AAကိုအကြမ်းဖက်အဖွဲ့မှပယ်ဖျက်ပေးရန်ANPအဆိုတင်

Local News

ရက္ခိုင့်စစ်တပ် (AA) အဖွဲ့ကို “အကြမ်းဖက်အဖွဲ့” အဖြစ်မှ ပယ်ဖျက်ပေးရန် အတွက် ရခိုင်အမျိုးသားပါတီ (ANP) မှ မြောက်ဦး အမတ် ဦးထွန်းသာစိန် က ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်း အဝေးတွင် အဆိုတင်သွင်းခဲ့သည်။
ယင်းအဆိုကို တင်ခဲ့သည့် ဦးထွန်းသာစိန်က “အမှန်တကယ်ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်။ ထာဝရ ငြိမ်းချမ်းရေးကို သွားမယ်ဆိုလို့ ရှိရင် ဒီငြိမ်းချမ်းရေးကို သွားမယ့်လမ်းမှာ အဟန့်အတား၊ အတား၊ အဆီး၊ စူးညှောက်ခလုတ်တွေဖြစ်နေတဲ့ အကြမ်းဖက်ဆိုတဲ့ အမည်နာမကို ပယ်ဖျက်ပေးရမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်အပြီး ဧရာဝတီနှင့် တွေ့ ဆုံစဉ် ပြောသည်။

အဆို၏ အပြည့်အစုံမှာ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ သတ်မှတ် ကြေငြာထားသော ULA / AA အား ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ် အစိုး ရအဖွဲ့မှ ပြည် ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း ဟူ၍ ဖြစ်သည်။

တပ်မတော်နှင့် စစ်ရေးအလွန်ပြင်းထန်ခဲ့ပြီး သဘောထား အလွန် တင်းမာခဲ့သည့် ရက္ခိုင့်စစ်တပ် (AA) အဖွဲ့က နိုင်ဝင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် အစိုးရနှင့် တပ်မတော်တို့ အပေါ် မေတ္တာရပ်ခံ ကြေငြာချက် တစောင်ထုတ်ပြန်ခဲ့သည်။
AA ကြေငြာချက်ထုတ်ပြီးသည့်နှင့် တပြိုင်တည်း တပ်မတော်ကလည်း ချက်ချင်း ဆိုသလို ထိုထုတ်ပြန်ချက်အပါ် ကြိုဆို လက်ခံကြောင်း သဘောထား ကြေငြာချက်အပြန်အလှန် ထုတ်ပြန်ခဲ့ကြသည်။

ထိုနှစ်ဘက်ကြေငြာချက်ထုတ်ပြန်သည့်နောက်ပိုင်း မြေပြင် အခြေအနေတွင် သေနတ် သံများ တိတ်ဆိတ်သွားပြီး တိုက်ပွဲများလည်း မရှိတော့သဖြင့် ဒေသခံပြည် သူများအနေဖြင့် ထိုရလဒ်ကြောင့် အေးချမ်းချမ်းဖြင့် လုပ်ကိုင်စား သောက်နေကြကာ ငြိမ်းချမ်းရေးဆိုသည့် အသီးအပွင့်ကို လိုလားတောင်းတနေကြသည်ဟုလည်း ဦးထွန်းသာစိန်က ဆိုသည်။
၎င်းက “နှစ်နှစ်နီးပါးထိတိုက်ပွဲတွေ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် နှစ်ဘက် သဘောထား ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ လက်တွေ့မြေပြင်မှာ ပစ်သံခတ်သံတွေမကြားရတော့ဘူး။ တိုက်ပွဲတွေ မရှိကြတော့ဘူး။ ဆိုတော့ ပြည်သူတွေ ကလည်း လွတ်လပ်လွတ်လပ် သွားလာလှုပ်ရှားနေကြတယ်။ တောင်သူတွေလည်း ညဘက်အထိ စပါးရိပ်သိမ်းနေကြတယ်။ ဒါတွေဟာ အပစ်အခတ်ရပ်စဲ ခြင်းရဲ့ သက်ရောက်တဲ့ အကျိုးတရားတွေဖြစ်တယ်” ဟု ဆိုသည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဒုဥက္ကဋ္ဌ လည်းဖြစ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးကျော်ဇောဦး ကလည်း ငြိမ်းချမ်းရေးအတွက် ပိတ်ဆို့နေသည့် အကြမ်းဖက်ဆိုသည့် သတ်မှတ်ချက်ကို ဖြေလျှော့ပြီး ပြောင်းလဲပစ်မှ တခြားသောအဆင့်တွေကို တက်လမ်းနိုင်မည်ဖြစ်ကြောင်း ပြောသည်။
၎င်းက “ULA/AA ကို အကြမ်းဖက်အဖွဲ့အစည်းက ပယ်ဖျက်မယ့်အရေးဟာ ရှေးလာမည့် ငြိမ်းချမ်းရေးအတွက် အားလုံးရဲ့ ပထမဆုံး ဘုံခြေလှမ်းဖြစ်တယ်။ လာမယ့် ရခိုင်ပြည်နယ်အရေးမှာ ပိတ်ဆို့နေမယ့်အရာ အားလုံးမှာ ဒီဟာ တခုကို ဖြေလျော့ပြီး စပြီးတော့ ပြောင်းလဲပစ်လိုက် မှသာလျှင် အခြား အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်တယ်။ ကျနော်တို့ ပါတီအ နေနဲ့လည်း အဲလိုပဲ မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုနှင့်ပတ်သက်ပြီး ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုအပေါ် ဆက်လက်ဆွေးနွေးရန် လွတ်တော်၏ သဘောထားကို ရယူခဲ့ရာ ကန့်ကွက်သူ မရှိသဖြင့် လာမည့်လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။
AA အဖွဲ့ကို မတရားအသင်း အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ၂၀၂၀ ခုနှစ် မတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တပြိုင် တည်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ထုတ် ပြန် ကြေညာထားသည်။

သုံးနှစ်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) အဖွဲ့တို့ကြားတွင် ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာ ကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နှစ်ဘက်တိုက်ပွဲများ ရပ်တန့်သွားခဲ့ရာ ပြည် တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေးလေ့လာသူများကပင် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။
ကျင်း ပပြီးစီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ် အတွင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲ လုံးဝ ကျင်းပနိုင်ခြင်း မရှိပေ။

IrrawadyNews မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရန် ANP အဆိုတင်

Leave a Reply