သေဆုံးသွားတဲ့ ဇနီးကို တစ်နေ့ပြန်လည်ရှင်သန်လာနိုင်သည်ဟု မျှော်လင့်ချက်ဖြင့် ခေတ်မီနည်းပညာကို အသုံးပြုကာ နှစ်၅၀အကြာအထိ အေးခဲစေခဲ့တဲ့ အဖြစ်

Article News Social News

သေဆုံးသွားတဲ့ ဇနီးကို တစ်နေ့ပြန်လည်ရှင်သန်လာနိုင်သည်ဟု မျှော်လင့်ချက်ဖြင့် ခေတ်မီနည်းပညာကို အသုံးပြုကာ နှစ်၅၀အကြာအထိ အေးခဲစေခဲ့တဲ့ အဖြစ်

လူတွေအားလုံးဟာ ကိုယ်ချစ်ရသူအား စွန်လွှတ်ရန် မကြာခဏခက်ခဲလေ့ရှိကြပါတယ်။ အချို့ဟာ ၎င်းက သူတို့ထံမှထွက်သွားကြတဲ့အခါ ၎င်းကို လက်ခံဖို့ အတော်လေး ခက်ခဲကြရပါတယ်။အခုလည်း တရုတ်နိုင်ငံ Shandong ပြည်နယ်ရှိ အမျိုးသားတစ်ဦးဟာ တစ်နေ့မှာ ဇနီးဖြစ်သူအား ပြန်လည်အသက်ရှင်လျက် ပြန်တွေ့နိုင်အောင် သူ့ရဲ့ကွယ်လွန်သူဇနီးကို ၄ နှစ်ကြာသည်အထိ အေးခဲအောင် ပြုလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ Shandong မှ အဆိုပါဇနီးဖြစ်သူ Zhan Wenlian ဟာ အသက် (၄၉) နှစ်ပြီး ၂၀၁၇ မေလတွင် အဆုတ်ကင်ဆာဖြင့်ကွယ်လွန်သွားခဲ့ပါတယ်။Zhan သေဆုံးခါစတွင် ခင်ပွန်းဖြစ်သူ Gui ဟာ မစ္စ Zhan ရဲ့အလောင်းကို ခေတ်မီနည်းပညာ Cryogenics ဖြင့် နိုက်ထရိုဂျင်အရည်၌ အနုတ် ၁၉၆ ဒီဂရီစင်တီဂရိတ်တွင် သိုလှောင်ထားခဲ့ပါတယ်။

Wikipedia ရဲ့အဆိုအရ Cryogenics ဟာ အပူချိန်အနိမ့်ကို ကုသရန် သို့မဟုတ် ထိန်းသိမ်းရန်အတွက် အသုံးပြုပြီး ၎င်းသည် ဓာတ်ငွေ့မှ အရည်သို့အစိုင်အခဲအဖြစ်သို့ကူးပြောင်းသည့်အခါ ပစ္စည်းများကိုလေ့လာလိုသောသုတေသီများအတွက် စိတ်၀င်စားစရာ လေ့လာမှုတစ်ခုဖြစ်ပါတယ်။

Gui ဟာ သူ့ကိုယ်ပိုင်သုတေသနပြုခြင်းနှင့်နည်းပညာကိုဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့်ဆွေးနွေးပြီးနောက် သူ၏ဇနီးထံမှ ခွင့်ပြုချက်တောင်းဆိုခဲ့ပါတယ်။ထိုအချိန်တွင် Zhan ၏ကင်ဆာဟာ သူမရဲ့ဦးနှောက်သို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သလို သူမဟာ မိမိကိုယ်ကို မထိန်းချုပ်နိုင်သကဲ့သို့ သူမ၏မျက်နှာကြွက်သားကိုလည်း မထိန်းချုပ်နိုင်တော့ပါဘူး။

ထိုအချိန်မှာ Gui က ဇနီးဖြစ်သူအား cryogenic ဖြင့် ထိန်းသိမ်းထားရန်သဘောတူလျှင် သူ၏လက်ကို ဆုပ်ကိုင်ပေးရန် တောင်းဆိုခဲ့ပါတယ်။Zhanဟာ သူ့ရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ခဲ့ပါတယ်။

ထို့နောက် Gui က Zhan အား “ မင်းခဏတစ်ဖြုတ်အိပ်ရတော့မယ်” ဟု ပြောခဲ့ပါတယ်။မေလ ၈ ,၂၀၁၇ တွင် Zhan ရဲ့နှလုံးဟာ ရပ်တန့်သွားခဲ့ပြီးနောက် သူမဟာ Shandongရဲ့ Yinfeng Life Science Research Institute ၌ သူမ၏ခန္ဓာကိုယ်ကို အေးခဲစေရန်အတွက် ၅၅ နာရီကြာ ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။

Zhanအား အနှစ် ၅၀ ထိန်းသိမ်းထားရန်အတွက် cryogenic tank တွင်မထည့်မီ Guiဟာ ဇနီးဖြစ်သူကို နောက်ဆုံးအချိန်အဖြစ် ကြည့်ခဲ့ရပြီး “သူမဟာ မသေပါဘူး၊ဒီတိုင်း အနားယူအိပ်စက်နေယုံပါ” ဟုလည်း ပြောကြားခဲ့ပါတယ်။၎င်း cryogenic tank သည် နိုက်ထရိုဂျင်အရည်လီတာပေါင်း ၂,၀၀၀ နှင့်ပြည့်နေပြီး အပူချိန် -196 ဒီဂရီစင်တီဂရိတ်တွင် သိုလှောင်ထားပါတယ်။

Zhan ဟာ Yinfeng Life Science Institute မှ cryogenics နည်းပညာဖြင့် အအေးခံတဲ့တစ်ဦးတည်းသော လူသားမဟုတ်ပါဘူး။ယနေ့အချိန်အထိ အသက် ၁၃ နှစ်မှ ၇၂ နှစ်အတွင်း လူ၁၀ ဦး အား ၎င်း Institute မှာ cryogenic tank ဖြင့် အေးခဲထားခဲ့ပါတယ်။

ယနေ့အချိန်၌ ကမ္ဘာပေါ်တွင် ၎င်းနည်းပညာဖြင့် အေးခဲစေသော လူဦးရေပေါင်း ၃၅၀ ခန့်ရှိပြီးအများစုမှာ အမေရိကန်၌ဖြစ်ပါတယ်။ထို့ပေမဲ့ ယခုအချိန်အထိ မည်သူတစ်ဦး တစ်ယောက်မျှပြန်လည်ရှင်သန်လာခြင်း မရှိသေးပါဘူး။

မူရင်း – Crd

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

သေဆုံးသွားတဲ့ ဇနီးကို တစ်နေ့ပြန်လည်ရှင်သန်လာနိုင်သည်ဟု မျှော်လင့်ချက်ဖြင့် ခေတ်မီနည်းပညာကို အသုံးပြုကာ နှစ်၅၀အကြာအထိ အေးခဲစေခဲ့တဲ့ အဖြစ်

လူတွေအားလုံးဟာ ကိုယ်ချစ်ရသူအား စွန်လွှတ်ရန် မကြာခဏခက်ခဲလေ့ရှိကြပါတယ်။ အချို့ဟာ ၎င်းက သူတို့ထံမှထွက်သွားကြတဲ့အခါ ၎င်းကို လက်ခံဖို့ အတော်လေး ခက်ခဲကြရပါတယ်။အခုလည်း တရုတ်နိုင်ငံ Shandong ပြည်နယ်ရှိ အမျိုးသားတစ်ဦးဟာ တစ်နေ့မှာ ဇနီးဖြစ်သူအား ပြန်လည်အသက်ရှင်လျက် ပြန်တွေ့နိုင်အောင် သူ့ရဲ့ကွယ်လွန်သူဇနီးကို ၄ နှစ်ကြာသည်အထိ အေးခဲအောင် ပြုလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ Shandong မှ အဆိုပါဇနီးဖြစ်သူ Zhan Wenlian ဟာ အသက် (၄၉) နှစ်ပြီး ၂၀၁၇ မေလတွင် အဆုတ်ကင်ဆာဖြင့်ကွယ်လွန်သွားခဲ့ပါတယ်။Zhan သေဆုံးခါစတွင် ခင်ပွန်းဖြစ်သူ Gui ဟာ မစ္စ Zhan ရဲ့အလောင်းကို ခေတ်မီနည်းပညာ Cryogenics ဖြင့် နိုက်ထရိုဂျင်အရည်၌ အနုတ် ၁၉၆ ဒီဂရီစင်တီဂရိတ်တွင် သိုလှောင်ထားခဲ့ပါတယ်။

Wikipedia ရဲ့အဆိုအရ Cryogenics ဟာ အပူချိန်အနိမ့်ကို ကုသရန် သို့မဟုတ် ထိန်းသိမ်းရန်အတွက် အသုံးပြုပြီး ၎င်းသည် ဓာတ်ငွေ့မှ အရည်သို့အစိုင်အခဲအဖြစ်သို့ကူးပြောင်းသည့်အခါ ပစ္စည်းများကိုလေ့လာလိုသောသုတေသီများအတွက် စိတ်ဝင်စားစရာ လေ့လာမှုတစ်ခုဖြစ်ပါတယ်။

Leave a Reply