ရွေးကောက်ပွဲရလဒ်ပြောင်းလဲရန်ကြိုးပမ်းမှုမှန်သမျှ ဆန့်ကျင်ကြောင်းသံရုံးများကြေညာ

Local News

ရွေးကောက်ပွဲရလဒ် ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှ ဆန့်ကျင်ကြောင်း သံရုံးများကြေညာ

ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေသော ကြိုးပမ်း အားထုတ်မှု မှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်င်ငံဆိုင်ရာ ဥရောပနိုင်ငံများ၏ သံရုံးအသီးသီးက ကြေညာ ချက် ထုတ်ပြန်လိုက်သည်။

တပ်မတော်ဘက်က အာဏာသိမ်းနိုင်ခြေရှိကြောင်း သတင်းများ ထွက်ပေါ်လာနေစဉ် ဇန်နဝါရီလ၂၉ ရက်တွင် သြစတြေး လျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံး၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးများက စုပေါင်းကြေညာချက် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေး၊ နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး မြှင့်တင်နိုင်ရန် ကြိုးပမ်း အားထုတ်နေမှုကို အားပေးထောက်ခံပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အသစ် စတင်ရေးနှင့် သမ္မတသစ် ရွေးချယ် တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နိုင်ရေးကို မျှော်လင့်သည်ဟု သံရုံးများ၏ ကြေညာချက်တွင် ရေးသားထားသည်။

တပ်မတော်နှင့် နိုင်ငံအတွင်းရှိ အခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနေနှင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာ စောင့်ထိန်းကြရန်လည်း သံရုံးများက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲစာရင်းကိစ္စကို အကြောင်းပြု၍ အစိုးရနှင့် တပ်မတော်တို့ကြား ၂ ဖက် တင်းမာလျက်ရှိပြီး နှစ်ဖက် ပြေလည်ရန် ဆွေးနွေးညှိနှိုင်းနေကြသော်လည်း တိကျသည့် အဖြေတစုံတရာ ထွက်မလာဘဲ ရှိနေသည်။

IrrawadyNews မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi

Leave a Reply