မြန်မာအတွက် အိန္ဒိယမှဝယ်မည့် ကိုဗစ်ကာကွယ် ဆေးသည် အမေရိကန်ဒေါ်လာ ၅ဒေါ်လာခန့်အထိသာရှိ

Local News

မြန်မာအတွက် အိန္ဒိယမှဝယ်မည့် ကိုဗစ်ကာကွယ် ဆေးသည် အမေရိကန်ဒေါ်လာ ၅ဒေါ်လာခန့်အထိသာရှိ

မြန်မာနိုင်ငံအတွက် အိန္ဒိယနိုင်ငံမှ ဝယ်ယူမည့် ကိုဗစ်ကာကွယ်ဆေးသည် အမေရိကန်ဒေါ်လာ ၄ဒေါ်လာ/၅ဒေါ်လာခန့်သာရှိတယ်လို့ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံ Serum Institute of India ထံက COVID-19 ကာကွယ်ဆေး အလုံးရေ (၁၅)သန်းဝယ်ယူနိုင်ရန် မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံတို့အကြား နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို ဒီဇင်ဘာလ ၂၄ရက်နေ့က လက်မှတ်ရေး ထိုးခဲ့ကြတာဖြစ်ပါတယ်။

“အိန္ဒိယကဝယ်ယူတဲ့ ကာကွယ်ဆေးက အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ ဗြိတိန် AstraZeneca ကထုတ်တဲ့ ကာ ကွယ်ဆေးဖြစ်ဖို့များပါတယ်။ ဈေးနှုန်းကလည်း ၄ဒေါ်လာ ၅ဒေါ်လာဝန်းကျင်သာ ရှိပါတယ်”လို့ ၎င်းက ပြော ပါတယ်။

အိန္ဒိယနိုင်ငံမှာ AstraZeneca ကိုဗစ်ကာကွယ်ဆေးအား သန်း ၄၀ခန့်အထိ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရ ပြီး ထုတ်လုပ်မှုပြီးပါက ဖြန့်ချီပေး သွားမှာဖြစ်သလို မြန်မာနိုင်ငံအနေနဲ့လည်း ကိုဗစ်ကာကွယ်ဆေးအချို့ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုကဲ့သို့ အိန္ဒိယနိုင်ငံမှာထုတ်လုပ်မည့် အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ AstraZeneca ကာကွယ်ဆေးသည် တစ် ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အသုံးပြုသွားရန်ရှိတယ်လို့ မျှော်လင့်ထားကြောင်း သိရကာ ထိုကာကွယ်ဆေး သည် ၉၀ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Credit – MyanmaPlatForm

Leave a Reply