မြောက်ပိုင်း၄ဖွဲ့နှင့်တပ်မတော်ပဏာမအပစ်ရပ်သဘောတူစာချုပ်ချုပ်ဆိုတော့မည်

မြောက်ပိုင်း၄ဖွဲ့နှင့်တပ်မတော်ပဏာမအပစ်ရပ်သဘောတူစာချုပ်ချုပ်ဆိုတော့မည် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့တပ်မတော်တို့ ပဏာမအပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုတော့မယ်လို့ ငြိမ်းချမ်းရေးကော်မရှင်ကပြောခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တပ်မတော် ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီဇင်ဘာ ၃၀ ရက်နေ့က အွန်လိုင်းကနေတဆင့် တွေ့ဆုံခဲ့ပြီးနောက်မှာ အခုလို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ တပ်တော်တို့ ပဏာမအပစ်ရပ်လက်မှတ် ထိုးဖို့သဘောတူညီချက်ရလာတာဖြစ်ပါတယ်။ လက်မှတ်ထိုးနိုင်ဖို့နဲ့ ဖေဖော်ဝါရီလ ၄ ရက် မတိုင်ခင်မှာတွေ့နိုင်ဖို့ နှစ်ဖက်ကြိုးစားနေပြီး လောလောဆယ်မှာတော့ အချိန်နဲ့နေရာညှိနေတုန်းပဲလို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကပြောပါခဲ့တယ်။ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး နောက်မှာ NCA လမ်းကြောင်းအတိုင်း ဆက်သွားမလား၊ […]

Continue Reading

ကမ္ဘာ့ကပ်ရောဂါကိုင်တွယ်ဖြေရှင်းမှုအကောင်းဆုံး ညွှန်းကိန်းစာရင်းတွင် မြန်မာအဆင့်(၂၄)နေရာ၌ ရပ်တည်

ကမ္ဘာ့ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုအကောင်းဆုံး ညွှန်းကိန်းစာရင်းတွင် မြန်မာအဆင့်(၂၄)နေရာ၌ ရပ်တည် ဆစ်ဒနီ – သြစတြေးလျနိုင်ငံအ ခြေစိုက် အမှီအခိုကင်းသောတတ် သိပညာရှင်များအဖွဲ့ဖြစ်သည့် Lowy Insistitute က ထုတ်ပြန် သည့် COVID-19 ကမ္ဘာ့ကပ်ရော ဂါ ကိုင်တွယ်ဖြေရှင်းနိုင်မှုအ ကောင်းဆုံးစာရင်းတွင်မြန်မာနိုင် ငံက အဆင့်(၂၄)၌ရပ်တည်နေ ကြောင်း ဖော်ပြထားသည်။ Lowy Institute က၎င်းတို့ရ ရှိနိုင်သမျှ အချက်အလက်များကို အခြေခံ၍ယင်းညွှန်းကိန်းအားပြု စုထားရာ နယူးဇီလန်၊ဗီယက်နမ် နှင့်တိုင်ပေတို့က ထိပ်ဆုံးသုံးနေ ရာ၌ ရပ်တည်နေသည်။ ယင်းတတ်သိပညာရှင်များ အဖွဲ့က အတည်ပြုလူနာအရေ အတွက်၊ အတည်ပြုသေဆုံးသူ အရေအတွက်၊ လူတစ်သန်းတွင် အတည်ပြုလူနာအရေအတွက်၊ လူတစ်သန်းတွင် အတည်ပြုထား သည့်သေဆုံးသူအရေအတွက်၊ စစ်ဆေးမှုအချိုးအစားအလိုက်အ တည်ပြုလူနာအရေအတွက်နှင့် လူတစ်ထောင်လျှင်စစ်ဆေးသူ အရေအတွက် စသောအချက် ခြောက်ချက်အပေါ် အခြေခံ၍ […]

Continue Reading

စစ်တပ်ကအာဏာသိမ်းရင်ပူးပေါင်းခုခံမယ်ဆိုတဲ့KNU

အာဏာသိမ်းရင် နိုင်ငံတကာ တပ်တွေအပြင်ကဝင်လာ တိုင်းရင်းသား တပ်တွေက ပြည်တွင်းက ပြန်ဆော်ကြသာဝရဲ့နေဝင်ချိန် ဘယ်နှစ်ရက်ကျန်မလဲ မတွေးရဲဘူးကွာ စစ်တပ်က အာဏာသိမ်းရင် ပူးပေါင်းခုခံမယ်ဆိုတဲ့ KNU “ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးကြိုးပမ်းနေ ချိန်တွင် တပ်မတော်ကအာဏာ သိမ်းသည့် အခြေအနေမျိုးမလို လားကြောင်း တွန်းပို့လာပါကလည်း တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူများ၊ အနိုင်ရပါတီနှင့် အခြားပါတီများ နိုင်ငံရေးအရ ပူးပေါင်းခုခံမည် KNU တပ်မဟာ(၅) တာဝန်ရှိသူပဒိုမန်းမန်း တန်းတူအခွင့်အရေးမရှိ သည့် ဒီမိုကရေစီမကျသည့်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲ နိုင်ရေးအတွက် ဖျက်သိမ်းပါက အကောင်းဆုံးဖြစ် သော်လည်း စစ်အာဏာသိမ်းရန် ရည်ရွယ်ပြီး ဖျက်သိမ်းမည်ဆိုပါ က စဉ်းစားချက်ချင်း မတူကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅) ပြောရေး ဆိုခွင့်ရှိသူ ကပြော ကြားသည်။ ၎င်းတို့အနေဖြင့် […]

Continue Reading

အသံကြောင့်ဖားသေသွားတဲ့သာ၀နှင့်အာဏာသိမ်းမှာမစိုးရိမ်တဲ့NLD

အသံကြောင့် ဖားသေသွားတဲ့ သာဝ ဇော်မင်းထွန်းက အာဏာသိမ်းမယ် ပြောတယ်နောက်တစ်နေ့မှာ မင်းအောင်လှိုင်ကအခြေခံဥပဒေကို ဖျက်မယ်ပြောတယ်နောက်တစ်နေ့မှာ NLD က အာဏာသိမ်းမှာမစိုးရိမ်ဘူး။ ဥပဒေအတိုင်း ဆက်သွားမယ်လို့ပြောတယ်။ နောက်တစ်နေ့မှာ ကုလသမဂ္ဂ အပါအဝင်မြန်မာနိုင်ငံမှာ ရှိတဲ့ သံရုံးတွေအားလုံးက တစ်နေ့တည်း တစ်ချိန်ထဲမှာ ကြေညာချက်ထုတ်ပြီးရွေးကောက်ပွဲ အောင်မြင်မှုအတွက် တက်လာမယ့်အနိုင်ရပါတီနဲ့ မဲပေးခဲ့တဲ့ ပြည်သူလူထုကို ချီးကျူးဂုဏ်ပြုလိုက်ပြီး လွှတ်တော်သစ်နဲ့ အစိုးရသစ္ကို ကြိုဆိုကြောင်းစစ်တပ်နဲ့ ကြံ့ဖွတ်ကို ဒီမိုကေရစီ လုပ်ငန်းစဉ်တွေကိုမနှောင့်ယှက်ဖို့ ပြတ်ပြတ်သားသား သတိပေးလိုက်တယ်။အစိုးရကို အာဏာသိမ်းမယ်လို့ ခြိမ်းခြောက်နေတဲ့စစ်တပ်အတွက် ပြန်ရမယ့် ရလာဒ်ကတော့စစ်တပ်ဟာ အစိုးရလက်အောက်မှာ မရွိဘူး စစ်တပ်ဟာ ခုချိန်ထိ အကျင့်ဆိုးတွေ မပြင်သေးဘူးစစ်တပ်ဟာ ပြည်သူလူထုအများစုဆန္ဒကို မျက်နှာမမူဘူးစစ်တပ်နဲ့ သူ့အောက်ဆွဲပါတီတွေဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက် အကြီးမားဆုံး အနှောင့်အယှက်တွေ ဖြစ်တယ်ဆိုတာကို တစ်ကမ္ဘာလုံးက ရှင်းရှင်းလင်းလင်း သိသွားပါပြီ။ အကယ်၍သာ […]

Continue Reading

တရုတ်သည်ဗီယက်နမ်နှင့်မြန်မာနယ်စပ်တံတိုင်းများ ပြန်လည်တည်ဆောက်မည်ဟုဆို

ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် တရုတ်သည် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နှင့် မြန်မာတို့နှင့် နယ်စပ်နံရံများအား ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ “ဒါကအမျိုးသားရေးအဆင့် အစီအစဉ်တစ်ခုနဲ့တူတယ်”ဟု UNSW Canberra မှ အရှေ့တောင်အာရှ ကျွမ်းကျင်သူနှင့် ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer က ဆိုသည်။တရုတ်အစိုးရပိုင် မီဒီယာ ဆင်ဟွာသတင်းများအရ ဗီယက်နမ်နိုင်ငံရှိ စီမံကိန်းတွင် Beilun မြစ်တစ်လျှောက်တွင် ဆူးဝါယာကြိုးဖြင့်ပြည့်နေသည့် ၄.၅ မီတာမြင့်သော သံခြံစည်းရိုး ပါဝင်သည်။ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား တည်ဆောက်ခဲ့သော ဒေါ်လာ ၂၉ သန်းတန် စီမံကိန်းသည် ၁၂ ကီလိုမီတာရှည်လျားပြီး ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် လူများအား မှောင်ခိုလုပ်ခြင်းကို တားဆီးရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်အကြားရှိ […]

Continue Reading

ထိုင်းတွေကတော့မြန်မာဟန်ပန်တွေပါဝင်တဲ့ အငွေ့အသက်တွေနဲ့ ခရီးသွားကဏ္ဍကို ဆွဲဆောင်ပြီး ငွေရှာနေပြီ။

ထိုင်းတွေကတော့ မြန်မာဟန်ပန်တွေပါဝင်တဲ့ အငွေ့အသက်တွေနဲ့ ခရီးသွားကဏ္ဍကို ဆွဲဆောင်ပြီး ငွေရှာနေပြီ။

Continue Reading

သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့နဲ့မြန်မာ့ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့နဲ့ မြန်မာ့ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ အလွန် စိုးရိမ် ပူပန်စွာနဲ့ စောင့်ကြည့်လေ့လာ နေကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက Stéphane Dujarric ပြောပါတယ်။ ပါဝင်ပတ်သက်နေသူ အားလုံးအနေနဲ့ သွေးထိုး လှုံ့ဆော် ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့၊ ခေါင်းဆောင်မှုကို ပြသဖို့၊ ဒီမိုကရေစီ စံနှုန်းတွေကို စောင့် ထိန်း လိုက်နာဖို့နဲ့ နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလက်ခံဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်း တယ်လို့လည်း ပြောခွင့်ရ Stéphane Dujarric က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ […]

Continue Reading

ရွေးကောက်ပွဲရလဒ်ပြောင်းလဲရန်ကြိုးပမ်းမှုမှန်သမျှ ဆန့်ကျင်ကြောင်းသံရုံးများကြေညာ

ရွေးကောက်ပွဲရလဒ် ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှ ဆန့်ကျင်ကြောင်း သံရုံးများကြေညာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေသော ကြိုးပမ်း အားထုတ်မှု မှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်င်ငံဆိုင်ရာ ဥရောပနိုင်ငံများ၏ သံရုံးအသီးသီးက ကြေညာ ချက် ထုတ်ပြန်လိုက်သည်။ တပ်မတော်ဘက်က အာဏာသိမ်းနိုင်ခြေရှိကြောင်း သတင်းများ ထွက်ပေါ်လာနေစဉ် ဇန်နဝါရီလ၂၉ ရက်တွင် သြစတြေး လျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံး၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးများက စုပေါင်းကြေညာချက် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေး၊ နိုင်ငံတော်အတွင်း […]

Continue Reading

တရုတ်တို့ကတော့အဆန်းတွေလုပ်ြပန်ပီး(သွေးဆွဲသီးရောင်းချမှုများ တရုတ်လူမှုမီဒီယာတွင် အငြင်းပွားစရာဖြစ်နေ)

သွေးဆွဲသီးရောင်းချမှုများ တရုတ်လူမှုမီဒီယာတွင် အငြင်းပွားစရာဖြစ်နေ ကိုယ့်သွေးကို အသုံးပြု ပြီး ချစ်ရသူများသို့ လက်ဆောင် ပေးကြရန် ဝယ်ယူသူများအား တိုက်တွန်းမှုကြောင့် တရုတ်လူမှု မီဒီယာတွင် အငြင်းပွားနေကြ သည်။Taobao အရောင်းဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည့် လမ်း ညွှန်ဗီဒီယိုအရ ဝယ်ယူသူများ သည် ကိုယ့်လက်ဖျားထိပ်ကို အပ်ဖြင့်ဖောက်ပြီး ညှစ်ကာ သွေးစက် ကို ဗြက်နှင့် အလျား ၂၀ စင်တီ မီတာဝန်းကျင်ရှိ ဖန်ဆွဲသီးထဲ ထည့်ရမည်ဖြစ်သည်။ ချစ်ရသူတစ်ဦးက ပေးသော ယင်းသွေးဆွဲသီးက လက်ခံရရှိသူ ၏ ကံဆိုးကံညံ့များနှင့် မကောင်း ဆိုးဝါးများကို ပျက်ပြယ်စေနိုင် သည်ဟု ရေးသားထားသည်။ယင်းထုတ်ကုန်သည် Taobao တွင် ရောင်းအားကောင်း နေသည်။ ‘‘ဒါမျိုးတွေ ဘာကြောင့်လုပ် နေတာပါလိမ့်’’ဟု Taobao အသုံးပြုသူတစ်ဦးက မေးမြန်းရာ […]

Continue Reading

စစ်ရေးလှုပ်ရှားမှုများဖေဖော်ဝါရီ၂၈ရက်အထိရပ်ဆိုင်းကြောင်းတပ်မတော်ကြေညာ

စစ်ရေးလှုပ်ရှားမှုများ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ မြန်မာနိုင်ငံတဝန်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက လွဲလို့ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်ညမှာ ထုတ်ပြန် ကြေညာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်ဆွေးနွေးနိုင်ဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ကမ္ဘာတဝန်းရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကိုလွယ်ကူစွာဆောင်ရွက်နိုင်ဖို့အတွက် နောက်ထပ် တစ်လ ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေ […]

Continue Reading