အိန္ဒိယက လက်နက်ရောင်းချမှုဈေးကွက်သို့ တစ်ဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာနေပြီ

အိန္ဒိယက လက်နက်ရောင်းချမှုဈေးကွက်သို့ တစ်ဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာနေပြီ အိန္ဒိယနိုင်ငံ၏ DRDO အဖွဲ့အစည်းက တီထွင်ထုတ်လုပ်ခဲ့သော Akash လေ ကြောင်းရန်ကာကွယ်ရေးစနစ်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန်အတွက် ဗုဒ္ဓဟူးနေ့က ပြည်ထောင်စုအစိုးရအဖွဲ့ကအတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါပြည်တွင်းထုတ်လေကာစနစ်ကို ဝယ်ယူရန်အတွက် အာဖရိကအပါအဝင် အရှေ့တောင်အာရှနိုင်ငံ စုစုပေါင်း ၉ နိုင်ငံမှ အမှာစာများရရှိခဲ့ခြင်း ကြောင့် ယခုကဲ့သို့ ရောင်းချရန်ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်သည်။ Akash လေကာစနစ်တစ်ခုစီ၌ Rajendra 3D Passive Electronically Scanned Array Radar ၁ ခု၊ ဒုံးကျည် ၃ စင်းပါ ပစ်လွှတ်မှုစနစ် ၄ ခု တပ်ဆင်ထားသည်။ စနစ်တစ်ခုစီသည် ပစ်မှတ် ၆၄ ခုကို မှတ်ပုံတင်ထားနိုင်ပြီး ၁၂ ခုကို ပစ်ခတ်နိုင်မည်ဖြစ်သည်။ ဒုံးကျည်စနစ်သည် ၆၀ ကီလိုဂရမ်လေးပြီး၊ ၎င်းကို […]

Continue Reading

မြန်မာအတွက် အိန္ဒိယမှဝယ်မည့် ကိုဗစ်ကာကွယ် ဆေးသည် အမေရိကန်ဒေါ်လာ ၅ဒေါ်လာခန့်အထိသာရှိ

မြန်မာအတွက် အိန္ဒိယမှဝယ်မည့် ကိုဗစ်ကာကွယ် ဆေးသည် အမေရိကန်ဒေါ်လာ ၅ဒေါ်လာခန့်အထိသာရှိ မြန်မာနိုင်ငံအတွက် အိန္ဒိယနိုင်ငံမှ ဝယ်ယူမည့် ကိုဗစ်ကာကွယ်ဆေးသည် အမေရိကန်ဒေါ်လာ ၄ဒေါ်လာ/၅ဒေါ်လာခန့်သာရှိတယ်လို့ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။ အိန္ဒိယနိုင်ငံ Serum Institute of India ထံက COVID-19 ကာကွယ်ဆေး အလုံးရေ (၁၅)သန်းဝယ်ယူနိုင်ရန် မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံတို့အကြား နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို ဒီဇင်ဘာလ ၂၄ရက်နေ့က လက်မှတ်ရေး ထိုးခဲ့ကြတာဖြစ်ပါတယ်။ “အိန္ဒိယကဝယ်ယူတဲ့ ကာကွယ်ဆေးက အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ ဗြိတိန် AstraZeneca ကထုတ်တဲ့ ကာ ကွယ်ဆေးဖြစ်ဖို့များပါတယ်။ ဈေးနှုန်းကလည်း ၄ဒေါ်လာ ၅ဒေါ်လာဝန်းကျင်သာ ရှိပါတယ်”လို့ ၎င်းက ပြော ပါတယ်။ အိန္ဒိယနိုင်ငံမှာ AstraZeneca ကိုဗစ်ကာကွယ်ဆေးအား သန်း […]

Continue Reading

ဗြိတိန်က ကူးစက်မြန်အမျိုးအစားနဲ့မတူတဲ့ ဗီဇပြောင်းကိုဗစ်ပိုးကို မြန်မာနိုင်ငံမှာတွေ့

ဗြိတိန်က ကူးစက်မြန်အမျိုးအစားနဲ့မတူတဲ့ ဗီဇပြောင်းကိုဗစ်ပိုးကို မြန်မာနိုင်ငံမှာတွေ့ ဗြိတိန်က ကူးစက်မြန်အမျိုးအစားနဲ့မတူတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။အဲဒီပိုးမှာ ရခိုင်ပြည်နယ် စစ်တွေမှာတွေ့ခဲ့တဲ့ ကူးစက်မြန်အမျိုးစားနဲ့ (D614G) နဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေတူညီပြီး တခြားမျိုးဗီဇပြောင်းလဲမှုတချို့ကိုပါ ယှဉ်တွဲတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပိုးကို ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းက ကိုဗစ်အတည်ပြုလူနာ (၂၂) ယောက်ရဲ့ ဓါတ်ခွဲနမူနာတွေကနေ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။အခုတွေ့တဲ့ ပိုးကတော့ ပိုးဗီဇအမျိုးအစား GH strain (D614G + Q57H ဗီဇပြောင်း)၊ မျိုးဗီဇနွယ် (Lineage: B.1.36) ဖြစ်တယ်လို့ ဆိုပါတယ်။ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံတချို့မှာတွေ့တဲ့ ကူးစက်မြန်ဗီဇပြောင်းပိုးကတော့ ( Lineage: B.1.1.7 ) ဖြစ်ပါတယ်။ အခုတွေ့ရှိမှုရလဒ်ကိုတော့ နိုင်ငံတကာအသိမှတ်ပြု (US […]

Continue Reading

တောင်တရုတ်ပင်လယ်၌ ၁၀ ရက်တာပြုလုပ်မည့်စစ်ရေးလေ့ကျင့်မှုတွင် Shandong လေယာဉ်တင်သင်္ဘောအသစ်နှင့်အတူ Type 075 များလည်းပါဝင်မည်

တောင်တရုတ်ပင်လယ်၌ ၁၀ ရက်တာပြုလုပ်မည့်စစ်ရေးလေ့ကျင့်မှုတွင် Shandong လေယာဉ်တင်သင်္ဘောအသစ်နှင့်အတူ Type 075 များလည်းပါဝင်မည် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်၊ ဟိုင်နန်ပတ်ဝန်းကျင်ရှိ ရေပြင်တွင် (၁၀) ရက်ကြာ စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်နေပြီဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ယနေ့စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း SCMP သတင်းဌာန ကအစီရင်ခံဖော်ပြသွားသည်။ တစ်ပြိုင်နက်တည်းပြုလုပ်သော လေ့ကျင့်မှုသုံးခုသည် တရုတ်နိုင်ငံ၏စစ်ရေးအရှိန်အဟုန်ကို မြင့်မားစေရန် ရည်ရွယ်သလို စစ်ရေးလေ့ကျင့်မှုတွင် ပြီးခဲ့သည့်နှစ်က တရုတ်ရေတပ်သို့ တပ်တော်၀င်ရောက်ခဲ့ပြီး လာမည့်လအနည်းငယ်အတွင်း တိုက်ပွဲဝင်အသင့်ဖြစ်လာမည့် အသစ်စက်စက် ပြည်တွင်းထုတ် လေယာဉ်သင်္ဘော Shandong လည်းပါဝင်မည်ဖြစ်သည်။ ထို့အပြင် ကမ်းတက်တိုက်ပွဲများအတွက်ပါ အသုံးပြုနိုင်မည့် Type 075 အမျိုးအစားရေယာဉ်များလည်းပါဝင်မည်ဖြစ်သလို စစ်လက်နက်အသစ်များကိုလည်း တပ်ဆင်စမ်းသပ်မည်ဖြစ်သည်ဟုသိရှိရသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် တရုတ်တပ်မတော်၏ နှစ်ပတ် လည်လေ့ကျင့်ရေးအစီအစဉ်များထဲမှ တစ်ခုဖြစ်သည်ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။လေ့ကျင့်မှုများ ကြန့်ကြာနေရခြင်းမှာ ကိုဗစ်ကူးစက်ဗိုင်းရပ်စ်ကြောင့် ဖြစ်သည်ဟုလည်း […]

Continue Reading

အမေရိကန်ကဒေါ်လာ၂ဘီလီယံကမ်းလှမ်းသော်လည်းအစ္စရေးနဲ့ဆက်ဆံရေးဘယ်တော့မှအဆင်ပြေမှာမဟုတ်ဟုအင်ဒိုနီးရှားဆို

အမေရိကန်က ဒေါ်လာ ၂ ဘီလီယံကမ်းလှမ်းသော်လည်း အစ္စရေးနဲ့ ဆက်ဆံ ရေး ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဟု အင်ဒိုနီးရှားဆို အမေရိကန်က ဒေါ်လာ ၂ ဘီလီယံကမ်းလှမ်းသော်လည်း အင်ဒိုနီးရှား ထိပ် တန်းလွှတ်တော်အမတ်တစ်ဦးက သူ၏တိုင်းပြည်သည် အစ္စရေးနှင့်ပုံမှန် ဆက်ဆံရေးကိုဘယ်တော့မျှ ပုံမှန်ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။ အင်ဒိုနီးရှားအောက်လွှတ်တော်အတွင်း ပါလီမန်များအကြား ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာကော်မတီဥက္ကဌ Fadli Zon ကမူ အမေရိကန်သည် အစ္စရေး နှင့်ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန်အတွက် ၎င်းတို့နိုင်ငံ၏ စီးပွားရေးအခြေ အနေများ တိုးတက်ကောင်းမွန်လာစေရန် ဖိအားများစွာ ပေးခဲ့သည်ဟုဆိုသည်။ Parliamentarians for Jerusalem Association မှကျင်းပသော အစည်းအ ဝေးတွင် Zon က အစ္စရေးအပေါ်ထားရှိသော အမေရိကန်၏ ဘက်လိုက်မှုနှင့် ပါလက်စတိုင်းတို့၏အခွင့်အရေးများကို လျစ်လျူရှုခြင်းတို့ကြောင့် […]

Continue Reading

အရှေ့အလယ်ပိုင်းတွင်အဘယ်ကြောင့်ဒီမိုကရေစီမထွန်းကားခဲ့ရသနည်း

အရှေ့အလယ်ပိုင်းတွင် အဘယ်ကြောင့် ဒီမိုကရေစီ မထွန်းကားခဲ့ရသနည်း လွန်ခဲ့သည့် ဆယ်နှစ်က တူနီရှားရှိ ပြည်နယ် အုပ်ချုပ်ရေးမှုး ရုံး ရှေ့တွင်မိုဟာမက် ဘွာဇာဇီ ဆိုသော လူငယ်ကလေးတဦးသည် “ကျုပ် အဖို့ ရှေ့လျောက် ဘယ်လိုများ ဝမ်းရေးအတွက် လုပ်ကိုင် စားသောက်ရတော့မှာတုန်း” ဟုလည်း ဟစ်အော်ရင်းက မိမိကိုယ် မိမိ ဓါတ်ဆီလောင်းကာ မီးရှို့ အသေခံ ဆန္ဒပြသွားခဲ့သည်။မိုဟာမက် သည် သစ်သီးဝလံများကို လက်တွန်းလှည်းလေးဖြင့် လှည့်လည် ရောင်းချနေသူ ဖြစ်သည်။ သို့သော် မြူနီစပယ် အာဏာပိုင်းများက ၎င်းတွင် ထိုသို့ ရောင်းချရန် ပါမစ် မရှိဆိုကာ လှည်းကို သိမ်းယူလိုက် ကြသည်။ တကယ်တမ်းတွင် ၎င်းတို့တောင်းသည့် ငွေကို မပေးနိုင်ခဲ့ခြင်းကအဓိက အကြောင်းရင်း ဖြစ်သည်။မိုဟာမက် အဖို့ က ထိုသို့ […]

Continue Reading

အာရှနိုင်ငံများတို့ရဲ့ကိုဗစ်ကာကွယ်ဆေးကြိုပြီးမှာထားကြမှုအခြေအနေ

အာရှ-ပစိတ်ဖိတ်နိုင်ငံများတို့ရဲ့ကိုဗစ်ကာကွယ်ဆေး ကြိုပြီးမှာထားကြမှုအခြေအနေ၊အနေအထားများ အန္ဒိယကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးအရေအတွက်ကို အနည်းဆုံး၁.၆ဘီလီယံလောက်အထိမှာထားပြီးဖြစ်သည်။Novavaxကာကွယ်ဆေး၁ဘီလီယံ၊AstraZeneca ကာကွယ်ဆေးအလုံးရေ သန်း၅၀၀နှင့် ရုရှားရဲ့Sputnik Vကာကွယ်ဆေး သန်း၁၀၀အထိ ကြိုတင်အော်ဒါမှာထားပြီးဖြစ်သည်။အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကတော့ ဇန်နဝါရီလထဲ၌ ကာကွယ်ဆေးထိုးနှံပေးမှုတွေ စတင်လုပ်နိုင်မည်ဟု ဆိုထားသည်။ကျန်းမာရေးအရာရှိတွေကတော့လူဦးရေ ၁.၃ဘီလီယံတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့က အချိန်တနှစ်လောက် ယူရလိမ့်မည်လို့ ဆိုထားကြပါသည်။AstraZenecaကာကွယ်ဆေး၊Sputnik Vနှင့်Covaxinဆေးတို့ကို အရေးပေါ် သုံးခွင့်ပြုရန်ရှိနိုင်ပြီး AstraZenecaကိုတော့ နောက်တပတ်ထဲလောက်မှာ အရေးပေါ်သုံးခွင့်ပြုနိုင်ချေရှိပါသည်။ ဂပွနြPfizerကာကှယဆြေး သနြး ၁၂၀၊AstraZenecaကာကှယဆြေး သနြး၁၂၀၊Modernaကာကှယဆြေး သနြး၅၀နှငြ့Novavaxကာကှယဆြေး သနြး၂၅၀အထိမှာထားပှီးလညြးဖှဈသညြ။Pfizerကတော့ဂပွနြ အစိုးရ ကနွြးမာရေးဝနကြှီးဌာနအား၎င်းငျးငြးကာကှယဆြေးကို အရေးပေါသြုံးခှငြ့ပှုရနြ လွှောကထြားပှီးဟု Kyodo သတငြးဌာနကအစီရငခြံ ဖောပြှထားပါသညြ ။Johnson&Johnsonကာကှယဆြေးနှငြ့လညြးဆှေးနှေးမှုတှေ လုပနြပေါသညြ။ထို့အပှငဂြပွနဆြေးဝါးကုမျပဏီShionogiကလညြးကာကှယဆြေး ပထမအဆငြ့ စမြးသပမြှုကိုဒီနှဈမကုနခြငြ စမြးသပသြှားရနြ ရှိနပှေီး၊၂၀၂၁ခုနှဈအကုနြ၌ လူဦးရေ သနြး၃၀တို့အတှကြ လုံလောကမြှု ရှိနိုငမြညြ့ အရအတှေကြ ပမာဏကြို ထုတလြုပသြှားရနြ စီစဥထြားပါသညြ။ တောင်ကိုးရီးယားAstraZenecaကာကွယ်ဆေး […]

Continue Reading

၂၀၃၅ခုနှစ်တွင် ၂၅ခုမြောက် ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံဖြစ်လာမည်ဟု ဘင်္ဂလားဒေ့ရှ်ဆို

ကူးစက်ရောဂါကပ်ကြောင့် တုန့်ဆိုင်းခဲ့ရသော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရာမစီမံကိန်းကြီးများကို အရှိန်မြင့်တည်ဆောက်နေ။ ဒါကာမက်ထရိုရထားလမ်း၊ မြစ်ဖြတ်ရေအောက်ယာဉ်သွား ဥမင်၊ နျူကလီယာဓါတ်အားပေးစက်ရုံ စသည်တို့ဖြင့် ၂၀၃၅-ခုနှစ်တွင် ၂၅-ခုမြောက် ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံဖြစ်လာမည် ၂၀၂၀ ခုနှစ် ကမ္ဘာကြီးသည် မကြုံစဖူး ကိုရိုနာဗိုင်းပ်စ်ကပ်ရောဂါအကြပ်အတည်းကြောင့် ဂျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌လည်း ဆုတ်ယုတ်မှုများ ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း မဟာခရီးရှည်လမ်းကြောင်းတွင် နှေးကွေးသော်လည်း နောက်ချန်နေခြင်း မရှိကြောင်း ဒါကာအခြေစိုက် bdneww24 ဒစ်ဂျစ်တယ် မီဒီယာက ယမန်နေ့ ဖော်ပြသည်။ ဗိုင်းရပ်စ်ပိုးဆက်လက်ပျံ့နှ့ံခြင်း မရှိစေရန် Lockdown တားးဆီးကန့်သတ်ခြင်းခြင်းများ ပြုလုပ်ခဲ့ရသည့်အတွက် ရှိတ်ဟာစီနာအစိုးရ၏ ပက်ဒမာတံတားစီမံကိန်း၊ ဒါကာမက်ထရိုရထားလမ်းနှင့် ကာနာပူလီရေအောက်ဥမင်တို့ကဲ့သို့ အဓိကကျသော အခြေခံစီးပွားရေး အဆောက်အအုံများတည်ဆောက်ရေး မီဂါပရောဂျက် များမှာ အရှိန်လျော့ကျခဲ့ရသည်။ နိုင်ငံခြားသားအလုပ်သမားများနှင့် အင်ဂျင်နီယာများမှာလည်း အိမ်ပြန်သွားခဲ့ကြရသည်။ သို့သော်လည်း နှစ်ကုန်ပိုင်းအရောက် ယခုအချိန်တွင် […]

Continue Reading

ရန်ကုန်တွင်မြေအောက်ရေကို ထုတ်ယူသုံးစွဲနိုင်သောပမာဏထက် ရာခိုင်နှုန်းပြည့်ကျော်လွန်သုံးစွဲနေတာကြောင့် မြေကျွံခြင်းများဖြစ်နိုင်

ရန်ကုန်တွင် မြေအောက်ရေကို ထုတ်ယူသုံးစွဲနိုင်သောပမာဏထက် ရာခိုင်နှုန်းပြည့်ကျော်လွန်သုံးစွဲနေတာကြောင့် မြေကျွံခြင်းများဖြစ်နိုင် ရန်ကုန်၊ ဒီဇင်ဘာလရန်ကုန်မြို့၏ လက်ရှိ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုသည် ထုတ်ယူနိုင်သည့် ပမာဏ၏ ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်သုံးစွဲလျက်ရှိကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးက်ရေးအသင်းမှ သိရပါတယ်။ရန်ကုန်မြို့တွင် စည်ပင်သာယာရေးကော်မတီပိုင်အဝီစိတွင်း ၅၂၆ တွင်းရှိပြီး သာကေတ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) စသည့်မြို့နယ်တို့တွင် အများဆုံးရှိကာ အဆိုပါတွင်းများမှ နေ့စဉ် ရေဂါလန် သန်း ၂၀ ထုတ်ယူသုံးစွဲလျက်ရှိကြောင်း သိရပါတယ်။ မြေအောက်ရေကို အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် မြေနိမ့်ကျခြင်း၊ ပင်လယ်နားနီးပါက ရေငန်ဝင်ရောက်ခြင်း၊ ဆောက်ပြီးသား အဆောက်အအုံများ ဆိုးကျိုးခံစားရခြင်း၊ မြေအောက်ရေ Level ကျဆင်းခြင်းတို့ဖြစ်ပေါ်ကြောင်း သိရပါတယ်။ထို့ကြောင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီအနေဖြင့် အဝီစိတွင်းရေ သုံးစွဲမှုလျှော့ချနိုင်ရန် အဝီစိတွင်း ၅၀၀ ကျော်ကို ၂၀၂၅ခုနှစ်တွင် ပိတ်သိမ်းရန် စီစဉ်ထားကြောင်း […]

Continue Reading

ဒီနေ့အိမ်မှာဆန်ကုန်နေလို့ဆန်သွားဝယ်ရင်းနဲ့အမေရိက မှာရောင်းနေကြတဲ့ဆန်တွေအကြောင်းကိုပြောပြချင်လို့ပါ

ဒီနေ့ အိမ်မှာ ဆန်ကုန်နေလို့ ဆန်သွားဝယ်ရင်းနဲ့ အမေရိက မှာ ရောင်းနေကြတဲ့ ဆန်တွေအကြောင်းကို ပြောပြချင်လို့ပါ အမေရိကန်လူမျိုးတွေက ထမင်းဆိုတာကို ၁လနေလို့ တခါမစားကြတဲ့ လူမျိုးတွေဖြစ်တာကြောင့် သူတို့အိမ်တွေမှာ ဆန်ဆိုတာကို ဘယ်တော့မှ ဝယ်မထားကြပါဘူးအမေရိကရောက်နေကြတဲ့ အာရှလူမျိုးတွေနဲ့ အိန္ဒိယအပါအဝင် Middle East ဒေသက လူမျိုးတွေ Spanish လို့ခေါ်တဲ့ လက်တင်အမေရိက က လူမျိုးတွေသာ ဆန်ကို အဓိကထား စားသုံးကြပါတယ်။ အမေရိကန်လူမျိုးတွေကိုသာ အဓိကထားပြီး ဆန်တွေသွင်းရောင်းမယ်ဆိုရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူးအမေရိကကို ဆန်တွေ အကြီးအကျယ်တင်ပို့ပြီး စျေးကွက်ကိုချုပ်ကိုင်ထားတဲ့ တိုင်းပြည်တွေကတော့၊ထိုင်း၊ဗီယက်နမ်၊အိန္ဒိယ နဲ့ ပါကစ္စတန် တွေဘဲဖြစ်ပါတယ်ထိုင်းနဲ့ ဗီယက်နမ်က Jasmine Rice လို့ခေါ်တဲ့ မွှေးကြိုင်ပြီး ဆန်လုံးလည်းရှည်တဲ့ ဆန်မျိုးတခုထဲကိုသာ အဓိကထားပြီး သွင်းပါတယ် ဒီဆန်မျိုးက ပျော့ပျော့ပြောင်းပြောင်းနဲ့ အဆီများပြီး […]

Continue Reading