လက်နှစ်ဖက်လုံးမရှိသော်လည်း လိုင်းသုံးရင်း ဇနီးငယ်ငယ်ချောချောလေးအား ပိုင်ဆိုင်သွားသည့် အမျိုးသား

News Social News

လက်နှစ်ဖက်လုံးမရှိသော်လည်း လိုင်းသုံးရင်း ဇနီးငယ်ငယ်ချောချောလေးအား ပိုင်ဆိုင်သွားသည့် အမျိုးသား

အချစ်ဆိုသော အရာသည် ဆန်းကြယ်လှပြီး တစ်ခါတစ်လေကျ ပူလောင်မယ်မှန်းသိရက်နှင့် မီးထဲအတင်းဇွတ်တိုးနေမိတဲ့ ပိုးဖလံမျိုးလေးဖြစ်သည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Lao Caiပြည်နယ်တွင် နေထိုင်သော Khangအမည်ရှိ အသက် ၃၄နှစ်အရွယ် အမျိုးသားသည် ငယ်စဥ်ကသူငယ်ချင်းတွေနှင့်အတူ ဘော်ဒါဆောင်တွင် ဆော့ကစားရင်း လျှပ်စစ်ရှော့ဖြစ်ပြီး လက်နှစ်ဖက်လုံးကို အပြီးပိုင် ဆုံးရှုံးလိုက်ရသည်။

အမျိုးသားသည် ကိုယ်တိုင်မသန်စွမ်းဖြစ်နေတာကြောင့် ရည်းစားလည်းတစ်ယောက်မှ မရှိခြင်းဖြင့် လူပျိုကြီးဘဝနှင့် နေခဲ့ရာ မိုဘိုင်းဖုန်းများ ပေါများလာခြင်းဖြင့် ဝယ်ကိုင်ပြီးနောက် လိုင်းစပြီးသုံးခဲ့သည်။

ထိုစဥ် အသက် ၂၀ကျော် မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး စကားစမြည်လေးတွေပြောကြရင်း တစ်ယောက်အကြောင်းတစ်ယောက်သိလာကာ ခင်မင်ရင်းနှီးမှုကနေ ချစ်သူတွေဖြစ်သွားခဲ့သည်။

သူတို့နှစ်ဦးသည် ၂၀၂ကီလိုမီတာကွာဝေးသော်လည်း မကြာခဏ တွေ့ဆုံဖြစ်ကြပြီး ချစ်သူသက်တမ်း ၅လအကြာတွင် ကောင်မလေးဧ။် မိဘဆီမှာ သွားရောက်တောင်းရမ်းခဲ့ရာ ၄ကြိမ်ပင် အငြင်းခံလိုက်ရသည်။

သို့သော်လည်း သူတို့နှစ်ဦးဧ။် စစ်မှန်သော ချစ်ခြင်းတရားကြောင့် နောက်ဆုံးတွင် သဘောတူခဲ့ပြီးနောက် မင်္ဂလာပွဲအား ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

Zawgyi








Crd