ကြည့်ရှူသူတွေပါရောပြီး ပျော်ရွှင်မှုကို ခံစားသွားရမယ့် စစ်သားတို့ရဲ့ အူတက်စရာဓာတ်ပုံများ

မင်္ဂလာပါ။အမေရိကန် တပ်မတော်အတွင်းမှာ စစ်သားများဟာ ရယ်မောခွင့်မရသလိုတာဝန်ချိန်အတွင်းမှာ မည့်သည့်စိတ်ခံစားချက်ကိုမဆို ဖော်ပြခြင်းမပြုဖို့အတွက် သင်ကြားခြင်းခံထားရပါတယ်။ ဒါပေမယ့် အချိန်တိုင်း ခပ်တည်တည်နေရတာ က ဘယ်လောက်ပင်ပန်းလဲဆိုတာ လူတိုင်းသိကြပါတယ်။ စစ်သားတွေမြင်တိုင်း ခပ်တည်တည်နဲ့ ကြောက်စရာခံစားချက်ကို ခံစားကြရလေ့ရှိကြပေမယ့် အခုဖော်ပြပေးမယ့် စစ်သားတို့ရဲ့ အူတက်စရာဓာတ်ပုံတွေကတော့ ကြည့်ရှုသူတွေကိုပါရောပြီး ပျော်ရွှင်မှုကို ခံစားသွားရစေမှာအသေအချာပါပဲ။ (၁) သူ့ဘာသာသူလေ့ကျင့်နေတဲ့ စစ်သားတွေလည်း သူလုပ်မှ ပါးစပ်ထဲကို ထိုးဆင်းနေရပြီ။ (၂) ဟယ်ရီပေါ်တာနဲ့ အတူတူ ကွစ်ဒ်ချ် ဖမ်းပွဲမှာ ဝင်ပြိုင်မလို့လေ အားပေးကြပါအုံး (၃) လှေကားလက်ရန်းစီးရတာ ပျော်စရာကြီး …ဝှီး (၄) ပျော်စရာကောင်းတဲ့အချိန်လေးတချို့ကို ဖြတ်သန်းနေစဉ် (၅) Call of Duty: Advanced Warfare လား…. (၆) စစ်သားတို့ကြားထဲက ပျော်ရွှင်စရာ ကစားပွဲ (၇) […]

Continue Reading

၂၀၁၈နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်…

နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားကို ဒေါသထွက်စေမယ့် လုပ်ရပ်အဖြစ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၂၀၁၈နောက်ပိုင်း အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဝါရှင်တန်ဟာ ဆိုးလ်ရဲ့ အဓိက လုံခြုံရေး မဟာမိတ်ဖြစ်ပြီး တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈၅၀၀ လောက်ချထားပါတယ်။ အဲ့ဒီနှစ်နိုင်ငံက ကာကွယ်ရေးအတွက်လို့ ပြောတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာတာ ကြာပြီဖြစ်ပြီး မြောက်ကိုရီးယားက ဒီလို စစ်ရေးလေ့ကျင့်တာတွေဟာ မိမိတို့ကို ကျူးကျော်တိုက်ခိုက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဖြစ်တယ်လို့ ရှုမြင်လေ့ရှိပါတယ်။ ပြုံးယမ်းနဲ့ သံတမန်ရေး ညှိနှိုင်းမှု အဆင်မပြေတာ၊ ကိုဗစ်-၁၉ရောဂါ ပျံ့နှံ့တာတို့ကြောင့် နောက်ဆုတ်ထားခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ အတူ အကြီးမားဆုံး လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ မေလက စတင်တာဝန်ယူတဲ့ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုက […]

Continue Reading

အယ်ခိုင်ဒါခေါင်းဆောင်တွေကို သုတ်သင်ရာမှာ အသုံးပြုခဲ့တဲ့ AGM-114 Hellfire ဒုံးကျည် အကြောင်းတစေ့တစောင်း…

အယ်ခိုင်ဒါခေါင်းဆောင်တွေကို သုတ်သင်ရာမှာ အသုံးပြုခဲ့တဲ့ AGM-114 Hellfire ဒုံးကျည် အကြောင်းတစေ့တစောင်း… ငရဲမီးဆိုတာ အလွန်ပူပြင်းတဲ့အရာလို့ သိကြပါလိမ့်မယ်။ မှန်ပါတယ်။ အ‌မေရိကန်ရဲ့ ရန်သူတွေအတွက်တော့ ဒီနာမည်ဟာ ငရဲမီးလို ပူလောင်စေပါတယ်။ သူက တိကျစွာ ပစ်ခတ်ချေမှုန်းနိုင်တဲ့ ဒုံးကျည်တစ်ခု ဖြစ်လို့ပါ။ လော့ဟိမာတင်ကုမ္ပဏီက AGM-114 Hellfire ဒုံးကျည် အမျိုးအစားသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဒုံးကျည်က ဘာတွေစွမ်းသလဲဆိုတာ ရှာဖွေတင်ပြပါရစေ။ Hellfire AGM ဒုံးကျည်ဆိုတာ Air-to- Ground ဝေဟင်မှမြေပြင်ပစ် အမျိုးအစားပါ။ နောက်ဆုံးထုပ်တဲ့ AGM-114 series တွေမှာဆိုရင် အရှည် ၁၆၃ စင်တီမီတာ၊ လုံးပါတ် ၁၇.၈ စင်တီမီတာ ရှိပါတယ်။ အလေးချိန်က ၄၉.၄ ကီလိုဂရမ်လေးပါတယ်။ Semi-active Laser seeker ခေါ် […]

Continue Reading


စစ်ပွဲ စတင်ခြင်း မစတင်ခြင်းရဲ့အဖြေ သိပ်မကြာခင် သိရတော့မည်.. Nancy Pelosi ဟာ ထိုင်ဝမ်မြို့တော် တိုင်ပေသို့ မနက်ဖြန်ညတွင် ရောက်ရှိမည်ဖြစ်ကြောင်း ထိုင်ဝမ်ရုပ်သံ TVBS သတင်းရင်းမြစ်ကို ကိုးကားပြီး Nikkei Asia က ဖော်ပြထားပါတယ်။ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ရဲ့ မျှော်မှန်းထားတဲ့ ထိုင်ဝမ်ခရီးစဉ်ကို လာရောက်ခြင်းမပြုမီအတွင်း (US-INDOPACOM) အင်ဒို-ပစိဖိတ် ဗဟိုကွပ်မှုကဲအောက်က အမေရိကန်ရေတပ်ရဲ့ စစ်ဘက်ပိုင်ဆိုင်မှုတွေကို ထိုင်ဝမ်းနဲ့ ပိုမိုနီးကပ်အောင် ရွှေ့​ပြောင်းနေပါတယ်။ လက်တလော ဂျပန်-အိုကီနာဝါနဲ့ အနီးဆုံးမှာရှိနေတဲ့ ကုန်ရေနှစ်သွယ် ချေမှုန်းရေးစစ်သင်္ဘော USS Tripoli (LHA-7) နဲ့ USS America (LHA-6)တို့ဟာ လေယာဉ်တင်သင်္ဘောကြီး USS Ronald Reagan (CVN-76) အနီးကို ဖြန့်ကျက်လာပါတယ်။ […]

Continue Reading

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ရုရှားရေတပ်ဂုဏ်ပြုပွဲကို ခရိုင်မိးယားတွင် ဖျက်သိမ်း…

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ရုရှားရေတပ်ဂုဏ်ပြုပွဲကို ခရိုင်မိးယားတွင် ဖျက်သိမ်း… ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်မီးယားကျွန်းဆွယ်မှာတော့ ရုရှားရေတပ် ဂုဏ်ပြုပွဲ ပြုလုပ်ရန် မူလက စီစဉ်ထားသော်လည်း ရေတပ်ဌာနရုံးချူပ် တည်ရှိ ရာနေရာဖြစ်တဲ့ Sevastopol မှာ ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဂုဏ် ပြုပွဲ ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒေသဆိုင်ရာ အကြီးအကဲဖြစ်တဲ့ မီခဲလ်းရတ်ဗိုစ်ဟေဟပ်၏ ဇူလိုင်က ၃၁ ရက်နေ့တွင် ပြောကြားချက်အရ ထိုတိုက်ခိုက်မှုကြောင့် ဌာနရုံးချုပ်က ဝန်ထမ်း ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောပါတယ်။ သူကတော့ ပွဲကို လုံခြုံ ရေးကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြောပါတယ်။ ရုရှားဖယ်ဒရယ်လုံခြုံရေးရုံးကတော့ ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးမှူ စတင်နေပြီဖြစ်ကြောင်း ဆိုပါတယ်။ မီခဲလ်းရတ်ဗိုစ်ဟေဟပ်၏ ပြောကြား ချက်အရ […]

Continue Reading


နည်းပညာတွင် အမေရိကန်ကို အမြဲနောက်ကျနေသောရုရှ ရုရှဟာ ယခင် ဆိုဗီယက်ပြည်ထောင်စုဟောင်းဘဝက တည်းက နည်းပညာမှာ အမေရိကန်ကို ဘယ်တော့မှ မမှီခဲ့ဘူး။ ဒုတိယကမ္ဘာစစ်မှာ အမေရိကန်နိုင်ငံက အနုမြူ ဗုံးကို ဦးဆုံး တည်ထွင်ထုတ်လုပ်ပြီး ဂျပန်နိုင်ငံကိုကြဲချနိုင်ခဲ့တယ်။ ဒါဟာ အမေရိကန်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြတဲ့ အိုင်းစတိုင်းအပါ အဝင် ဂျာမန်သိပ္ပံပညာရှင်တွေရဲ ့ကြိုးပမ်းမှုကြောင့်ဖြစ်တယ်။ ဆိုဗီယက်ရုရှလည်း ဂျာမနီက သိပ္ပံပညာရှင်တွေကို သိမ်းသွင်းစည်းရုံးပြီး အနုမြူ ဗုံးကို ထုတ်လုပ်ဘို့ကြိုးစားပေမဲ့ အမေရိကန်ထက် နောက်ကျတယ်။ ၁၉၄၉ ခုနှစ်ကျမှ တည်ထွင် ထုတ်လုပ်နိုင်ခဲ့တယ်။ နောက်တခါ လကမ္ဘာသွားတဲ့စီမံကိန်းကို ကြည့်ပါ။ ဆိုဗီယက်ရုရှားက ကမ္ဘာပတ်လမ်းကြောင်းထဲသွားတဲ့ လူပါဝင်တဲ့ ဂြိုဟ်တုကို ၁၉၅၇ မှာ အာကာသယာဉ်မှူးယူရီဂါဂါရင် အား ပထမဦးဆုံးလွှတ်တင်နိုင်ခဲ့တယ်။အဲဒီအခါမှာ အမေရိကန် ကလည်း လပေါ်ကို လူလွှတ်တင်ဘို့ကြိုးစားလာတယ်။ […]

Continue Reading

■ဘယ်ချပ်တန်ဆာကမှမကာကွယ်နိုင်တဲ့ အလွန်လေးသောအမြောက်သေနတ် Railguns

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။ ■ဘယ်ချပ်တန်ဆာကမှမကာကွယ်နိုင်တဲ့ အလွန်လေးသောအမြောက်သေနတ် Railguns အမြှောက်သေနတ်ရဲ့ပြောင်းဟာ လက်ကိုင်သေနတ်ရဲ့ပြောင်းနဲ့ ဆင်ပါတယ် ဒါပေမယ့် လက်ကိုင်သေနတ်ထက် အဆတစ်ရာလောက်ပိုကြီးပါတယ် အနာဂါတ်က အမြှောက်လက်နက်တွေဟာ မီးရထားသံလမ်းလိုပုံစံ ပြောင်းလဲသွားနိုင်ပါတယ် ဒီလိုလက်နက်တွေကို Railguns(ရေးဂန်းစ်)လို့ခေါ်ပြီးတော့ အမြှောက်ပစ်ဖို့ လျှပ်စစ်သံလိုက်စက်ကွင်းကို အသုံးပြုကြပါတယ်။ ဒီစက်ကွင်းတွေကို အင်အားကြီးတဲ့ လျှပ်စစ်စွမ်းအားနဲ့ တီထွင်ထားပါတယ် မျဥ်းပြိုင်လိုပြိုင်နေတဲ့ အမြှောက်ဟာ ဆန့်ကျင်ဘက် ဖိုဓာတ်မဓာတ်ဓာတ်ငွေ့ကြောင့် ဒီအမြှောက်ရဲ့နောက်ကွယ်မှာ နေအာက်ထပ်အရှိန်ကို ထုတ်လုပ်ပါတယ် ဒါတွေက အယူအဆသက်သက်ပဲဆိုပေမယ့် လက်တွေ့မှာတော့ ဒီသေနတ်က အရမ်းအထင်ကြီးလောက်ပါတယ် ။ ဒီလိုအရမ်းလေးလံတဲ့ အမြှောက်သေနတ်ကိုတောင်မှ ကြောက်စရာကောင်းလောက်တဲ့ အရှိန်မြှင့်တက်အောင် လုပ်နိုင်ပါတယ် ဘယ်ချပ်ဝတ်တန်ဆာမှ ရန်သူကို ဒီလက်နက်ရဲ့ရန်ကနေ မကာကွယ်ပေးနိုင်ပါဘူး ဒီသေနတ်ရဲ့ အားနည်းချက်ကတော့ အမြှောက်ရဲ့ ပွတ်တိုက်မှုကြောင့် ပျက်ဆီးလွယ်ပြီးတော့ လက်နက်က စွမ်းအားတွေ အရမ်းကုန်ခမ်းစေတာပဲဖြစ်ပါတယ်။ […]

Continue Reading

■သေနတ်တစ်ချက်ပစ်တိုင်း ဘယ်အရာကိုမဆိုအရည်ပျော်ကျသွားစေနိုင်သည့်လက်နက်

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။ ■သေနတ်တစ်ချက်ပစ်တိုင်း ဘယ်အရာကိုမဆိုအရည်ပျော်ကျသွားစေနိုင်သည့်လက်နက် ကျွန်တော်တို့ အခုထပ်ပြောပြမယ့် လက်နက်ကတော့ သေနတ်ပစ်တိုင်းမှာ အရည်ထွက်လာမယ့် လက်နက်တစ်မျိုးပဲ ဖြစ်ပါတယ် ဒီလက်နက်က USA စစ်တပ်ရဲ့ အလားအလာကောင်းတဲ့ တီထွင်မှုတွေထဲကတစ်ခု ဖြစ်ပါတယ် လျှပ်စစ်သံလိုက်စွမ်းအားနဲ့ ပေါက်ကွဲနိုင်တဲ့ စစ်လက်နက်ပစ္စည်းဖြစ်တဲ့ ဒီလက်နက်ဟာ သေနတ်ပစ်တိုင်း အရည်ကျိုထားတဲ့ သတ္တုရည်တွေ အင်အားကြီးစွာနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ ပစ်မှတ်ကို လျှပ်စစ်သံလိုက် စက်ကွင်းနဲ့ တိုက်ရိုက် ပစ်ခတ်မှာဖြစ်ပါတယ် အားကြီးတဲ့ တွန်းအားက ဒီအရည်လက်နက်ပစ္စည်းကို အလွန်မြန်တဲ့အရှိန်အဖြစ် မြှင့်တင်ပေးပါတယ် အရမ်းလေးလံပြီး ကာကွယ်မှုကောင်းတဲ့ တင့်ကားတွေကိုတောင် အပေါက်တွေနဲ့ဖြစ်အောင် လုပ်နိုင်ပါတယ်။ အရမ်းအားကြီးတဲ့ ပစ္စည်းတွေတောင် ဒီသတ္တုအရည်ပျော်နဲ့ ထိတာနဲ့ ဖယောင်းအရည်ပျော်သလို အရည်ပျော်ကျသွားနိုင်ပါတယ် လောလောဆယ်တော့ ဒီလက်နက်ဟာ ထုတ်လုပ်ဆဲအခြေအနေမှာပဲ ရှိပါသေးတယ် စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဒီသေနတ်ရဲ့ […]

Continue Reading

■တစ်မိနစ်အတွင်းကျည်ဆံပေါင်း၁၂သိန်းပစ်ခတ်နိုင်ပြီး အသံလုံးဝမထွက်သောသေနတ်

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။ ■တစ်မိနစ်အတွင်းကျည်ဆံပေါင်း၁၂သိန်းပစ်ခတ်နိုင်ပြီး အသံလုံးဝမထွက်သောသေနတ် အခုအသစ်ပြောပြမယ့် လက်နက်က ကျွန်တော်တို့ အပေါ်မှာပြောခဲ့တဲ့ လက်နက်တွေနဲ့မတူဘဲ ကျည်ထွက်အောင် သေနတ်ပစ်တယ်ဆိုပေမယ့် အရမ်းအံ့သြစရာကောင်းတဲ့ နည်းလမ်းကြောင့် အထူးစိတ်ဝင်စားစရာကောင်းပါတယ် ဒီလက်နက်ကို DREAD(ဒရက်တ်)လို့ခေါ်ပါတယ်။ သူကတစ်မူထူးခြားတဲ့ပုံစံရှိပြီးတော့ ယမ်းမှုန့်အစား ဗဟိုခွာအားကို သုံးပါတယ် သေနတ်ရဲ့ကိုယ်ထည်ထဲမှာ ထူးခြားတဲ့အဝိုင်းတုံးလေးရှိပါတယ် ဒီအဝိုင်းတုံးက လျှပ်စစ်စွမ်းအားကိုသုံးပြီး လည်ပတ်လာပြီးတော့ ကိုယ်ထည်ထဲမှာရှိတဲ့ ကျည်ဆံအဝိုင်းလေးတွေက အရှိန်မြင့်လာပြီး ပစ်မှတ်ကို ပစ်ခတ်ပါတယ် DREAD(ဒရက်တ်)ဟာ ယမ်းမှုန့်မသုံးတဲ့အတွက်ကြောင့် သူ့ရဲ့ သေနတ်ပြောင်းဝမှာ ရန်သူကိုချိန်နိုင်တဲ့ အလင်းတန်းလေးမပါတဲ့အတွက်ကြောင့် သေနတ်ချိန်ရတာ အနည်းငယ်တော့အခက်အခဲရှိပါတယ်။ ဒီသေနတ်က အသံလုံးဝမထွက်တာကြောင့် အမိုက်စားလေးဖြစ်စေပါတယ် ဒါပေမယ့် အရေးအပါဆုံးအချက်ကတော့ M16 သေနတ်က တစ်မိနစ်အတွင်း ကျည်ဆံပေါင်း ၉၀၀ ပစ်နိုင်ပေမယ့် DREAD(ဒရက်တ်)ကတော့ တစ်မိနစ်အတွင်းမှာ ကျည်ဆံပေါင်း ၁၂သိန်းပစ်နိုင်ပါတယ် ။ […]

Continue Reading

■အကြားအာရုံကိုပါ တစ်သက်လုံးဆုံးရှုံးသွားနိုင်သည့် LRAD Sound Cannon

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။ ■အကြားအာရုံကိုပါ တစ်သက်လုံးဆုံးရှုံးသွားနိုင်သည့် LRAD Sound Cannon အသံကို လက်နက်အဖြစ် အသုံးပြုနေတာ အချိန်တော်တော်တော့ ကြာနေခဲ့ပါပြီ သာမန်အားဖြင့်တော့ လူတွေရဲ့နားကမကြားနိုင်တဲ့ အသံလှိုင်းတွေကို အသုံးမပြုကြပါဘူး သေစေနိုင်တဲ့လောက်တာမဟုတ်တဲ့ အသံလက်နက်တွေမှာ အဲ့တာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရမ်းကျယ်လောင်တဲ့အသံတွေကို ထုတ်လွှတ်ပြီး တစ်ဖက်ရန်သူတွေကို တန့်စေပြီး ကြောက်လန့်အောင် နှောင့်ယှက်ပါတယ်။ ဒီလိုအကြောင်းပြချက်တွေနဲ့ LRAD Sound Cannonကို တီထွင်ခဲ့တာပဲဖြစ်ပါတယ် ဒီလက်နက်ဟာ ၁၆၂ ဒယ်ဆီဘယ်လ် အထိမြင့်တဲ့ အသံအကျယ်ကြီးတွေကို ထုတ်လွှတ်ပါတယ် ဒါကို မျက်စိထဲမြင်အောင် ရှင်ပြရမယ်ဆိုရင် ခေတ်ပေါ် ဂျက်လေယာဥ် တစ်စင်းဟာ ၁၃၀ ကနေ ၁၄၀ ဒက်ဆီဘယ်လ်ထိရှိတဲ့ အသံတွေကိုထုတ်လွှတ်ပါတယ် တကယ်တမ်းပြောရရင် ဒါက ဂျက်လေယာဥ်ဘေးမှာ မတ်တပ်သွားရပ်နေရသလိုပါပဲ ။ LRAD […]

Continue Reading