ကမ္ဘာ့ကပ်ရောဂါကိုင်တွယ်ဖြေရှင်းမှုအကောင်းဆုံး ညွှန်းကိန်းစာရင်းတွင် မြန်မာအဆင့်(၂၄)နေရာ၌ ရပ်တည်

Local News

ကမ္ဘာ့ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုအကောင်းဆုံး ညွှန်းကိန်းစာရင်းတွင် မြန်မာအဆင့်(၂၄)နေရာ၌ ရပ်တည်

ဆစ်ဒနီ – သြစတြေးလျနိုင်ငံအ ခြေစိုက် အမှီအခိုကင်းသောတတ် သိပညာရှင်များအဖွဲ့ဖြစ်သည့် Lowy Insistitute က ထုတ်ပြန် သည့် COVID-19 ကမ္ဘာ့ကပ်ရော ဂါ ကိုင်တွယ်ဖြေရှင်းနိုင်မှုအ ကောင်းဆုံးစာရင်းတွင်မြန်မာနိုင် ငံက အဆင့်(၂၄)၌ရပ်တည်နေ ကြောင်း ဖော်ပြထားသည်။

Lowy Institute က၎င်းတို့ရ ရှိနိုင်သမျှ အချက်အလက်များကို အခြေခံ၍ယင်းညွှန်းကိန်းအားပြု စုထားရာ နယူးဇီလန်၊ဗီယက်နမ် နှင့်တိုင်ပေတို့က ထိပ်ဆုံးသုံးနေ ရာ၌ ရပ်တည်နေသည်။

ယင်းတတ်သိပညာရှင်များ အဖွဲ့က အတည်ပြုလူနာအရေ အတွက်၊ အတည်ပြုသေဆုံးသူ အရေအတွက်၊ လူတစ်သန်းတွင် အတည်ပြုလူနာအရေအတွက်၊ လူတစ်သန်းတွင် အတည်ပြုထား သည့်သေဆုံးသူအရေအတွက်၊ စစ်ဆေးမှုအချိုးအစားအလိုက်အ တည်ပြုလူနာအရေအတွက်နှင့် လူတစ်ထောင်လျှင်စစ်ဆေးသူ အရေအတွက် စသောအချက် ခြောက်ချက်အပေါ် အခြေခံ၍ ယင်းညွှန်းကိန်းအား ပြုစုထား ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၉၈ နိုင်ငံ ပါဝင်သည်။

အာဆီယံတွင် ဗီယက်နမ်က ထိပ်ဆုံးနေရာ၌ရှိနေပြီး ယင်း နောက်တွင် ထိုင်း(ကမ္ဘာ့အဆင့် တွင်-၄)၊ စင်ကာပူ(ကမ္ဘာ့အဆင့် တွင်-၁၃)၊ မလေးရှား(ကမ္ဘာ့ အဆင့်တွင်-၁၆)၊ မြန်မာ(ကမ္ဘာ့ အဆင့်တွင်-၂၄)၊ ဖိလစ်ပိုင် (ကမ္ဘာ့အဆင့်တွင်-၇၉)နှင့်အင်ဒို နီးရှား(ကမ္ဘာ့အဆင့်တွင်-၈၅)တို့ အစဉ်လိုက်ရပ်တည်နေသည်။

ယင်းညွှန်းကိန်းကိုယင်းနိုင် ငံများတွင် ရောဂါကူးစက်သူရာ နှင့်ချီ၍ရှိလာပြီးနောက် ယခုနှစ် ဇန်နဝါရီ ၉ ရက်အထိ ရရှိထား သည့်အချက်အလက်များအပေါ်အခြေခံ၍ပြုစုထားခြင်းဖြစ်သည် ဟု Lowy Institute က ဖော်ပြထားသည်။ လူတစ်ဦးချင်းစီကိုအခြေခံ ၍ စစ်ဆေးမှုများပို၍ပြုလုပ်ခြင်း က ကမ္ဘာ့ကပ်ရောဂါကျယ်ပြန့်ပုံ ကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပိုမိုတိကျစေပြီးရောဂါကူး စက်ခံထားရကြောင်း စစ်တွေ့ရှိ သည့်နှုန်း လျော့နည်းခြင်းက COVID-19 ရောဂါကူးစက်မှုများ အား ထိန်းချုပ်နိုင်မှုပိုများကြောင်း ဖော်ပြနေသည်ဟု Lowy Institute က ဖော်ပြထားသည်။

ချမ်းသာသော နိုင်ငံများ သည် ဗိုင်းရပ်စ်ပထမဆုံးထွက် ပေါ်လာချိန်၌ လျင်မြန်စွာလွှမ်းမိုး ခံရသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ ၏အစိုးရများမှာ ကြိုတင်ကာ ကွယ်ရန် အချိန်ပိုရခဲ့ကာ ပို၍အံ့ သြစရာကောင်းသည်မှာ ဖွံ့ဖြိုး ဆဲနိုင်ငံများသည် ကမ္ဘာ့ကပ်ရော ဂါစောစောပိုင်းအခြေအနေများ အား နိုင်နင်းစွာထိန်းချုပ်နိုင်ခဲ့ ကြောင်း Lowy Institute က ဖော် ပြထားသည်။ သို့သော် ယင်းဖွံ့ဖြိုး ဆဲနိုင်ငံများသည်၂၀၂၀ နှစ်ကုန် ပိုင်းတွင် ရောဂါကူးစက်သူပိုများ လာခြင်းနှင့် စတင်ကြုံတွေ့ခဲ့ရ ကြောင်း ယင်းတတ်သိပညာရှင် များအဖွဲ့က ပြောကြားသည်။

Ref:Lowy Institute
7DayNews မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi

Leave a Reply