MYTEL မှအင်ဂျင်နီယာ၇၁ဦးယနေ့တွင်ရာထူးမှ နုတ်ထွက်မှုများပြုလုပ်

Local

MYTEL မှ အင်ဂျင်နီယာ ၇၁ ဦး ယနေ့တွင် ရာထူးမှ နုတ်ထွက်မှုများ ပြုလုပ်

Mytel စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာစုစုပေါင်း ၇၁ ဦး လက်ရှိတာဝန်ထမ်း ဆောင်နေသော ရာထူးမှ နုတ်ထွက် ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်ရှိ Mytel စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာ ၇၁ ဦးသည် တပ်မတော်မှ အာဏာသိမ်းခြင်း ကို အပြင်းအထန်ရူတ်ချပြီး ရာထူးမှ နုတ်ထွက်ကြောင်းသိရသည်။

“ကျွန်တော်တို့အနေဖြင့် ပြည်သူရွေးချယ်တင်မြောက်ထားသော ရွေးကောက်ခံ အစိုးရကိုသာ အလိုရှိသည် ဖြစ်ပြီး အမှန်တရားအတွက် အများပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ထုတ်ပြန်ထား သည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်တွင်ပြုလုပ်ခဲ့သော နိုင်ငံတော်အာဏာ သိမ်းကြေညာချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင် ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် အချုပ်အခြာအာဏာ၏မူလပိုင်ရှင်ဖြစ်သော နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုလုပ်ခြင်းဖြစ်ပါသဖြင့် တစ်မျိုးသားလုံးနှင့်အတူ ရွံရှာစက်ဆုပ်မှုများစွာဖြင့် အပြင်းအထန် ရူတ်ချကြောင်း ရေးသားထားသည်။

လက်ရှိအချိန်တွင် နိုင်ငံ့ဝန်ထမ်းအချို့မှာလည်း တာဝန်မှနုတ်ထွက်မူ များရှိနေသည်။

PeopleMedia

zawgyi

Leave a Reply