မြန်မာစစ်အာဏာသိမ်းမှုကိုထောက်ခံတယ်လို့ပြောတာ တရုတ်ငြင်းဆန်

Local

မြန်မာစစ်အာဏာသိမ်းမှုကို ထောက်ခံတယ်လို့ပြောတာ တရုတ်ငြင်းဆန်

မြန်မာစစ်တပ် အာဏာသိမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံတယ် ဒါမှမဟုတ် တိတ်တဆိတ် သဘောတူညီမှု ပေးခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေကို တရုတ်အစိုးရက ငြင်းဆို လိုက်ပါတယ်။

ဆက်စပ်ပြောကြားနေတဲ့ သီအိုရီတွေက မှန်ကန်မှု မရှိပါဘူး။ မြန်မာနိုင်ငံက အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်လို့ ဘက်အားလုံးက သဘောထား ကွဲလွဲတာတွေကို သင့်မြတ်စွာနဲ့ ဖြေရှင်းနိုင်ဖို့ နဲ့ နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်မှု ရှိဖို့ ဆန္ဒပြုပါတယ်။လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ WANG WENBIN က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပြောကြားချက် အသေးစိတ် အချက် အလက်တွေ ပေါက်ကြားခဲ့တဲ့ အပေါ်မှာလည်း တရုတ်နိုင်ငံက ပြစ်တင် ဝေဖန်လိုက်ပါတယ်။

အင်္ဂါနေ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှုနဲ့ ဒေါ်အောင်းဆန်းစုကြည် အပါအဝင် ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေကို ထိန်းသိမ်းထားတာကို ပြစ်တင် ရှုတ်ချကြောင်း ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့တဲ့ စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ထိတ်လန့် ဝေခွဲမရ ဖြစ်ခဲ့ရတယ် လို့လည်း ပြောပါတယ်။

အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံက လေသံ ပျော့ပျော့နဲ့ ပြောကြားမှုက မြန်မာနိုင်ငံထဲ တရုတ်ရဲ့ စီးပွားရေး အကျိုးစီးပွား ကြောင့် လို့ အိန္ဒိယ ယူပီအိုင် သတင်းဌာနက ပြောပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး မြန်မာ့ ကုန်သွယ်ရေးရဲ့ ၃ ပုံ ၁ ပုံ ရှိတယ်လို့ ၂၀၁၉-၂၀၂၀ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေ အရ သိရပါတယ်။

VOA

zawgyi

Leave a Reply