စီမံကိန်းတွေကတရုတ်ကြီးတယောက်ထဲလုပ်ဖို့ရှိတာလား(တရုတ်အမြန်ရထားတွေတကယ်လာတော့မှာလား)

Local News

တရုတ်အမြန်ရထားတွေ တကယ်လာတော့မှာလား။

ဒီကနေ့ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဥ်မှာ မန္တလေး-ကျောက်ဖြူ အမြန်ရထားလမ်းစီမံကိန်းဖြစ်နိုင်ချေလေ့လာဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီလေ့လာမှုကို မန္တလေး-မူဆယ်အမြန်ရထားလမ်းစီမံကိန်းကို ဖြစ်နိုင်ချေလေ့လာခဲ့တဲ့ တရုတ်ကုမ္ပဏီကပဲ ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။

၅၀၀ ကီလိုမီတာအရှည်ရှိတဲ့ မန္တလေး-မူဆယ်အမြန်ရထားလမ်းစီမံကိန်းဟာ ကန်‌‌ဒေါ်လာသန်း ၉,၀၀၀ ကုန်ကျမှာဖြစ်ပြီး၊ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းနဲ့ မောင်းနိုင်မှာဖြစ်ပါတယ်။ မန္တလေး-ကျောက်ဖြူရထားလမ်းကတော့ ၆၅၀ ကီလိုမီတာရှည်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်မှာ တရုတ်ကုမ္ပဏီတစ်ခုကို ဦးသိန်းစိန်အစိုးရက ခွင့်ပြုချထားပေးခဲ့တာပဲဖြစ်ပါတယ်။

တရုတ်တို့က ဦးသိန်းစိန်အစိုးရကို ကန်ဒေါ်လာသန်း ၇,၅၀၀ ဖိုးအဆိုပြုလျာထားခဲ့ပေမယ့်၊ NLD အစိုးရက တရုတ်ကြွေးမြီထောင်ချောက်ထဲကျမှာစိုး၍ ဒေါ်လာသန်း ၁၃၀၀ အထိ လျှော့ချကာ စာချုပ်ပြင်ချုပ်နိုင်ခဲ့ပါတယ်။

Modern high speed train at the railways station.

Ref: 7Day Daily
Photo: Getty Images
Zin Min Nyein မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
တရုတ်အမြန်ရထားတွေ တကယ်လာတော့မှာလား။

ဒီကနေ့ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မှာ မန္တလေး-ကျောက်ဖြူ အမြန်ရထားလမ်းစီမံကိန်းဖြစ်နိုင်ချေလေ့လာဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီလေ့လာမှုကို မန္တလေး-မူဆယ်အမြန်ရထားလမ်းစီမံကိန်းကို ဖြစ်နိုင်ချေလေ့လာခဲ့တဲ့ တရုတ်ကုမ္ပဏီကပဲ ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။

Leave a Reply