စစ်ရေးလှုပ်ရှားမှုများဖေဖော်ဝါရီ၂၈ရက်အထိရပ်ဆိုင်းကြောင်းတပ်မတော်ကြေညာ

Local Militarily News

စစ်ရေးလှုပ်ရှားမှုများ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက လွဲလို့ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်ညမှာ ထုတ်ပြန် ကြေညာပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်ဆွေးနွေးနိုင်ဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ကမ္ဘာတဝန်းရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကိုလွယ်ကူစွာဆောင်ရွက်နိုင်ဖို့အတွက် နောက်ထပ် တစ်လ ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်ရေးတို့အတွက် အပစ်ရပ်ကာလကို အကျိုးရှိစွာအသုံးချပြုပြီး ညှိနှိုင်းဆွေးနွေးကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း တပ်မတော်က တိုက်တွန်းထားပါတယ်။

Myanmar military troops take part in a military exercise at Ayeyarwaddy delta region in Myanmar, February 3, 2018. REUTERS/Lynn Bo Bo/Pool

AA ၊ TNLA နဲ့ MNDAA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တဖက်သတ်အပစ်အခတ် ရပ်စဲထားတာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ နောက်ထပ် ၂ လထပ်တိုး ထုတ်ပြန်ကြေညာထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေသလို ရှမ်းပြည်နယ်မှာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံ ရွာသားတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရပါတယ်။

DVB

zawgyi

Leave a Reply