ကိုဗစ်ဆေးဝယ်ရန်အလှူငွေကျပ်သန်း၁သောင်းကျော်နှင့်ကန်ဒေါ်လာ၂သန်းကျော်ရထား

Local News

ကိုဗစ်ဆေးဝယ်ရန် အလှူငွေ ကျပ်သန်း ၁ သောင်းကျော်နှင့် ကန်ဒေါ်လာ ၂ သန်းကျော် ရထား

ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ အလှူငွေ ကျပ်သန်းပေါင်း ၁ သောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၂ သန်းကျော် ရထားပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။
ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီရဲ့ အသိပေးကြေညာချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြထားတာပါ။

မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ် ငွေစာရင်း OA 013733 ဆီကို ကျပ် သန်းပေါင်း ၁၀၁၂၆ ဒသမ ၈၅၄၊ နိုင်ငံခြားငွေစာရင်း EDC 600012 ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇၃ သန်း လှူဒါန်းထားတယ်လို့ ဆိုပါတယ်။
ဒါဟာ ဇန်နဝါရီ ၆ ရက်ကနေ ၁၂ ရက်အထိပြည်တွင်း၊ ပြည်ပအလှူရှင် ၇၂၈ ယောက်က လှူဒါန်းထား ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းလိုက်တာဖြစ်ပြီး နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့ ကျပ်သန်း ၁၀၀၀ စတင်ထည့်ဝင် ထူထောင်ထားတာဖြစ်ပါတယ်။

DVB

zawgyi

Leave a Reply