ပြင်ဦးလွင်မြို့နယ်တွင်မြေဧက၂၀၀ အားဒေသခံတောင်သူများကဦးစွာလျှောက်ထားမှုကိုကျော်လွန်၍လုပ်ငန်းရှင်လေးဦးအား နှစ်ရှည်သီးနှံစိုက်ပျိုးရန် နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့သည်ဟုဆိုကာတိုင်တန်းမှုများပြုလုပ်ထား

Local News

ပြင်ဦးလွင်မြို့နယ်တွင် မြေဧက ၂၀၀ အား ဒေသခံတောင်သူများက ဦးစွာလျှောက်ထားမှုကိုကျော်လွန်၍ လုပ်ငန်းရှင်လေးဦးအား နှစ်ရှည်သီးနှံစိုက်ပျိုးရန် နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့သည်ဟုဆိုကာ တိုင်တန်းမှုများပြုလုပ်ထား

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေဧက ၂၀၀ အား ဒေသခံတောင်သူများက လုပ်ပိုင်ခွင့် ဦးစွာလျှောက်ထားမှုကို ကျော်လွန်၍ မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်လေးဦးအား နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်းနှင့် အဂတိလိုက်စားမှုများရှိခဲ့သည်ဟုဆိုကာ ဒေသခံ ၄၅ ဦးက လက်မှတ်ထိုး တိုင်ကြားမှုများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအတွင်းက ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်အရှေ့ကျေးရွာ၊ကွင်းအမှတ်(၆၉၂/၇၆၄)ကွင်းရှိ မြေလွတ်၊မြေလပ်အဖြစ် တည်ရှိနေသည့် မြေဧက၂၆၅ ဧကအနက် ဧက၂၀၀ ကို မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးမင်းမင်းသန့်၊ ဦးကျော်ဇေယျ၊ ဦးသန်းလွင်နှင့် ဦးကျော်နိုင်စိုးတို့ လေးဦးကို နှစ်ရှည်ပင်၊ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ပြုမိန့်ကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်ထိ နှစ် ၃၀ လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ ၄င်းတို့လေးဦးအား ချထားပေးခဲ့သည့်မြေနေရာသည် ကော်ဖီစိုက်ပျိုးမှု မအောင်မြင်သဖြင့် ပုဂ္ဂလိကထံမှ နိုင်ငံတော်ကပြန်လည်သိမ်းယူခဲ့ပြီး လုပ်ငန်းလုပ်ကိုင်စိုက်ပျိုးလိုသူများ အနေဖြင့်လျှောက်ထားနိုင်ကြောင်း ကြေညာသဖြင့် ပင်လိန်အရှေ့ကျေးရွာမှ ဒေသခံများကလည်း လျှောက်ထားခဲ့ကြောင်း၊ သို့သော် ၄င်းတို့ဒေသခံများထက်ကျော်လွန်ပြီး မန္တလေးမှစီးပွားရေးလုပ်ငန်းရှင်လေးဦးမှ မြေဧက၂၀၀ ရရှိသွားကြောင်းသိရသဖြင့် ဒေသခံငါးဦးမှ ကန့်ကွက်လွှာတင်ခဲ့ကြောင်း သိရသည်။

“ အစိုးရရဲ့မူဝါဒအရ ဒေသခံတောင်သူတွေဦးစားပေးချရမယ်လို့ပါထားပြီးသားကို အခုလို စီးပွားရေးလုပ်ငန်းရှင်တွေချထားပေးမှုအပေါ် မေးခွန်းထုတ်ချင်ပါတယ်။ ပထမဆုံး ကျွန်တော်တို့ပုံစံ(၁)စလျှောက်ကတည်းက လုပ်ငန်းရှင်တွေထက်စောပြီး နှစ်လကျော် သုံးလလောက် စောလျှောက်ခဲ့တယ်။ ဒါပေမယ့် လျှောက်တဲ့သူတွေအတွက် ကန့်ကွက်လွှာခေါ်တဲ့အချိန်မှာ လုပ်ငန်းရှင်တွေက သူတို့လျှောက်တဲ့အချိန်နဲ့နှစ်လပဲကွာတယ်။ ကျွန်တော်တို့ဒေသခံတောင်သူတွေကို တစ်နှစ်ခြောက်လနဲ့လေးရက်၊ အဲဒီတော့မှ ကန့်ကွက်လွှာခေါ်နိုင်တယ်။ အဲဒါဘာလို့လဲ။ လုပ်ငန်းရှင်တွေကို နှစ်လပဲကြာပေမယ့် ကျွန်တော်တို့ တစ်နှစ်ခြောက်လကျော်ကြာခဲ့တယ်။ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ ဒေသခံတောင်သူဘက်ကပဲ ရပ်တည်ရတဲ့သူ။ ဒါပေမယ့် ခုကိစ္စမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကနေ လုပ်ငန်းရှင်တွေကို သဘောထားမှတ်ချက်ပေးခဲ့တယ်။ သူကသာ ဒေသခံတောင်သူတွေတွက်စဉ်းစားခဲ့မယ်ဆိုရင် လုပ်ငန်းရှင်တွေဘက်က သဘောထားမှတ်ချက်မပေးဘဲနေလို့ရတယ်။ မြေပြင်မှာလည်း တောင်သူတွေလျှောက်နေတာပဲ။ အဲဒါကို သူတို့ဘာလို့သဘောထားမှတ်ချက်ရသွားရတာလဲ။

လာဘ်ပေးလာဘ်ယူမှုကြောင့်လား။ အထက်ကဖိအားကြောင့်လား။ မေးချင်ပါတယ်။ကျွန်တော်တို့တွေက ဒေသခံတောင်သူတွေလည်းဖြစ်တယ်။ စောလည်းစလျှောက်ရဲ့သားနဲ့ မရခဲ့ဘူး။ အဆင့်တိုင်းကသူတွေကိုမေးချင်တယ်။ ဘယ်လိုမူဝါဒတွေနဲ့ချပေးခဲ့တာလဲ ” ဟု ပင်လိန်အရှေ့ကျေးရွာမှ ဒေသခံ ကိုနိုင်ဝင်းထွန်းက ပြောကြားသည်။
အဆိုပါ မြေဧက ၂၀၀ အား လုပ်ငန်းရှင်လေးဦးအား လုပ်ပိုင်ခွင့်ပြုခဲ့မှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ လယ်ယာစိုက်ပျိုးမွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်းက ၂၀၁၂ ခုနှစ်ကတည်းကပင် မြေလွတ်မြေရိုင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါဥပဒေနှင့်အညီ မြေလွတ်မြေရိုင်းများကို ချထားပေးကြောင်း၊ မန္တလေးတိုင်းမြေလွတ်မြေရိုင်းကော်မတီတွင် ၁၉ ဦးဖြင့်ဖွဲ့စည်းထားကာ ဌာဆိုင်ရာများ၊တောင်သူလယ်သမား ကိုယ်စားလှယ်ကဲ့သို့ ပြင်ပပုဂ္ဂိုလ်များ၊ လွတ်လပ်သော ရှေ့နေများစသည်တို့ဖြင့် ဖွဲ့စည်းထားကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့မြေလွတ်မြေရိုင်းကော်မတီမှာ အစိုးရနဲ့ပတ်သက်သူဆိုတာ နှစ်ဦးပဲပါတယ်။ ဝန်ကြီးချုပ်နဲ့ ကျွန်တော်ဒေါက်တာစိုးသန်းပါ။ ကျန်တာကတော့ ဌာနဆိုင်ရာတွေပဲဖြစ်ပါတယ်။ ဌာနဆိုင်ရာကတော့ ဥပဒေနဲ့ညီတဲ့သူကိုပဲ ဝိုင်းဝန်းဆွေးနွေးပြီး ထောက်ခံကြတာပါ။ ဥပဒေနဲ့ညီခြင်း မညီခြင်းပေါ်မှာပဲဆုံးဖြတ်ပါတယ်။ အစိုးရနဲ့နီးစပ်ခြင်း၊ မနီးစပ်ခြင်းပေါ်မှာ မဆုံးဖြတ်ပါဘူး။ နောက်တစ်ချက်က မြေလွတ်မြေရိုင်းသည် ပြည်သူအားလုံးလျှောက်ခွင့်ရှိတဲ့မြေအမျိုးစား ဖြစ်ပါတယ်။ လျှောက်ခွင့်ရှိတဲ့သူသည် ဥပဒေနဲ့ညီရင် ၊သူတို့ရဲ့စီမံချက်ဟာ တကယ်လုပ်ဆောင်တဲ့စီမံချက်ဖြစ်မယ်ဆိုရင် ခွင့်ပြုတာပဲဖြစ်ပါတယ်။ အစိုးရနဲ့နီးစပ်ခြင်း၊မနီးစပ်ခြင်းနဲ့ မပတ်သက်ပါဘူး” ဟု ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

ထိုသို့လုပ်ပိုင်ခွင့်ရသွားသူများသည် တိုင်းအစိုးရနှင့်နီးစပ်သူများဖြစ်ကြောင်း၊ အောင်နိုင်ရေးဆောင်ရွက်ခဲ့သူများဖြစ်သဖြင့် ယခုကဲ့သို့ ဒေသခံတောင်သူများထက်ကျော်လွန်ပြီး ရသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားမှုများလည်း ရှိနေသည်။
“ကျွန်တော်သိသလောက်တော့ NLD တိုင်းရုံးမှာ ထဲထဲဝင်ဝင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေ၊ နီးစပ်တဲ့သူတွေပေါ့။ ပုဂ္ဂိုလ်ရေး ရင်းရင်းနှီးနှီးနေတဲ့သူတွေပဲ။ ပြင်ဦးလွင်ဒေသခံလုံးဝမဟုတ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတ၊ အဂတိအပါဝင်သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအားလုံးကို တိုင်ကြားထားပါတယ်။ သူတို့ဆီကပြန်လာတဲ့စာတွေပေါ်မူတည်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားရမှာပါ။ တရားမျှတမှုမရှိဘဲချပေးခဲ့တာဆိုရင် ကျွန်တော်တို့အနေနဲ့ ပြန်တိုက်ရမှာပါ”ဟု ကိုနိုင်ဝင်းထွန်းက ပြောကြားသည်။

ယင်းသို့တိုင်တန်းရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အပါအဝင် ဌာနကိုးခုသို့တိုင်ကြားထားကြောင်း ၎င်းကဆိုသည်။
ဧက ၂၀၀ အား လုပ်ကိုင်ခွင့်ရသွားသူများအနက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသန်းလွင်က ၎င်းအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးဖြစ်သဖြင့် မြေနေရာများကို လိုက်လံကြည့်ရှုလေ့ရှိကြောင်း၊ ၄င်းတို့အနေဖြင့်လုပ်ထုံးလုပ်နည်းတိုင်းသာ မြေနေရာကို လျှောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြေယာအား တောင်သူနှင့်အစိုးရ မည်သူပိုင်ဆိုင်သနည်းဆိုသည်ကို ဦးစွာလာစုံစမ်းခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ရယူပြီး ထောက်ခံချက်ရမှသာ လျှောက်ထားနိုင်ခြင်းသာဖြစ်ကြောင်း ဆိုသည်။
“ အခုမြေ ရသွားတဲ့လေးယောက်မှာနှစ်ယောက်က ပွဲရုံ၊ တစ်ယောက်က ဆီစက်၊ တစ်ယောက်က အရောင်းဝယ်လုပ်ပါတယ်။ ဒီမြေကိုလုပ်ကိုင်ဖို့ သွားလေ့လာတဲအခါမှာလည်း အစိုးရပိုင်မို့လျှောက်တာပါ။ အစိုးရနဲ့နီးစပ်လို့၊ အောင်နိုင်ရေးလုပ်လို့ဆိုတာတွေက သူတို့စွပ်စွဲချက်တွေပါ။ အခုဆိုရင် ကျွန်တော်တို့မှာ အရမ်းနစ်နာပါတယ်။ နှစ်ရှည်ပင်စိုက်ဖို့ အစိုးရနဲ့စာချုပ် ချုပ်ထားရတယ်။ တစ်နှစ်ကို ၁၅ ရာခိုင်နှုန်းစိုက်ရမယ်။ ကျွန်တော်တို့အခုဘာမှလုပ်မရဘူး” ဟု အာရှသား ဆီစက်ပိုင်ရှင် ဦးသန်းလွင်က ပြောကြားသည်။

News-Eleven မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
ပြင်ဦးလွင်မြို့နယ်တွင် မြေဧက ၂၀၀ အား ဒေသခံတောင်သူများက ဦးစွာလျှောက်ထားမှုကိုကျော်လွန်၍ လုပ်ငန်းရှင်လေးဦးအား နှစ်ရှည်သီးနှံစိုက်ပျိုးရန် နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့သည်ဟုဆိုကာ တိုင်တန်းမှုများပြုလုပ်ထား

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေဧက ၂၀၀ အား ဒေသခံတောင်သူများက လုပ်ပိုင်ခွင့် ဦးစွာလျှောက်ထားမှုကို ကျော်လွန်၍ မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်လေးဦးအား နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်းနှင့် အဂတိလိုက်စားမှုများရှိခဲ့သည်ဟုဆိုကာ ဒေသခံ ၄၅ ဦးက လက်မှတ်ထိုး တိုင်ကြားမှုများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအတွင်းက ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်အရှေ့ကျေးရွာ၊ကွင်းအမှတ်(၆၉၂/၇၆၄)ကွင်းရှိ မြေလွတ်၊မြေလပ်အဖြစ် တည်ရှိနေသည့် မြေဧက၂၆၅ ဧကအနက် ဧက၂၀၀ ကို မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးမင်းမင်းသန့်၊ ဦးကျော်ဇေယျ၊ ဦးသန်းလွင်နှင့် ဦးကျော်နိုင်စိုးတို့ လေးဦးကို နှစ်ရှည်ပင်၊ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ပြုမိန့်ကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်ထိ နှစ် ၃၀ လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ ၎င်းတို့လေးဦးအား ချထားပေးခဲ့သည့်မြေနေရာသည် ကော်ဖီစိုက်ပျိုးမှု မအောင်မြင်သဖြင့် ပုဂ္ဂလိကထံမှ နိုင်ငံတော်ကပြန်လည်သိမ်းယူခဲ့ပြီး လုပ်ငန်းလုပ်ကိုင်စိုက်ပျိုးလိုသူများ အနေဖြင့်လျှောက်ထားနိုင်ကြောင်း ကြေညာသဖြင့် ပင်လိန်အရှေ့ကျေးရွာမှ ဒေသခံများကလည်း လျှောက်ထားခဲ့ကြောင်း၊ သို့သော် ၎င်းတို့ဒေသခံများထက်ကျော်လွန်ပြီး မန္တလေးမှစီးပွားရေးလုပ်ငန်းရှင်လေးဦးမှ မြေဧက၂၀၀ ရရှိသွားကြောင်းသိရသဖြင့် ဒေသခံငါးဦးမှ ကန့်ကွက်လွှာတင်ခဲ့ကြောင်း သိရသည်။

“ အစိုးရရဲ့မူဝါဒအရ ဒေသခံတောင်သူတွေဦးစားပေးချရမယ်လို့ပါထားပြီးသားကို အခုလို စီးပွားရေးလုပ်ငန်းရှင်တွေချထားပေးမှုအပေါ် မေးခွန်းထုတ်ချင်ပါတယ်။ ပထမဆုံး ကျွန်တော်တို့ပုံစံ(၁)စလျှောက်ကတည်းက လုပ်ငန်းရှင်တွေထက်စောပြီး နှစ်လကျော် သုံးလလောက် စောလျှောက်ခဲ့တယ်။ ဒါပေမယ့် လျှောက်တဲ့သူတွေအတွက် ကန့်ကွက်လွှာခေါ်တဲ့အချိန်မှာ လုပ်ငန်းရှင်တွေက သူတို့လျှောက်တဲ့အချိန်နဲ့နှစ်လပဲကွာတယ်။ ကျွန်တော်တို့ဒေသခံတောင်သူတွေကို တစ်နှစ်ခြောက်လနဲ့လေးရက်၊ အဲဒီတော့မှ ကန့်ကွက်လွှာခေါ်နိုင်တယ်။ အဲဒါဘာလို့လဲ။ လုပ်ငန်းရှင်တွေကို နှစ်လပဲကြာပေမယ့် ကျွန်တော်တို့ တစ်နှစ်ခြောက်လကျော်ကြာခဲ့တယ်။ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ ဒေသခံတောင်သူဘက်ကပဲ ရပ်တည်ရတဲ့သူ။ ဒါပေမယ့် ခုကိစ္စမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကနေ လုပ်ငန်းရှင်တွေကို သဘောထားမှတ်ချက်ပေးခဲ့တယ်။ သူကသာ ဒေသခံတောင်သူတွေတွက်စဉ်းစားခဲ့မယ်ဆိုရင် လုပ်ငန်းရှင်တွေဘက်က သဘောထားမှတ်ချက်မပေးဘဲနေလို့ရတယ်။ မြေပြင်မှာလည်း တောင်သူတွေလျှောက်နေတာပဲ။ အဲဒါကို သူတို့ဘာလို့သဘောထားမှတ်ချက်ရသွားရတာလဲ။

လာဘ်ပေးလာဘ်ယူမှုကြောင့်လား။ အထက်ကဖိအားကြောင့်လား။ မေးချင်ပါတယ်။ကျွန်တော်တို့တွေက ဒေသခံတောင်သူတွေလည်းဖြစ်တယ်။ စောလည်းစလျှောက်ရဲ့သားနဲ့ မရခဲ့ဘူး။ အဆင့်တိုင်းကသူတွေကိုမေးချင်တယ်။ ဘယ်လိုမူဝါဒတွေနဲ့ချပေးခဲ့တာလဲ ” ဟု ပင်လိန်အရှေ့ကျေးရွာမှ ဒေသခံ ကိုနိုင်ဝင်းထွန်းက ပြောကြားသည်။
အဆိုပါ မြေဧက ၂၀၀ အား လုပ်ငန်းရှင်လေးဦးအား လုပ်ပိုင်ခွင့်ပြုခဲ့မှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ လယ်ယာစိုက်ပျိုးမွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်းက ၂၀၁၂ ခုနှစ်ကတည်းကပင် မြေလွတ်မြေရိုင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါဥပဒေနှင့်အညီ မြေလွတ်မြေရိုင်းများကို ချထားပေးကြောင်း၊ မန္တလေးတိုင်းမြေလွတ်မြေရိုင်းကော်မတီတွင် ၁၉ ဦးဖြင့်ဖွဲ့စည်းထားကာ ဌာဆိုင်ရာများ၊တောင်သူလယ်သမား ကိုယ်စားလှယ်ကဲ့သို့ ပြင်ပပုဂ္ဂိုလ်များ၊ လွတ်လပ်သော ရှေ့နေများစသည်တို့ဖြင့် ဖွဲ့စည်းထားကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့မြေလွတ်မြေရိုင်းကော်မတီမှာ အစိုးရနဲ့ပတ်သက်သူဆိုတာ နှစ်ဦးပဲပါတယ်။ ဝန်ကြီးချုပ်နဲ့ ကျွန်တော်ဒေါက်တာစိုးသန်းပါ။ ကျန်တာကတော့ ဌာနဆိုင်ရာတွေပဲဖြစ်ပါတယ်။ ဌာနဆိုင်ရာကတော့ ဥပဒေနဲ့ညီတဲ့သူကိုပဲ ဝိုင်းဝန်းဆွေးနွေးပြီး ထောက်ခံကြတာပါ။ ဥပဒေနဲ့ညီခြင်း မညီခြင်းပေါ်မှာပဲဆုံးဖြတ်ပါတယ်။ အစိုးရနဲ့နီးစပ်ခြင်း၊ မနီးစပ်ခြင်းပေါ်မှာ မဆုံးဖြတ်ပါဘူး။ နောက်တစ်ချက်က မြေလွတ်မြေရိုင်းသည် ပြည်သူအားလုံးလျှောက်ခွင့်ရှိတဲ့မြေအမျိုးစား ဖြစ်ပါတယ်။ လျှောက်ခွင့်ရှိတဲ့သူသည် ဥပဒေနဲ့ညီရင် ၊သူတို့ရဲ့စီမံချက်ဟာ တကယ်လုပ်ဆောင်တဲ့စီမံချက်ဖြစ်မယ်ဆိုရင် ခွင့်ပြုတာပဲဖြစ်ပါတယ်။ အစိုးရနဲ့နီးစပ်ခြင်း၊မနီးစပ်ခြင်းနဲ့ မပတ်သက်ပါဘူး” ဟု ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

ထိုသို့လုပ်ပိုင်ခွင့်ရသွားသူများသည် တိုင်းအစိုးရနှင့်နီးစပ်သူများဖြစ်ကြောင်း၊ အောင်နိုင်ရေးဆောင်ရွက်ခဲ့သူများဖြစ်သဖြင့် ယခုကဲ့သို့ ဒေသခံတောင်သူများထက်ကျော်လွန်ပြီး ရသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားမှုများလည်း ရှိနေသည်။
“ကျွန်တော်သိသလောက်တော့ NLD တိုင်းရုံးမှာ ထဲထဲဝင်ဝင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေ၊ နီးစပ်တဲ့သူတွေပေါ့။ ပုဂ္ဂိုလ်ရေး ရင်းရင်းနှီးနှီးနေတဲ့သူတွေပဲ။ ပြင်ဦးလွင်ဒေသခံလုံးဝမဟုတ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတ၊ အဂတိအပါဝင်သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအားလုံးကို တိုင်ကြားထားပါတယ်။ သူတို့ဆီကပြန်လာတဲ့စာတွေပေါ်မူတည်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားရမှာပါ။ တရားမျှတမှုမရှိဘဲချပေးခဲ့တာဆိုရင် ကျွန်တော်တို့အနေနဲ့ ပြန်တိုက်ရမှာပါ”ဟု ကိုနိုင်ဝင်းထွန်းက ပြောကြားသည်။

ယင်းသို့တိုင်တန်းရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အပါအဝင် ဌာနကိုးခုသို့တိုင်ကြားထားကြောင်း ၎င်းကဆိုသည်။
ဧက ၂၀၀ အား လုပ်ကိုင်ခွင့်ရသွားသူများအနက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသန်းလွင်က ၎င်းအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးဖြစ်သဖြင့် မြေနေရာများကို လိုက်လံကြည့်ရှုလေ့ရှိကြောင်း၊ ၎င်းတို့အနေဖြင့်လုပ်ထုံးလုပ်နည်းတိုင်းသာ မြေနေရာကို လျှောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြေယာအား တောင်သူနှင့်အစိုးရ မည်သူပိုင်ဆိုင်သနည်းဆိုသည်ကို ဦးစွာလာစုံစမ်းခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ရယူပြီး ထောက်ခံချက်ရမှသာ လျှောက်ထားနိုင်ခြင်းသာဖြစ်ကြောင်း ဆိုသည်။

Leave a Reply