အမေရိကန်သမ္မတဂျိုးဘိုင်ဒင်မှမြန်မာစစ်တပ်အား အာဏာစွန့်ရန်တောင်းဆို။

News

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်မှ မြန်မာစစ်တပ်အား အာဏာစွန့်ရန်တောင်းဆို။

အမေရိကန်သမ္မတဖြစ်ပြီးနောက် ပထမဦးဆုံးသောနိုင်ငံခြားပေါ်လစီပါတဲ့မိန့်ခွန်းကို မနေ့ကကြာသပတေးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီမိုကရေစီစနစ်အစစ်အမှန်မှာ – ပြည်သူလူထုရဲ့ဆန္ဒကို တပ်ဖွဲ့ကလွှမ်းမိုးဖို့ကြိုးစားတာမျိုး၊ လက်ခံနိုင်သောရွေးကောက်ပွဲရဲ့ရလဒ်ကို ပယ်ဖျက်ဖြစ်ဖို့ကြိုးစားတာမျိုး လုံးဝမလုပ်သင့်ဘူးဆိုတာ လုံးဝသံသယဖြစ်စရာမလိုဘူး”

မြန်မာစစ်တပ်အနေနဲ့ …
သူတို့သိမ်းထားတဲ့အာဏာကိုစွန့်လွှတ်ပါ။
ဖမ်းဆီးထားတဲ့ ထောက်ခံအားပေးသူတွေ၊ လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကိုလွှတ်ပေးပါ။
တယ်လီဖုံးဆက်သွယ်ရေးလိုင်းတွေကို ကန့်သတ်ထားတာပယ်ဖျက်ပေးပါ။
အကြမ်းဖက်မှုကိုရှောင်ရှားပါ။
လို့မိန့်ခွန်းထဲမှာထည့်ပြောသွားပါတယ်။

သမ္မတဂျိုးဘိုင်ဒင်က သူ့ရဲ့အိမ်ဖြူတော်လုံခြုံရေးအကြံပေးအရာရှိ Jake Sullivan ရဲ့မြန်မာနိုင်ငံဆိုင်ရာ ပြောကြားချက်အပြီးနာရီပိုင်းအကြာမှာ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်လုံခြုံရေးအကြံပေးအရာရှိ Jake Sullivan က – မြန်မာစစ်တပ်ကိုအထောက်အပံ့ဖြစ်စေမယ့်၊ တစ်ဦးတစ်ယောက်ချင်းစီနဲ့ စစ်တပ်ကထိန်းချုပ်ထားတဲ့စီးပွားရေးတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

သိရသမျှသတင်းကိုတင်ပေးနေပါကြောင်း။
ကာကွယ်ဆေးသတင်းများကိုအချိန်ရသလိုဦးစားပေးရေးပေးပါမယ်။

Richard Myo Thant
5-February -2021

zawgyi

Leave a Reply