မြန်မာအမျိုးသမီး အဓမ္မကျင့်ခံရမှုနှင့် ခွဲခြားဆက်ဆံမှုတွေကြောင့် ထိုင်းနိုင်ငံက ဝက်လ်ဆိုက် တွေကို မြန်မာဟက်ကာအဖွဲ့ တိုက်ခိုက်

Local News

မြန်မာအမျိုးသမီး အဓမ္မကျင့်ခံရမှုနှင့် ခွဲခြားဆက်ဆံမှုတွေကြောင့် ထိုင်းနိုင်ငံက ဝက်လ်ဆိုက် တွေကို တိုက်ခိုက်လိုက်တယ်လို့ မြန်မာဟက်ကာ အဖွဲ့ဖြစ်သည့် Union of UnderGround Myanmar က သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာဟက်ကာ အဖွဲ့ဖြစ်သည့် Union of UnderGround Myanmar က “ရာဇဝတ်မှုတစ်ခုကြောင့် ထိန်းသိမ်းခံနေရတဲ့ မြန်မာအမျိုးသမီးကို လက်ထိပ်ခတ်ပြီး တာဝန်ကျရဲဝန်ထမ်းက မုဒိန်းကျင့်တာဟာ လူ့အသိုင်းအဝိုင်းက ဘယ်လိုမှ နားလည်ပေးလို့မရတဲ့ပြစ်မှုပါ။ ရာဇဝတ်မှုကျူးလွန်ထားတဲ့ သူကို ဥပဒေအတိုင်း လူ့ဂုဏ်သိက္ခာကို မငြိုးနွမ်းစေပဲ တရားသဖြင့် အပြစ်ပေးတာကို ကျနော်တို့လက်ခံပါတယ်။ ဒါပေမယ့် ဒီလိုမျိုး လိင်အကြမ်းဖက်ပြီး အနိုင်ကျင့်တာကို လက်ခံပေးလို့မရပါဘူး။

ဒီလိုလိင်အကြမ်းဖက်မှုမျိုး ကျနော်တို့နိုင်ငံသား အမျိုးသမီးတွေ အရင်က ဘယ်လောက်တောင်ခံခဲ့ရပြီလဲ။ နောက်ထပ်ရော ဒီလိုပဲ လိင်အကြမ်းဖက်ခံနေရဦးမှာလားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေတွေက ကျနော်တို့ကို တုန်လှုပ်စေပါတယ်။ ဒါမျိုးတွေထပ်ဖြစ်လို့မရပါဘူး။ ကျနော်တို့နိုင်ငံသား ကျနော်တို့ အမတွေ ညီမတွေ တိုင်းတပါးမှာ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံနေရရင်တောင် ဥပဒေမဲ့ လိင်အကြမ်းဖက်ခံနေရတာကို ကျနော်တို့ လက်မခံနိုင်ပါ။ ကျနော်တို့ Cyber attack လုပ်ရတာဖြစ်ပါတယ်။ Cyber Attack လုပ်ပြီး ထိုင်နိုင်ငံသားတွေကို သူတို့နိုင်ငံမှာ ဒီလိုလူမဆန်တဲ့အကြမ်းဖက်မှုတွေ ခွဲခြားဆက်ဆံတာတွေရှိနေတယ်ဆိုတာသိအောင် သတင်းစကားတွေချန်ထားထို့အတွက် Defacement လုပ်ခြင်းဖြစ်ပါတယ်။

ကျနော်တို့ UGMH ရဲ့ မူအတိုင်း Website တစ်ခုကို ဖျက်ဆီးမှာမဟုတ်ပါဘူး။ သတင်းစကားတွေပဲချန်ခဲ့တာဖြစ်လို့ အချိန်မရွေး Webadmin တွေက recover ပြန်လုပ်သွားနိုင်ပါတယ်။ တမင်သူတို့ ပြန်ပြီး recovery လုပ်လို့ရအောင်ထားပေးထားတာဖြစ်ပါတယ်။ ကျနော်တို့က စနစ်ကိုတိုက်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေကို တိုက်ခိုက်မှာမဟုတ်ပါဘူး”လို့ ပြောကြားထားပါတယ်။

ယင်းတို့နေဖြင့် ထိုင်းအစိုးရ၊ ရဲတပ်ဖွဲ့တို့၏ ဝက်ဘ်ဆိုက်များနှင့် ဆေးရုံတချို့ရဲ့ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဝင်ကြည့်ရာတွင် ကြည့်ရှု၍ ရမည်မဟုတ်ကြောင်း ဥပဒေမဲ့လုပ်ရပ်များကို လက်တုန့်ပြန်သော အနေဖြင့် ဝက်ဘ်ဆိုက်ကို သိမ်းယူလိုက်တာမျိုးဖြစ်တယ်လို့ဆိုပါတယ်။

MyanmaPlatForm မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi

Leave a Reply