver of San Martin(ကာ့ ဆေဗာ အော့ဖ် ဆန်း မာတင်) […]

Continue Reading

တိုကျိုအိုလံပစ်အားကစားပွဲတွေမှာ ပြည်ပပရိတ်သတ်တွေ လာရောက်ကြည့်ရှုခွင့်ပိတ်မည်

တိုကျိုအိုလံပစ်အားကစားပွဲတွေမှာ ပြည်ပပရိတ်သတ်တွေ လာရောက်ကြည့်ရှုခွင့်ပိတ်မည် ကျင်းပမယ့် ရက် ရွှေ့ဆိုင်းခဲ့ရတဲ့ ၂၀၂၀ အိုလံပစ် အားကစားပွဲတော်တွေကို လာမယ့် ဇူလိုင်လမှာ ကျင်းပချိန်မှာ အားကစား ပရိတ်သတ် အများစုကို လာရောက် ကြည့်ရှုခွင့် ပိတ်ပင်မယ့် အကြောင်း အားကစားပွဲတော် စီစဉ်သူတွေနဲ့ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC တို့က စနေနေ့မှာ ကြေညာလိုက်ပါတယ်။ IOC ၊ အားကစားပွဲ စီစဉ်သူတွေ၊ ဂျပန် အစိုးရ၊ တိုကျို အုပ်ချုပ်ရေး အဖွဲ့နဲ့ နိုင်ငံတကာ မသန်စွမ်း အားကစား ကော်မတီ တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ နွေရာသီ အားကစားပွဲတွေမှာ ပြည်ပက ပရိတ်သတ်တွေကို လာရောက် ကြည့်ရှုခွင့် တားမြစ်မယ့် အကြောင်း တာဝန်ရှိသူတွေက ကြေညာခဲ့တာပါ။ အားကစားပွဲမှာ ပါဝင်မယ့်သူတွေ […]

Continue Reading

အမေရိကန်နဲ့ အိန္ဒိယ မဟာဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

အမေရိကန်နဲ့ အိန္ဒိယ မဟာဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin ရဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော် ခရီးစဉ် အတွင်း နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ကတိပြုခဲ့ကြပါတယ်။ တရုတ်ကို တန်ပြန် ချိန်ညှိထားနိုင်မယ့် ဆောင်ရွက်ချက် အဖြစ် နိုင်ငံတွေကြား မဟာမိတ်ဖွဲ့နိုင်ရေး အမေရိကန်ဘက်က ဆောင်ရွက်နေပြီး တရုတ်ရဲ့ ခိုင်မာလာမှုကို စိုးရိမ်လာတဲ့ အိန္ဒိယဘက်က အမေရိကန်နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်လာတာနဲ့ အတူဘဲ အမေရိကန် သမ္မတ Joe Biden အစိုးရ အဖွဲ့က ထိပ်တန်း အရာရှိ တဦး အိန္ဒိယကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ထောက်လှမ်းရေး […]

Continue Reading

အမေရိကန်နဲ့ တရုတ်တို့ အလက်စကာပြည်နယ်မှာဆွေးနွေးပွဲ

အမေရိကန်နဲ့ တရုတ်တို့ အလက်စကာပြည်နယ်မှာဆွေးနွေးပွဲ။အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့တက်ရောက်တယ်။တရုတ်ဘက်က နိုင်ငံခြားရေးဝန်ကြီး Wang Yiနဲ့ နိုင်ငံခြားရေးကော်မစ်ရှင်ဒါရိုက်တာ Yang Jiechi တို့တက်ရောက်တယ်။အမေရိကန်က Xinjiang ဒေသက Uyghur တွေအပေါ်တရုတ်ရဲ့လုပ်ရပ်တွေအပါအဝင် တကမ္ဘာလုံးမှာ တရုတ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အလွန်ကိုစိုးရိမ်နေကြောင်း ပြောတယ်။ ဟောင်ကောင်နဲ့ ထိုင်ဝမ်အပေါ်လုပ်ရပ်တွေ၊ အမေရိကန်ကိုဆိုက်ဘာတိုက်ခိုက်မှုတွေ၊ မဟာမိတ်တွေကိုစီးပွားရေးအရအကျပ်ကိုင်တဲ့လုပ်ရပ်တွေကို ပြောတယ်။”ကျနော်တို့က ကျနော်တို့လူ၊ ကျနော်တို့သူငယ်ချင်းတွေဘက်က အမြဲရပ်တည်တဲ့မူအတိုင်းသွားမယ်လို့ပြောတယ်။”အစည်းအဝေးမှာသဘောတူညီထားတာက (၂) မိနစ်စာမိန့်ခွန်းစကားပဲပြောရမယ်လို့ သဘောတူညီထားတာ။တရုတ်ဘက်က Yang Yi က လန်ဘားကျောက်တံတားအရည်မရအဖတ်မရတွေကို (၁၅) မိနစ်ကြာ နတ်သံချီဇာတ်သံနှောပြီးပြောတယ်။ အမေရိကန်မှာ ဒီမိုကရေစီအရေးပြဿနာတက်နေတာတဲ့၊ လူနည်းစုတွေကိုအခွင့်အရေးမပေးဘူးတဲ့၊ တရုတ်ပြည်တွင်းရေးကိုဝင်စွက်ဖက်တာကို သည်းမခံဘူးလို့ ခြိမ်းခြောက်တယ်။ဟောင်ကောင်၊ ထိုင်ဝမ်ကိစ္စက သူပိုင်တဲ့နေရာတဲ့ ဝင်မပါနဲ့တဲ့။ဟွာဝေးပိုင်ရှင်သမီးကိစ္စနဲ့ ကနေဒါလူမျိုးနှစ်ယောက်ကို စပိုင်ဆိုပြီးဖမ်းထားတဲ့ကိစ္စကိုထည့်ပြောတယ်။တရုတ်ကအမေရိကန်ကို […]

Continue Reading

ကန်ဝန်ကြီး Blinken မြောက်ကိုရီးယားအရေး တရုတ်ဝန်ကြီးနဲ့ ဆွေးနွေး

ကန်ဝန်ကြီး Blinken မြောက်ကိုရီးယားအရေး တရုတ်ဝန်ကြီးနဲ့ ဆွေးနွေ းအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ကြာသပတေးနေ့က Alaska ပြည်နယ် Anchorage မှာ တွေ့ဆုံခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ဂျွန်လကတည်းက တရုတ်-အမေရိကန် အရာရှိတွေအကြား ပထမအကြိမ် နှစ်ဘက်တွေ့ဆုံမှုဖြစ်ပါတယ်။ “ကျနော်တို့ဟာ မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေး၊ အမေရိကန်ပြည်ထောင်စု နဲ့မဟာမိတ်တွေအပေါ် မြောက်ကိုရီးယားရဲ့ နယ်မြေခြိမ်းခြောက်မှု လျှော့ချရေး၊ စနစ်တကျ ဖိနှိပ်အုပ်ချုပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဆက်တိုက်ဖြစ်နေတဲ့ မြောက်ကိုရီယားအပါအဝင် ကိုရီးယားတွေအားလုံးရဲ့ ဘဝတွေ တိုးတက်ရေး ကို ကတိကဝတ်ပြုခဲ့ကြပါတယ်”ဒီအစည်းအဝေးမတိုင်ခင် Blinken တောင်ကိုရီးယားမှာ ရောက်ရှိနေစဉ်အတွင်း မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် အဆုံးသက်ရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အကျိူးတူ အမြင်မျိူး ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေးကို ယုံကြည်လာစေဖို့ တရုတ်နိုင်ငံဟာ […]

Continue Reading