ပြင်ဦးလွင်မြို့နယ်တွင်မြေဧက၂၀၀ အားဒေသခံတောင်သူများကဦးစွာလျှောက်ထားမှုကိုကျော်လွန်၍လုပ်ငန်းရှင်လေးဦးအား နှစ်ရှည်သီးနှံစိုက်ပျိုးရန် နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့သည်ဟုဆိုကာတိုင်တန်းမှုများပြုလုပ်ထား

ပြင်ဦးလွင်မြို့နယ်တွင် မြေဧက ၂၀၀ အား ဒေသခံတောင်သူများက ဦးစွာလျှောက်ထားမှုကိုကျော်လွန်၍ လုပ်ငန်းရှင်လေးဦးအား နှစ်ရှည်သီးနှံစိုက်ပျိုးရန် နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့သည်ဟုဆိုကာ တိုင်တန်းမှုများပြုလုပ်ထား ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေဧက ၂၀၀ အား ဒေသခံတောင်သူများက လုပ်ပိုင်ခွင့် ဦးစွာလျှောက်ထားမှုကို ကျော်လွန်၍ မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်လေးဦးအား နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်းနှင့် အဂတိလိုက်စားမှုများရှိခဲ့သည်ဟုဆိုကာ ဒေသခံ ၄၅ ဦးက လက်မှတ်ထိုး တိုင်ကြားမှုများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအတွင်းက ပြုလုပ်ထားကြောင်း သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်အရှေ့ကျေးရွာ၊ကွင်းအမှတ်(၆၉၂/၇၆၄)ကွင်းရှိ မြေလွတ်၊မြေလပ်အဖြစ် တည်ရှိနေသည့် မြေဧက၂၆၅ ဧကအနက် ဧက၂၀၀ ကို မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးမင်းမင်းသန့်၊ ဦးကျော်ဇေယျ၊ ဦးသန်းလွင်နှင့် ဦးကျော်နိုင်စိုးတို့ လေးဦးကို နှစ်ရှည်ပင်၊ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ပြုမိန့်ကို ၂၀၂၀ […]

Continue Reading

အရှေ့ကိုလျောက်ပါလို့အနောက်ကိုတဲ့မျော်ြကည့်ရင်(ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့တခုလုံး နုတ်ထွက်စာတင်ထား)

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တခုလုံး နုတ်ထွက်စာတင်ထား ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တခုလုံး တိုင်းစစ်ဌာနချုပ်ကနေတစ်ဆင့် နုတ်ထွက်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က စာတင်လိုက်တယ်လို့ BGF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်စစ်ရုံးက တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၅ ရက်နေ့မှာ လာရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း အစည်းအဝေးရှိတယ်လို့ BGF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ပြီးခဲ့တဲ့ အပတ်ကလည်း BGF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစောမိုသို နုတ်ထွက်စာတင်ခဲ့ပါတယ်။ ဗိုလ်မှူးစောမိုသို နုတ်ထွက်တာဟာ ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သတ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူကိုလည်း နုတ်ထွက်ဖို့ ပြောထားတယ်လို့ သိရပါတယ်။ ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာရှိသလို […]

Continue Reading

သကောရဲ့နိုင်ငံရေးလှည့်ကွက်တခုဖြစ်တဲ့(တရုတ်မှNLDအစိုးရအား ပြတ်သားစွာထောက်ခံလိုက်ပြီ)တကွက်ထုပ်ပြ

တရုတ်မှ NLD အစိုးရအား ပြတ်သားစွာ ထောက်ခံလိုက်ပြီ အာဏာရူးများ အတွက် ဤမြေကမ္ဘာတွင် ၎င်းတို့၏တခုတည်းသော မှီတွယ်ရာ ဖြစ်သည့် တရုတ် မှ NLD အစိုးရအနေနှင့် နိုင်ငံကို အဆင်ပြေ ချောမွေ့စွာ အုပ်ချုပ်သွားနိုင်ရေး အတွက် အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့ပြီ ဖြစ်သဖြင့် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားခဲ့ပေသည်။ ထိုစကားကို နေပြည်တော်သို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီမှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု တရုတ် အစိုးရ အာဘော် ပြည်သူ့နေစဉ် သတင်းစာကြီးမှ ၎င်းတို့ နှစ်ဦး တွေ့ဆုံသည့် ဓါတ်ပုံကို မျက်နှာဖုံး သတင်း အဖြစ် ဝင့်ဝင့် ကြွားကြွား […]

Continue Reading

ပြန်ပီးအစွယ်ဖြဲပြလိုက်တဲ့ဗိုလ်မှူးကြီး(ယူနီဖောင်းချွတ်ရန်အစီအစဉ်မရှိသေးဟုဗိုလ်မှူးကြီးစောချစ်သူပြော)

စီးပွားရေးလုပ်မည်ဆိုပါက တပ်မတော်ကနေ နှုတ်ထွက်ရမည်ဖြစ်ကြောင်း တပ်မတော်၏ နှုတ်ထွက်စာ တင်ခိုင်း သည့် အခြေအနေနှင့်ပတ်သက်ပြီး ယူနီဖောင်းချွတ်ရန် အစီအစဉ် မရှိသေးဘူးဟု ကရင်ပြည်နယ် နယ်ခြား စောင့်တပ်(BGF)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက မဇ္ဈိမသို့ ပြောသည်။ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် တပ်နယ် ၄ တပ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်၊ တပ်မှူး တစ်ဦးတို့ကို တပ်မတော်က နှုတ်ထွက် စာ တင်ရန် ပြောထားသည်။ အဆိုပါ နှုတ်ထွက်စာ တင်ခိုင်းသည့် အခြေအနေမှာ ရွှေကုက္ကိုမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်တွင်း ဝေဖန်မှုများ မြင့်လာသည့်အတွက် BGF ပါဝင် ပတ်သက်နေခြင်းကြောင့် စီးပွားရေးလုပ်လိုပါက တပ်မတော်က နှုတ်ထွက်ရန် တပ်မတော်က ပြောလာခြင်းဖြစ်သည်။ ဗိုလ်မှူးကြီးစောချစ်သူက […]

Continue Reading

မုန့်ပေးလိုက်ဒုတ်ပေးလိုက်နဲ့ကြိုးဆွဲဆရာကြီး(တရုတ်နိုင်ငံကမြန်မာအတွက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံး၃သိန်းကူညီပံ့ပိုးမည်)

တရုတ်နိုင်ငံက မြန်မာအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးမည် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေ အတွက် တရုတ်နိုင်ငံက ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ဆေးပစ္စည်းတွေကူညီပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးသွားဖို့ ရှိနေတယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ကူညီပေးဖို့ ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား […]

Continue Reading

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏မြန်မာပြည်ခရီးစဉ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်စာချုပ်၆ခုလက်မှတ်ရေးထိုး

တရုတ်နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စာချုပ် ၆ ခု လက်မှတ်ရေးထိုး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တွေ့ဆုံစဉ် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စာချုပ် ၆ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ကို ယနေ့ ညနေ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ၏ ယခုခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ […]

Continue Reading

AAကိုအကြမ်းဖက်အဖွဲ့မှပယ်ဖျက်ပေးရန်ANPအဆိုတင်

ရက္ခိုင့်စစ်တပ် (AA) အဖွဲ့ကို “အကြမ်းဖက်အဖွဲ့” အဖြစ်မှ ပယ်ဖျက်ပေးရန် အတွက် ရခိုင်အမျိုးသားပါတီ (ANP) မှ မြောက်ဦး အမတ် ဦးထွန်းသာစိန် က ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်း အဝေးတွင် အဆိုတင်သွင်းခဲ့သည်။ယင်းအဆိုကို တင်ခဲ့သည့် ဦးထွန်းသာစိန်က “အမှန်တကယ်ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်။ ထာဝရ ငြိမ်းချမ်းရေးကို သွားမယ်ဆိုလို့ ရှိရင် ဒီငြိမ်းချမ်းရေးကို သွားမယ့်လမ်းမှာ အဟန့်အတား၊ အတား၊ အဆီး၊ စူးညှောက်ခလုတ်တွေဖြစ်နေတဲ့ အကြမ်းဖက်ဆိုတဲ့ အမည်နာမကို ပယ်ဖျက်ပေးရမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်အပြီး ဧရာဝတီနှင့် တွေ့ ဆုံစဉ် ပြောသည်။ အဆို၏ အပြည့်အစုံမှာ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ သတ်မှတ် ကြေငြာထားသော ULA / AA […]

Continue Reading

စီမံကိန်းတွေကတရုတ်ကြီးတယောက်ထဲလုပ်ဖို့ရှိတာလား(တရုတ်အမြန်ရထားတွေတကယ်လာတော့မှာလား)

တရုတ်အမြန်ရထားတွေ တကယ်လာတော့မှာလား။ ဒီကနေ့ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဥ်မှာ မန္တလေး-ကျောက်ဖြူ အမြန်ရထားလမ်းစီမံကိန်းဖြစ်နိုင်ချေလေ့လာဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီလေ့လာမှုကို မန္တလေး-မူဆယ်အမြန်ရထားလမ်းစီမံကိန်းကို ဖြစ်နိုင်ချေလေ့လာခဲ့တဲ့ တရုတ်ကုမ္ပဏီကပဲ ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။ ၅၀၀ ကီလိုမီတာအရှည်ရှိတဲ့ မန္တလေး-မူဆယ်အမြန်ရထားလမ်းစီမံကိန်းဟာ ကန်‌‌ဒေါ်လာသန်း ၉,၀၀၀ ကုန်ကျမှာဖြစ်ပြီး၊ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းနဲ့ မောင်းနိုင်မှာဖြစ်ပါတယ်။ မန္တလေး-ကျောက်ဖြူရထားလမ်းကတော့ ၆၅၀ ကီလိုမီတာရှည်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်မှာ တရုတ်ကုမ္ပဏီတစ်ခုကို ဦးသိန်းစိန်အစိုးရက ခွင့်ပြုချထားပေးခဲ့တာပဲဖြစ်ပါတယ်။ တရုတ်တို့က ဦးသိန်းစိန်အစိုးရကို ကန်ဒေါ်လာသန်း ၇,၅၀၀ ဖိုးအဆိုပြုလျာထားခဲ့ပေမယ့်၊ NLD အစိုးရက တရုတ်ကြွေးမြီထောင်ချောက်ထဲကျမှာစိုး၍ ဒေါ်လာသန်း ၁၃၀၀ အထိ လျှော့ချကာ စာချုပ်ပြင်ချုပ်နိုင်ခဲ့ပါတယ်။ Ref: 7Day DailyPhoto: Getty ImagesZin Min Nyein မှတဆင့်မျှဝေဖော်ပြပါသည်။မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ zawgyiတရုတ်အမြန်ရထားတွေ တကယ်လာတော့မှာလား။ ဒီကနေ့ရောက်လာတဲ့ […]

Continue Reading

ထိန်းသိမ်းခံထားရတဲ့မြန်မာသင်္ဘောသား၁၁ဦးကိုအမြန်ဆုံးပြန်လည်လွှတ်ပေးဖို့မြန်မာနိုင်ငံဘက်ကအီရန်အစိုးရကိုမေတ္တာရပ်ခံ

ထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ မြန်မာနိုင်ငံဘက်က အီရန်အစိုးရကို မေတ္တာရပ်ခံ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုထောက်ရူပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ မြန်မာနိုင်ငံဘက်က အီရန်အစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။မြန်မာ သဘောင်္သား ၁၁ ဦးကိုပြန်လွှတ်ပေးဖို့ လက်ရှိမှာ အီရန်နိုင်ငံကိုပါ ပူးတွဲ တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အိန္ဒိယ နိုင်ငံအခြေစိုက် အီရန်သံအမတ်ကြီးနဲ့ တွေ့ဆုံညှိနှိုင်းတာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးကလည်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးတွေနဲ့တွေ့ဆုံညှိနှိုင်းတာတွေ လုပ်ဆောင်ထားပါတယ်။ ဒီလိုတွေ့ဆုံညှိနှိုင်းမှုတွေအရလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုထောက်ရူပြီး ဖမ်းဆီးထိန်းသိမ်းထားရတဲ့ မြန်မာသဘောင်္သား ၁၁ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ အီရန်နိုင်ငံအစိုးရကို မေတ္တာရပ်ခံထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ဦးရဲ့ လုံခြုံရေးကို […]

Continue Reading

ကံကောင်းလို့မသေသံချောင်းတို့အဖေExampleကိုထွန်းထွန်း

အမြန်လမ်းပေါ်က ရည်ရွယ်ချက် ရှိရှိ လူသတ်ကြသူများ အမြန်လမ်းမိုင်တိုင် (226)ဝန်းကျင်မနေ့က 9.1.2021ရက် ည(10:30)အချိန်တွင်ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ အဆိုတော်သရုပ်ဆောင် Exampleကိုထွန်းထွန်းမောင်းနှင်လာသော Alphard အဖြူရောင်ယာဉ်သည်အမြန်လမ်းမိုင်တိုင် 226အရောက်အတက်အဆင်း လမ်းပျောက်သည့်နေရာတွင်(ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မ ခြောက်လက်မ ရှိသော သစ်လုံးတစ်လုံးအား အမြန်လမ်း လမ်းအလယ်တွင် ကန့်လန့်ပိတ်ထားမှုအားရုတ်တစ်ရပ်တွေ့ရှိလိုက်ရသဖြင့်ကီလို ၁၀၀အရှိန်ဖြင့် ကိုထွန်းထွန်းမောင်းနှင်လာသောယာဉ်မှာ သစ်လုံးကိုရသလောက်ရှောင်တိန်းရင်း ကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့်တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲတိုက်လောက်ကွေး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။ ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့်လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီးကားဆက်မောင်းလာခဲ့ပါတယ်ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား(၂)ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့အမြန်လမ်း မိုင်တိုင် 230 အရောက်တွင်ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့တာပါ။ည(10.55)မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီးမနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့်လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်းဖုန်းဆက်အကူအညီတောင်းလာပါသဖြင့်အသင်းမှ အရေးပေါ် […]

Continue Reading