ဝါရှင်တန် မြန်မာသံရုံးအတွင်းဝန် နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပြီ

Local

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို မကျေနပ်တဲ့အတွက် ပထမဆုံး မြန်မာသံတမန်အရာရှိတဦးအနေနဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်ဟာ ရာထူးကနေ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပါပြီ။

ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ကိုယ်တိုင်လာရောက် ဆနပြခဲ့တဲ့ ဦးမောင်မောင်လတ်ကို ဗွီအိုအေက သီးသန့်မေးမြန်းရာမှာ သူနုတ်ထွက်ရတဲ့ အကြောင်းအရင်းကို အခုလိုပြောပါတယ်။

“ကျနော် ပထမအတွင်းဝန် မောင်မောင်လတ်ပါ။ မြန်မာသံရုံးကနေ နုတ်ထွက်လာတာပါ။ လူထုက တင်မြှောက်ထားတဲ့ NLD အစိုးရကို မတရားဖြင့် ဖမ်းဆီးပြီး၊ စစ်အာဏာသိမ်းတာကို မကျေနပ်လို့ ကျနော် အလုပ်က နုတ်ထွက်ခဲ့ပါတယ်။”

ဦးမောင်မောင်လတ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ အသေးစိတ်ကိုတော့ ကြာသပတေးနေ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ရုပ်မြင်သံကြား အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

VOA

Leave a Reply