အာဏာသိမ်းစစ်အစိုးရကဖေ့ဘွတ်အသုံးပြုမှုကို စတင်ကန့်သတ်

Local

အာဏာသိမ်းစစ်အစိုးရက ဖေ့ဘွတ်အသုံးပြုမှုကို စတင်ကန့်သတ်

လက်ရှိကာလမှာ အဖျက်အမှောက်လုပ်နေသူတွေက Facebook လူမှုကွန်ရက်ကို အသုံးပြုပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့၊ အများပြည်သူကြား အထင်အမြင်လွဲမှားစေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ မဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ပင်ခဲ့တာပါ။

Facebookအသုံးမပြုနိုင်ရေးအတွက်
ဆက်သွယ်ရေးအော်ပရေတာတွေ၊ International Gateway ဆောင်ရွက်ခွင့်ရှိသူတွေ၊ ISP (Internet Service Provider)တွေအနေနဲ့ အကြောင်းကြားတဲ့အချိန်ကစပြီး ဖေဖော်ဝါရီ ၇ရက်နေ့ထိပိတ်ထားဖို့ ညွှန်ကြားထားတဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားစာဟာ ဖေဖော်ဝါရီ ၃ရက်နေ့ညပိုင်းက လူမှုကွန်ရက်မှာ ပြန့်နှံ့လာတာပါ။

ဒီမနက်ပိုင်းမှာတော့ အော်ပရေတာတစ်ချို့က Facebook ကို အသုံးပြုလို့မရအောင် စတင်ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။ ဒီလို Facebook ကိုပိတ်ပင်ဖို့ ညွန်ကြားချက်ရှိလာတာကိုလဲ တယ်လီနောမြန်မာက သတင်းထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဝန်ကြီးဌာနဘက်ကို ဆက်သွယ်လို့မရသေးပါဘူး။
ဒီလိုဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ‌တော့ဝေဖန်မှုတွေရှိနေပါတယ်။

DVB

zawgyi

Leave a Reply