အဆုတ်အားကောင်း‌ စေမယ့် သဘာဝနည်းလမ်းအချက်လေးတွေကို ပြောပြပေးချင်ပါတယ်

News

ဒီနေ့ခေတ်လို အဆုတ်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ပိုမိုလိုအပ်လာတဲ့ကာလမှာ ငွေကုန်ကြေးကျလည်း သက်သာသလို လိုက်နာနိုင်ရင်လည်း လိုက်နာနိုင်သလောက် အကျိုးရှိစေမယ့်

အဆုတ်အားကောင်း‌ စေမယ့် သဘာဝနည်းလမ်းအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။အသက်ပြင်းပြင်းရှူခြင်း

အသက်ပြင်းပြင်းရှူပေးခြင်းက အဆုတ်အားကောင်းစေမယ့် နည်းလမ်းတွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။

မနက်စောစောလမ်းလျှောက်ပေးပြီးလတ်ဆတ်တဲ့ လေကိုတဝကြီးရှူရှိုက်ပေးခြင်းက အဆုတ်ကို သန့်စင်စေပါတယ်။

၂။ ရေ‌သောက်သုံးပေးခြင်း ‌

ရေများများသောက်သုံးပေးခြင်းဖြင့် အဆုတ်တွင်းကိုလေဝင်ဖို့ရာလုပ်ဆောင်ချက်တွေကို တိုးတက်‌ ကောင်းမွန် စေပါတယ်။

၃။ အားကစားလုပ်ဆောင်ခြင်း

မနက်ခင်းလမ်းလျှောက်ခြင်းအပြင် ရေကူးခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းတွေလို အားကစားလုပ်ဆောင်ခြင်းက အဆုတ်ကျန်းမာရေးကို ထိရောက်စွာကောင်းမွန်စေပါတယ်

၄။ ကြက်သွန်ဖြူစားပေးခြင်း

ကြက်သွန်ဖြူကတော့အသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေပြီး ယောင်ရမ်းမှုများကိုလျော့ကျစေကာ သန့်စင်ပေးနိုင်ပါတယ်။

၅။ ဗီတာမင်စီ ပါဝင်သောသီးနှံများစားပေးခြင်း လိမ္မော်သီး၊ ရှောက်ချိုသီးလိုသီးနှံများက အဆုတ် အားကောင်းဖို့ရာ ကူညီပံ့ပိုးပေးနိုင်ပြီး ကူးစက်ရောဂါတွေကို လျော့ချပေးနိုင်ပါတယ်။

၆။ ရီရီမောမောနေထိုင်ခြင်း

မကြာခနရီရီမောမောနေထိုင်ခြင်း ဟာ ဝမ်းဗိုက်ကြွက်သားအလုပ်လုပ်မှုနဲ့ အဆုတ်ရဲ့ ကြွက်သား လုပ်ဆောင်မှု စွမ်းရည်ကို တိုးတက်စေပါတယ်

၇။ပေါ့ပါးသွက်လက်စွာနေထိုင်ခြင်း

နေ့စဉ်နေ့တိုင်း လှုပ်ရှားဆောင်ရွက်မှုတွေကို တိုးမြှင့်ပြီးစိတ်ရောကိုယ်ပါပေါ့ပါးသွက်လက်စွာ နေထိုင်ခြင်းက ကျန်းမာတဲ့ အဆုတ်နဲ့ ကျန်းမာတဲ့ နှလုံးကိုပိုင်ဆိုင် စေပါတယ်

၈။ ဆေးလိပ် ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းကတော့ အဆုတ်ကို အဓိကထိခိုက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပြီးတော့ ဆေးလိပ်သောက်ခြင်း/ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း အားလုံးကိုရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါဘယတစ်ခုခုရှိနေပြီဆိုတာကိုသိနိုင်မယ့် အကြောင်းတွေအနေနဲ့

-ပုံမှန်အလုပ်တွေလုပ်ရင်းကနအသက်ရှူကျပ်ခြင်း

-အသက်ရှူတဲ့အခါ နာကြင်ခံစားရခြင်း

-လှုပ်ရှားမှုတစ်ခုပြောင်းလဲတဲ့အခါ မူးဝေတတ်ခြင်း

-ချောင်းဆိုးခြင်း

-လေရှူသွင်းရာလမ်းကြောင်းမှာ နာကြင်မှုခံစားရခြင်း စတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ဒီအချက်တွေခံစားရမယ် ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်

ဒေါက်တာနိုင်း (ဆေး-၁)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi Version

Crd

Leave a Reply