ဘာစီနဲ့ စာချုပ်သစ်ကိစ္စအဆင်မပြေသေးတဲ့ မက်ဆီတစ်ယောက် မိုင်ယာမီမှာ အပန်းဖြေနေတာ အလည်သပ်သပ်ပဲလား

News

ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဆုဖလား ကိုင်မြောက်ပြီးနောက် မီဒီယာတွေ ရှေ့မှောက်ကနေ ခဏတာ ပျောက်ကွယ်သွားတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား လီယွန်နယ် မက်ဆီကို ဖလော်ရီဒါပြည်နယ်မှာ သူ့မိသားစုနဲ့အတူ သွားရောက် အပန်းဖြေနေတာကို ပြန်လည်တွေ့ရှိလာပါတယ်။

ဒီလကစပြီး ဘောလုံးသမိုင်းတစ်လျှောက် ပုံရိပ်အကြီးမားဆုံး အသင်းလက်မဲ့ကစားသမားဖြစ်နေတဲ့ မက်ဆီဟာ လစာတစ်ဝက်လျှော့ယူပြီး ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဖို့ သဘောတူထားပေမယ့် လာလီဂါရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတင်းကြပ်မှုကြောင့် အသင်းက လူပိုတွေရောင်းပြီး အကုန်အကျနည်းမှ နူးကမ့်မြေပြန်နင်းနိုင်မှာပါ။

မက်ဆီဟာ သူ့မိသားစုနဲ့အတူ အားလပ်ရက်မှာ မိုင်ယာမီကို ခြေဆန့်သွားခဲ့ပြီး တစ်ရာသီလုံး ရုန်းကန်လာခဲ့သမျှကို စိတ်အေးလက်အေးနဲ့ အနားယူနေတဲ့ အသက် ၃၄ နှစ်အရွယ် အာဂျင်တိုင်းသားကြီးဆီမှာတော့ အနာဂတ်မှာ ဘယ်အသင်းမှာ ဆက်လက်ကစားမယ်ဆိုတဲ့ သင့်တော်တဲ့ အဖြေတစ်ခုက ရှိနေပြီးသားလည်းဖြစ်ပါတယ်။

မက်ဆီကတော့ အမေရိကန်မြေကို သဘောကျကြောင်း မကြာခဏပြောခဲ့ဖူးသလို အထူးသဖြင့် ‌ဖလော်ရီဒါကို သဘောကျကြောင်း ပြောခဲ့သူက အခုတော့ သူ့ရဲ့အားလပ်ချိန်ကို အသုံးချပြီး အမေရိကန်မြေကို အလည်တစ်ခေါက်သွားခဲ့ပြန်ပါတယ်။

မက်ဆီကတော့ သူ့မိသားစုနဲ့အတူ မီယာမီအနီးက ဇိမ်ခံအိမ်တစ်လုံးကို ငှားပြီး အပန်းဖြေခဲ့ပြီး သူ့အတွက်တော့ စိတ်အေးလက်‌အေးနေရတာရယ်တော့ မဟုတ်ခဲ့ဘဲ သူ့ပရိသတ်တွေက ကဖေး ရာဂတ်ဇီလို့ခေါ်တဲ့ အဆိုတော် ရီကာဒို မွန်တန်နာပိုင် စားသောက်ဆိုင်ကို သူလာတုန်းက လူစုလူဝေးကြီးနဲ့ စောင့်ကြိုခဲ့တာပါ။

သူတို့မိသားစုကတော့ ဂီတာပုံစံနဲ့ ဆီမီးနိုးလ် ဟာ့ဒ်ရော့ခ် ဟိုတယ်ကိုလည်း အလည်အပတ်သွားရောက်ခဲ့ပါသေးတယ်။ သူ့အနေနဲ့တော့ ဒီနှစ်အစောပိုင်းမှာတင် ပေါင် ၇.၂၅ သန်းတန်တဲ့ ဇိမ်ခံအဆောက်အဦးကို ဝယ်ယူခဲ့လို့ နောက်တစ်ခါ ဖလော်ရီဒါကိုလာရင် အိမ်ငှားစရာမလိုတော့ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မက်ဆီပြောခဲ့တဲ့စကားတွေကြောင့်လည်း သူ့အနေနဲ့ အမေရိကန်မှာနေရတာ သဘောကျတယ်ဆိုတာက သူ့ရဲ့ ဘောလုံးသမားဘဝကို အမေရိကန်မေဂျာလိဂ်မှာ အဆုံးသတ်ဖို့လားဆိုတဲ့ မေးခွန်းတွေက ဘောလုံးပရိသတ်တွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မက်ဆီက La Sexta ရုပ်သံလိုင်းနဲ့ အစီအစဉ်တစ်ခုမှာ သူက “ကျွန်တော့်အနေနဲ့ အမေရိကန်မှာ ပျော်ရွှင်ဖို့အတွက်နဲ့ အမေရိကန်ပြည်တွင်းလိဂ်မှာ အတွေ့အကြုံတွေရှာဖို့ အမြဲစိတ်ကူးယဉ်ခဲ့တာ”လို့ ပြောခဲ့ဖူးပါတယ်။

ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းပိုင်တဲ့ အင်တာ မိုင်ယာမီအသင်းကလည်း မက်ဆီကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတာကြောင့် ဒီတစ်ခေါက်ဖလော်ရီဒါခရီးစဉ်က မက်ဆီတစ်ယောက် အလည်လာရုံပဲလား သူ့အနာဂတ်ကို သူနှစ်သက်တဲ့ မေဂျာလိဂ်မှာ ကုန်ဆုံးဖို့ ညှိနှိုင်းနေလားဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply