အစ္စရေးသင်္ဘော ပေါက်ကွဲမှုနောက်ကွယ်တွင် အီရန် ရှိနေနိုင်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြောကြား

အစ္စရေးသင်္ဘော ပေါက်ကွဲမှုနောက်ကွယ်တွင် အီရန် ရှိနေနိုင်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြောကြားပြီးခဲ့သည့် ရက်ပိုင်းက အိုမန် ပင်လယ်ကွေ့တွင် အစ္စရေးပိုင် သင်္ဘောတစ်စီးပေါက် ကွဲခဲ့မှုနောက်ကွယ်တွင် အီရန်ရှိနေနိုင်သည်ဟု ယုံကြည်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ် ကပြောကြားခဲ့သည်။ မော်တော်ယာဉ်များတင်ဆောင်သည့် MV Helios Ray အမည်ရှိ အစ္စရေးပိုင် သင်္ဘောသည် ဆော်ဒီ ဆိပ်ကမ်း ဒမ်မမ် မှ စင်ကာပူသို့ သွားရောက်စဉ် ဖေဖော်ဝါရီ ၂၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ပင်လယ် ရေကြောင်းလုံခြုံရေးအဖွဲ့ Dryad Global က ပြောကြားခဲ့သည်။“ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ သင်္ဘောရဲ့ တည်နေရာက အီရန်နိုင်ငံရဲ့ အနီးမှာဖြစ်ပါ တယ်။ အဲဒါကြောင့် ဒီပေါက်ကွဲမှုဟာ အီရန် ရဲ့ တာဝန်ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပိုမိုမြင့်တက်စေပါတယ်။ ဒါပေမယ့် […]

Continue Reading

ထရမ့်ဆင်းပြီးရင် အားလုံးသူ့အလိုကျဖြစ်မယ်တွက်ထားတဲ့တရုတ် စ ငိုလေပြီ။

ထရမ့်ဆင်းပြီးရင် အားလုံးသူ့အလိုကျဖြစ်မယ်တွက်ထားတဲ့တရုတ် စ ငိုလေပြီ။ ထရမ့်လက်ထက်ပြဌာန်းခဲ့တဲ့ တရုတ်ပစ္စည်းသွင်းကုန်အခွန်တွေကို ဖျက်သိမ်းပေးဖို့နဲ့ တရုတ်စစ်တပ်နောက်ခံနည်းပညာကုမ္ပဏီတွေကို အစိုးရတင်ဒါတွေမှာပါဝင်ခွင့်ပိတ်ကာ တားမြစ်မှုမျိုးတွေအား ရပ်တန့်ပေးဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဒီကနေ့တောင်းဆိုလိုက်ပါတယ်။ ဘိုင်ဒင်အစိုးရဟာ G-7 ဆွေးနွေးပွဲအပြီး အိုဘားမားလက်ထက်ကပေါ်လစီဟောင်းဖြစ်တဲ့ အာရှဗဟိုပြုရေးစီမံချက်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်လာအပြီး တရုတ်ဖက်က ခုလိုအသံထွက်တောင်းဆိုလာတာပါ။ ဘိုင်ဒင်ဟာ ထရမ့်လက်ထက်ကချမှတ်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲအခွန်တွေကို ပြန်မရုတ်သိမ်းတဲ့အပြင်၊ ထရမ့်လက်ထက်က မလုပ်နိုင်ခဲ့တဲ့ အတ္တလန်တိတ်သမုဒ္ဒရာမဟာမိတ်အဖွဲ့ကို ပြန်ဖွဲ့ဖို့အတွက် ခြေလှမ်းပြင်လာခဲ့ပါပြီ။ အရေးကြီးတဲ့အမျိုးသားလုံခြုံရေးဌာနတွေရဲ့အကြီးအကဲရာထူးတွေကိုလည်း အာရှရေးရာကျွမ်းကျင်သူတွေကိုပဲ ခန့်အပ်ကာ Pivot of Asia ကို လက်တွေ့ပြသလိုက်ပါတော့တယ်။ နောက်ဘုန်းကြီးက (၂) ချက်ခေါက်မယ့်ကိန်းနဲ့ရင်ဆိုင်နေရလို့ အာရှနဂါးကြီးခမျာ ကွန်မြူနစ်ပါတီအစည်းအဝေးကို ဒီနှစ်ထဲမှာ မလုပ်စဖူး (၂) ကြိမ်လုပ်ရအောင်ကို အကြပ်အတည်းဆိုက်နေခဲ့ရပါပြီ။ Ref: SCMP Zin Min Nyein Zawgyi […]

Continue Reading

UN မှာ အခုဆက်လက်ကျင်းပနေတဲ့ Human Rights Council ရဲ့ မြန်မာစစ်အာဏာသိမ်းကိစ္စအတွက်ခေါ်ယူတဲ့ အရေးပေါ်အစည်းအဝေးရဲ့ ဒုတိယပိုင်း

အခုပဲ အစည်းအဝေးပြီးသွားပါတယ်။UN မှာ အခုဆက်လက်ကျင်းပနေတဲ့ Human Rights Council ရဲ့ မြန်မာစစ်အာဏာသိမ်းကိစ္စအတွက်ခေါ်ယူတဲ့ အရေးပေါ်အစည်းအဝေးရဲ့ ဒုတိယပိုင်း follow upUK, EU စသည်ဖြင့် တိုင်းပြည်ကြီးများရဲ့ ကိုယ်စားလှယ်အများစုက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း၊ ဖမ်းဆီးထားတဲ့ အစိုးရခေါင်းဆောင်များကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ စသည့်အချက်များပါတဲ့ ဆုံးဖြတ်ချက် မူကြမ်း draft resolution ကို ထောက်ခံ သွားပါတယ်။သို့သော် မြန်မာကိုယ်စားလှယ်ကတော့ ၎င်းမူကြမ်းကို dissociate from သဘောမတူ၊ မထောက်ခံဟု ပြောသွားပြီး Russia နဲ့ China ကလည်း ပြည်တွင်းရေးသာဖြစ်တယ်၊ဒီမူကြမ်းကို လက်မခံပါလို့ ပြောကြပါတယ်။ဒီ draft report ကို ထောက်ခံသူ နိုင်ငံ အရေအတွက် majority ဖြစ်တယ်လို့ ယူဆနိုင်သော်လည်း […]

Continue Reading

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ဆိုက်ဘာလုံခြုံရေးဥပဒေကန့်ကွက်စာထုတ်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) အပေါ်သဘောထားမှတ်ချက် ထုတ်ပြန်ချက်အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် အောက်ပါအတိုင်းထုတ်ပြန်အပ်ပါသည်။ MCPA

Continue Reading

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမြန်မာနိုင်ငံဆိုင်ရာအထူးအစည်းအဝေးရလဒ်ပထမပိုင်း

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမြန်မာနိုင်ငံဆိုင်ရာအထူးအစည်းအဝေးအခုပဲခေတ္တရပ်နားပါတယ်။ ပြန်စရင် NGO အဖွဲ့တွေရဲ့ပြောကြားချက်ကိုကြားနာပါမယ်။ယခုအထိကြားနာခဲ့သမျှမှာ ပထမဦးဆုံးမြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံရသူ Thomas Andews က အပြင်းထန်ဆုံးအစီရင်ခံပြီးတောင်းဆိုသွားပါတယ်။ သေနတ်နဲ့အပစ်သတ်ခံရတဲ့ အကြမ်းမဖက်ပဲဆန္ဒပြတဲ့ ကလေးမလေးအကြောင်းထည့်ပြောသွားပါတယ်။ အရေးယူမှုတွေကိုစာရွက်ပေါ်မှာပဲမလုပ်ဖို့တကယ်အက်ရှင်ပါဖို့ထည့်ပြောသွားပါတယ်။မြန်မာကိုယ်စားလှယ်အလှည့်မှာ နောက်ကခွေးလိုက်ဆွဲနေသလို – ခါးပိုက်နှိုက်အသည်းအသန်ပြေးနေရတဲ့လေသံနဲ့ စာရွက်ကိုအမြန်ဖတ်ပြသွားပါတယ်။မြန်မာပြည်ကကြက်တူရွေးက ဒီပွဲမျိုးတက်ရတာသနားစရာပါ။ မျက်နှာဆီးစေ့လောက်ရှိပါတယ်။ ခန်းမထဲမှာအဲကွန်းပိတ်ခံထားရသလိုပါ။အခုထိကြားနာခဲ့သမျှနိုင်ငံတွေထဲမှာ …ဥရောပနိုင်ငံများကိုအလွန်အားရပါတယ်။ဒန်းမတ်က တရားမဝင်အစိုးရလို့ထည့်ပြောသွားတယ်။ကျန်နိုင်ငံတွေက မြန်မာပြည်သူလူထုရဲ့လူ့အခွင့်အရေးအရဆန္ဒထုတ်ဖော်မှုကိုလေးစားဖို့၊ အကြမ်းမဖက်ဖို့၊ အင်တာနက်လိုင်းတွေမဖြတ်ဖို့၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်များကိုပြန်လွှတ်ဖို့ ပြောသွားပါတယ်။ အထူးသဖြင့်စကားပြောတာနဲ့အာဏာသိမ်းမှုကို အပြင်းထန်ဆုံးအထိရှုံ့ချကြောင်းပြောသွားပါတယ်။ အမေရိကန်သံအမတ်ကြီးဟာ စကားကို ၁။ ၂။ ၃။ ၄။ ၅။ နံပတ်ထိုးပြီးအတိုဆုံးပြောသွားပါတယ်။အလွန်ကောင်းတဲ့ပြောကြားချက်ပါ။ အထူးသဖြင့်သူတို့နဲ့အတူအရေးယူမှုမှာ ပူးပေါင်းပါဝင်ဖို့ပြောသွားပါတယ်။နယူဇီလန်ပြောကြားချက်ပြင်းထန်ပါတယ်။ နယူးဇီလန်ကမြန်မာပြည်သူတွေဘက်က တော်တော့ကိုပြင်းပြင်းထန်ထန်ပြောသွားတာပါ။အာစီယံနိုင်ငံများကတော့ မလေးလိုပြောရရင် – တာဘိုလေးပါ။ (သုံးမရပါ။) ထူးထူးခြားခြားဖိလစ်ပိုင်ကမြန်မာပြည်သူတွေဘက်ကပြောသွားပါတယ်။တရုတ်၊ရုရှား – မျှော်လင့်ထားတဲ့အတိုင်းပါ။ ဒီလင့်မှာကြည့်လို့ရပါတယ်။ https://fb.watch/3CeRqxLpyX/ ကဲ … ပြန်စပြီး ဆုံးဖြတ်ချက်ထွက်မှ ဆက်တင်ပေးမယ်နော်။ […]

Continue Reading

ကမ္ဘာ့ပထမဆုံးအပြည်ပြည်ဆိုင်ရာ သံပုံးတီးပွဲ

ဒီနေ့ည မြန်မာစံတော်ချိန် ၈ နာရီမှာ တကမ္ဘာလုံးမှာလည်း မြန်မာနိုင်ငံအတွက် သံပုံးတီးကြပါမယ်တဲ့။ သံပုံးတီးနေတဲ့ live တွေ ဓါတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ရှယ်ပြီး ပါဝင်ကြဘို့ Union Aid Abroad က နှိုးဆော်ထားပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး အပြည်ပြည်ဆိုင်ရာ သံပုံးတီးပွဲအဖြစ် Guinness Record ထဲဝင်သွားနိုင်ပါတယ်။ ပုံတင်ရင် hashtags #Workers4Myanmar နဲ့ #SaveMyanmar ကိုသုံးပါ။ In support of CTUM, and in coordination with the Council of Global Unions (CGU), the ITUC is calling on affiliates worldwide to join […]

Continue Reading

ဘော်ဒီဂတ်များဝန်းရံ၍ဆန္ဒပြခဲ့တဲ့ပြည်သူ့အချစ်တော်မင်းသမီးလေးဗူးတီးဘလော်ဂါ ချီချီ

သတင်းခေါင်းစဉ် ပြည်သူ့အချစ်တော် မင်းသမီးလေး ဗူးတီးဘလော်ဂါ ချီချီ မှ ဘော်ဒီဂတ်များ ဝန်းရံ၍ ဆန္ဒပြ။ ထို အတူ ပြည်သူမသိ နမည် မကြီးသော မင်းသမီး ပေါက်စ လေး မဖွေးဖွေး မှ လည်း လူကြားထဲ ဆန္ဒပြ ထပ်တိုး- ကမ္ဘာ အဆင့်မမှီ miss ပွဲတင် ပါဝင်ခဲ့ ဘာဆုမှ မရ နိင်ငံတကာ တွင် ဘာအသိမှတ်ပြုမူ မှ မရသော လူမသိ နမည်မရှိသည့် ရွက်ကြမ်းရေကျို ရုပ်ရည် ပိုင်ရှင် miss ခင့်ဝင့်ဝါ မှ လည်း မိမိသည်နမည်ကြီးသူ မဟုတ်သဖြင့် လူကြားထဲ တိုးရဲ သည်ဆိုကာ လူကြားထဲနေပူထဲ ဆန္ဒ ပြနေ crd – Pyo […]

Continue Reading

မြန်မာစစ်တပ်အာဏာသိမ်းတာကိုအပြင်းအထန်ဝေဖန်ပြလိုက်တဲ့တရုတ်ပြည်။

မြန်မာစစ်တပ်အာဏာသိမ်းတာကို အပြင်းအထန်ဝေဖန်ပြလိုက်တဲ့ တရုတ်ပြည်။ တရုတ်ဟာ မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို မကြိုက်ပါဘူး။ ဘေဂျင်းဟာ မြန်မာ့တပ်မတော်ကို အရည်အချင်းမရှိသူ၊ လာဘ်စားတဲ့သူတွေလို့ပဲ အမြဲတမ်းသတ်မှတ်ခဲ့တာပါ။ ဒါ့အပြင် တရုတ်အနေနဲ့ မြန်မာစစ်တပ်ကို ကျေးဇူးနားမလည်သူ၊ အမြဲတမ်းလောဘကြီးသူ၊ စီးပွါးရေးမလုပ်တတ်သူတွေပဲလို့ ယူဆထားကြပါသေးတယ်။ UNSC ကထုတ်တဲ့ စာအရ မြန်မာ့အရပ်ဖက်ခေါင်းဆောင်တွေလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီရှင်သန်ရေးအတွက် တရုတ်ပြည်က အားလုံးနဲ့သဘောတူတဲ့ အချက်ပြလိုက်တာပါပဲ။ တရုတ်ပြည်ဟာ မြန်မာပြည်က သယံဇာတတွေကိုပဲ မျက်စိကျတဲ့ခေတ်ကုန်ပါပြီ၊ မြန်မာပြည်သူတွေ အဆင်ပြေပြီး သုံးစွဲလာနိုင်မှ တရုတ်ပစ္စည်းတွေ ရောင်းချနိုင်တဲ့ ဈေးကွက်သစ်တစ်ခုဖြစ်လာစေဖို့ အမြဲရည်ရွယ်ခဲ့တာပါ။ ဒါဟာ ရွေးကောက်ခံ NLD အစိုးရနဲ့ပဲ ဖြစ်လာနိုင်မှာပါ။ ခုတော့ စစ်အာဏာသိမ်းလိုက်လို့ အနောက်အုပ်စုက စီးပွားရေးပိတ်ဆို့ရင် တရုတ်ကရင်းနှီးမြှုပ်နှံထားတာတွေအဖို့ မူလရည်မှန်းချက်ပျက်လို့ အများကြီးဆုံးရှုံးရပါလိမ့်မယ်။ ဒါကြောင့် တရုတ်ပြည်က မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို မနှစ်မြို့လှပါဘူး။ […]

Continue Reading

ဖမ်းချင်ရင်တော့တနိုင်ငံလုံးခြံစည်းရိုးခတ်ပီးသာဖမ်းတော့

မထွက်ရင်တော့မထွက်ဘူး ထွက်ရင်တော့အကုန်တူတူထွက်ကျတာပေါ့ လောလောဆယ်မှာ လမ်းပေါ်ထွက်ဖို့ မတိုက်တွန်းသေးပါဘူး ဒါပေမယ့် ဒီလိုမျိုး လမ်းပေါ်ထွက်ဖို့လည်း စိတ်ပိုင်းဖြတ်ထားပါ ကတ္တီပါတော်လှန်ရေးဆိုတာ ချက်ကိုစလိုဗက်ကီးယားမှာ ကွန်မြူနစ်အာဏာရှင်စနစ် ပြုတ်ကျစေခဲ့တဲ့ သွေးထွက်သံယို မဖြစ်ခဲ့တဲ့ အကြမ်းမဖက် လူထုအုံကြွမှုပဲ။ ၁၉၈၉ နိုဝင်ဘာ ၁၇မှာ ကျောင်းသားတွေ ဆန္ဒပြတာကနေ စတယ်။ အဲဒီကနေစလိုက်တာမှာ နိုဝင်ဘာ ၂၀ ရက်နေမှာ ပရပ်မြို့မှာ လူ ၅သိန်းလောက် လမ်းပေါ်ရောက်လာတယ်။ ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းတွေ နိုဝင်ဘာ ၂၄မှာထွက်ပေးရတယ်။ နောက်ဆုံးကျည်ဆံကတော့ နိုဝင်ဘာ ၂၇ မှာလုပ်တဲ့ တစ်နိုင်ငံလုံးပါတဲ့ ၂နာရီပဲ ကြာတဲ့ အထွေထွေသပိတ်ကြီး။ နေ့လည် ၁၂နာရီကနေ ၂နာရီအထိပဲ။ အချိန်ရောက်တာနဲ့ ဘုရားကျောင်းက ခေါင်းလောင်းထိုးတဲ့အခါမှာ စက်ရုံအလုပ်သမားတွေက လုပ်နေတဲ့ အလုပ်ရပ်လိုက်တယ်။ တက္ကစီသမားတွေက ကားတန်းအရှည်ကြီး ပိတ်ပြီးရပ်ထားလိုက်ကြတယ်။ တီဗီမှာ […]

Continue Reading

သံပုံးတီးလို့ရပြီဟေ့ရဲအရေးမပိုင်ပါဖူးတဲ့ရပ်ကျေးပုဒ်မ(၂၇ ) အရတဲ့အရက်သောက်ပြီးမှတော့ မတီးနဲ့ပေါ့နော်

သံပုံးတီးလို့ရပြီဟေ့ရဲအရေးမပိုင်ပါဖူးတဲ့ ရပ်ကျေးပုဒ်မ ( ၂၇ ) အရတဲ့အရက်သောက်ပြီးမှတော့ မတီးနဲ့ပေါ့နော် ကျွန်တော်သည် ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါသည်ရဲတပ်ဖွဲ့ဝင်တိုင်းသည် နိုင်ငံရေးလုပ်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရအရေးယူခံရပါသည်နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သတ်၍ဘယ်သူမှားလဲ ဘယ်သူမှန်နေလဲရဲတပ်ဖွဲ့ရဲ့၉၀ ရာခိုင်းနှုန်းလောက် သိကြပါတယ်သို့သော် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကြောင့် နိုင်ငံရေး လုပ်ရန် ခက်ခဲနေကြပါသည် ၁၉၈၈ ခုနှစ်က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေမပေါ်သေးပါဘူး၈၈တုန်းက ပြည်သူ့ရဲတပ်ဖွဲ့ဆန္ဒပြတာ နဲ့ ကြေးတန်းမညှိစေချင်ပါဘူးရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေက၁၉၉၅ ခုနှစ်မှ ပြဌာန်းထားတာပါရဲစည်ကမ်းထိန်းသိမ်းရေးကိုဖောက်ဖျက်/ပျက်ကွက်တာနဲ့တရားသူကြီးဆီ ရီမန်တောင်းစရာမလိုပါဘူး အချုပ်ထဲ တန်းထည့်တာပါနောက်တော့မှ မြို့နယ်မှူးချုပ်မိန့်က ၁ ရက်ခရိုင်မှူးချုပ်မိန့်က ၇ ရက်တိုင်းမှူးချုပ်မိန့်က ၁ လဘုမသိ ဘမသိနဲ့ စုံခုံတွေ သက်ချုပ်တွေ ရဲတရားရုံးတွေ ဖြစ်တော့တာပါပဲ အဲ့ဒိတော့.ရဲတပ်ဖွဲ့ဝင်တိုင်းသည်နိုင်ငံရေးလုပ်ပြီး အချုပ်ထဲ ဝင်တာထက် ဥပဒေကို အမှန်တိုင်းရပ်တည်ပေးရင်ပြည်သူကို ကူညီရာ ကာကွယ်ရာရောက်ပါတယ် ဆိုလိုချင်တာက.ဥပမာ-သံပုံးတီးတဲ့သူတွေကိုဖမ်းခိုင်းရင်ဘယ်ပုဒ်မနဲ့ ဖမ်းမှာလဲဘယ်ကျင့်ထုံးနဲ့ဖမ်းမာလဲရဲတပ်ဖွဲ့ဝင်တိုင်းသိဖို့လိုတယ် ဖမ်းခိုင်းတယ်ဆိုပါစို့မဖမ်းနိုင်ပါဘူးလို့ငြင်းရပါမယ်ဘာလို့မဖမ်းနိုင်တာလဲမေးရင်ရဲအရေးမပိုင်လို့ပါ ရပ်ကွက်အတွင်း […]

Continue Reading