မြန်မာ့တပ်မတော်ကဒေသတွင်းနိုင်ငံတွေအကြား Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပထမဆုံး အသုံးပြုသူဖြစ်လာဟုဆို

Local Militarily News

မြန်မာ့တပ်မတော်က ဒေသတွင်းနိုင်ငံတွေအကြား Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပထမဆုံး အသုံးပြုသူဖြစ်လာဟုဆို

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Shoiguက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မနေ့ကတွေ့ဆုံဆွေးနွေးအပြီးမှာတော့ Pantsir-S1လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရောင်းချပေးဘို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာ ဗီယက်နမ်က Pantsir-S1နဲ့ပတ်သက်ပြီး သတင်းတစ်ချို့ထွတ်ပေါ်ခဲ့ပေမယ့် မြန်မာ့တပ်မတော်ဟာ ပထမဆုံးအသုံးပြုသူဖြစ်လာတယ်လို့ Myanmar Defense Reviewက ရေးသားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ Tunguska-M1နဲ့ Pantsir-S1တွေကို ပူးတွဲအသုံးပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာတယ်လို့လည်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။ Pantsir-S1တွေဟာဆိုရင် စစ်ရေးနဲ့စက်မှုအုပ်ချုပ်ရေးစနစ်တွေကို တိုက်ခိုက်လာမှုတွေကနေ ကာကွယ်ပေးနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတဲ့ လေကာစနစ်ဖြစ်ပါတယ်။

မြေပြင်ကဝေဟင်ပစ်ဒုံးကျည်၁၂စင်းနဲ့ 57E6 /57E6E 2A38M 30မမ အမြှောက်နှစ်လက်ပါဝင်ပါတယ်။ Pantsir+S1တွေဟာ တစ်ချိန်တည်းမှာ ပစ်မှတ်၁၂ခုကို တစ်မိနစ်အတွင်း ပစ်ခတ်နိုင်ပြီး ပစ်မှတ်၂ခုကိုလည်း တစ်ပြန်နက်တည်း ချိန်ရွယ်ထားနိုင်မှာဖြစ်ပါတယ်။ အတိအကျထုတ် ထုတ်ပြန်ထားခြင်းမရှိပေမယ့် တပ်ဖွဲ့၂ခုကနေ ၄ခုစာအတွက် ဖြစ်နိုင်ပါတယ်။ ဒီလက်နက်စနစ်ရဲ့ ထိရောက်မှုအကွာအဝေးကတော့ အမြင့်ဆိုရင်၈ကီလိုမီတာဖြစ်ပြီး အကွာအဝေးကတော့ ၂၀ကီလိုမီတာဖြစ်ပါတယ်။

တပ်မတော်က ဝယ်ယူမှုတစ်စိပ်တစ်ပိုင်းအနေနဲ့ Pantris-S1တွေအပြင် ရေတပ်သုံး Pantris-SMတွေကိုလည်း ရောင်းချပေးဘွယ်ရှိတယ်လို့ MDRရဲ့ သတင်းရေးသားချက်တွေအရ သိရှိရပါတယ်။

မောင်ဉာဏ်မင်း(ဆားလင်းကြီး)
နိုင်ငံတကာရေးရာသတင်းများ မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi

Leave a Reply