ဖခင်ရဲ့ ဒေါ်လာ ၆ မီလီယံကျော်အကြွေးကို ဆပ်ရန် ငါးမွေးမြူရေးကို လေ့လာခဲ့ပြီးနောက် ယခုအခါ နိုင်ငံကျော်အောင်မြင်လာခဲ့တဲ့ မိန်းကလေး

News

ဘ၀ဟာ ရှည်လျားတဲ့လမ်းတစ်ခုဖြစ်ပြီး အခက်အခဲများစွာကို ကြုံတွေ့ရနိုင်ပါတယ်။ထိုအခက်အခဲများက ကျွန်တော်တို့အား ပိုမိုကောင်းမွန်တဲ့ဘ၀သို့ဦးတည်သွားစေပါတယ်။ သို့ပေမဲ့ ရှင်းလင်းစွာ စဉ်းစားပြီးမှ မှန်ကန်တဲ့ရွေးချယ်မှုမျိုးကို ပြုလုပ်ရပါလိမ့်မယ်။ထိုင်ဝမ်ရှိ Zhong Yingying အမည်ရှိအမျိုးသမီးဟာ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်စုမှ မွေးဖွားလာခဲ့ပြီး သူမရဲ့မိသားစုက ငါးမွေးမြူရေးလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားပါတယ်။

သူမဟာ ငယ်စဉ်ကတည်းက ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရပါတယ်။ယခင်က Zhong Yingying ဟာ သူမရဲ့ဘဝကိုဘယ်တော့မှစိတ်မပူခဲ့ပါဘူး။သို့ပေမယ့် သူမအသက် ၂၆ နှစ်အရွယ်မှာ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။

သူမရဲ့ဖခင်ဟာ အိမ်ခြံမြေစီးပွါးရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရန် ငွေကြေးအဆင်မပြေခဲ့တာကြောင့် ၎င်းတို့ဟာ ဒေဝါလီခံခဲ့ရပြီး အမေရိကန်ဒေါ်လာ ၇,၀၅၀,၈၀၀ ကျော် အကြွေးတင်သွားခဲ့ပါတယ်။

အကြွေးရှင်များက ၎င်းတို့ရဲ့အကြွေးများကို နေ့တိုင်းကောက်ယူခဲ့ပြီးနောက် သူမတို့မိသားစုမှာ စတုရန်းမီတာ ၁၀,၀၀၀ ဝန်းကျင်ရှိတဲ့ koi ငါးကန် ၃ ကန် သာ ကျန်ရှိပါတော့တယ်။ ထို့နောက် သူမဟာ တက်လက်စဖြစ်နေတဲ့ကျောင်းမှထွက်ဖို့လိုခဲ့ပေမဲ့ ” သမီး တက်နေတဲ့ ပန်းချီကျောင်းမှ ထွက်ရင် အဖေတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပါ ပျောက်ဆုံးသွားလိမ့်မယ် ” လို့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။

သူမရဲ့မိဘများက သူမသင်ကြားနေတဲ့ Tsinghua အနုပညာကောလိပ်မှ မထွက်ရန်ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပေမဲ့လည်း သူမဟာ ဖခင်ဖြစ်သူရဲ့အကြွေးများကို ဆပ်ရန် သူမရဲ့အနာဂတ်ရည်မှန်းချက်ကိုစွန့် လွှတ်ကာ Tsinghua တက္ကသိုလ်မှ ထွက်ခဲ့ပါတော့တယ်။

သူမ ဟာ ဇာတိမြို့သို့ပြန်ပြီး မိသားစုကို ကူညီရန်နေရာတိုင်းမှာ အလုပ်ရှာခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့တာကြောင့် မိသားစုစီးပွါးရေးကိုသာ ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။

ယခင်မင်းသမီးဘဝကနေ အခု သူမဟာ ရေစိုခံဖားဝတ်စုံကိုဝတ်ဆင်ပြီး ငါးဖမ်းကိရိယာဖြင့် အေးတဲ့အပူချိန်ရှိတဲ့ ငါးကန်ထဲမှာ စိမ်နေခဲ့ရပြီး သူမဟာ တစ်နေ့ ၄ နာရီသာ အိပ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ခန့် မှာ သူမဟာ စောစောထပြီး နောက်ကျမှ အိပ်ရာဝင်ခဲ့ရပါတယ်။ငါးများကို စနစ်တကျကျွေးမွေးပြီး ရေရဲ့အရည်အသွေးနှင့် ရောဂါထိန်းချုပ်မှုတို့ကိုလည်း သူမကိုယ်တိုင် ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့စီးပွါးရေးလုပ်ငန်းဟာ ကြီးထွားလာခဲ့ပြီး လူကြိုက်များမှုနှုန်းကလည်း မြင့်တက်လာခဲ့ပါတယ်။အခုတော့ သူမဟာ အရည်အသွေးကောင်းတဲ့ koi ငါးကိုထုတ်လုပ်နိုင်ခဲ့သလို koi ငါးတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၂,၃၀၂,၅၅၀ ဖြင့် ရောင်းချနိုင်ပါပြီ။

ယနေ့အချိန်အထိ သူမဟာ ၄ ကြိမ်မြောက်ချန်ပီယံဆုအပါအ၀င် စက်မှုလုပ်ငန်းမှာ ဆု ၁၁ ခုကိုလည်း ဆွတ်ခူးခဲ့ပြီး သူမကို ထိုင်ဝမ်မှ “ Koi Fish of Queen” အဖြစ် လူသိများလာခဲ့ပါတယ်။“ လူတစ်ယောက်ဟာ သူရဲကောင်းပဲဖြစ်ဖြစ် (သို့) ရှုံးနိမ့်သူဘဲဖြစ်နေပါစေအုံး သူ့ရဲ့လုပ်ရပ်တွေနဲ့ သူ့ရဲ့ပြုမူပုံက သူ့စိတ်နဲ့သူသာ ဆုံးဖြတ်ပါတယ် ”လို့ ပညာရှိတစ်ဦးက သူမအား ချီးမွမ်းကာ ပြောဆိုထားခဲ့ပါသေးတယ်။

Crd Mia (kbdailynews)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

ဖခင်ရဲ့ ဒေါ်လာ ၆ မီလီယံကျော်အကြွေးကို ဆပ်ရန် ငါးမွေးမြူရေးကို လေ့လာခဲ့ပြီးနောက် ယခုအခါ နိုင်ငံကျော်အောင်မြင်လာခဲ့တဲ့ မိန်းကလေး

ဘဝဟာ ရှည်လျားတဲ့လမ်းတစ်ခုဖြစ်ပြီး အခက်အခဲများစွာကို ကြုံတွေ့ရနိုင်ပါတယ်။ထိုအခက်အခဲများက ကျွန်တော်တို့အား ပိုမိုကောင်းမွန်တဲ့ဘဝသို့ဦးတည်သွားစေပါတယ်။ သို့ပေမဲ့ ရှင်းလင်းစွာ စဉ်းစားပြီးမှ မှန်ကန်တဲ့ရွေးချယ်မှုမျိုးကို ပြုလုပ်ရပါလိမ့်မယ်။ထိုင်ဝမ်ရှိ Zhong Yingying အမည်ရှိအမျိုးသမီးဟာ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်စုမှ မွေးဖွားလာခဲ့ပြီး သူမရဲ့မိသားစုက ငါးမွေးမြူရေးလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားပါတယ်။

သူမဟာ ငယ်စဉ်ကတည်းက ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရပါတယ်။ယခင်က Zhong Yingying ဟာ သူမရဲ့ဘဝကိုဘယ်တော့မှစိတ်မပူခဲ့ပါဘူး။သို့ပေမယ့် သူမအသက် ၂၆ နှစ်အရွယ်မှာ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။

သူမရဲ့ဖခင်ဟာ အိမ်ခြံမြေစီးပွါးရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရန် ငွေကြေးအဆင်မပြေခဲ့တာကြောင့် ၎င်းတို့ဟာ ဒေဝါလီခံခဲ့ရပြီး အမေရိကန်ဒေါ်လာ ၇,၀၅၀,၈၀၀ ကျော် အကြွေးတင်သွားခဲ့ပါတယ်။

အကြွေးရှင်များက ၎င်းတို့ရဲ့အကြွေးများကို နေ့တိုင်းကောက်ယူခဲ့ပြီးနောက် သူမတို့မိသားစုမှာ စတုရန်းမီတာ ၁၀,၀၀၀ ဝန်းကျင်ရှိတဲ့ koi ငါးကန် ၃ ကန် သာ ကျန်ရှိပါတော့တယ်။ ထို့နောက် သူမဟာ တက်လက်စဖြစ်နေတဲ့ကျောင်းမှထွက်ဖို့လိုခဲ့ပေမဲ့ ” သမီး တက်နေတဲ့ ပန်းချီကျောင်းမှ ထွက်ရင် အဖေတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပါ ပျောက်ဆုံးသွားလိမ့်မယ် ” လို့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။

သူမရဲ့မိဘများက သူမသင်ကြားနေတဲ့ Tsinghua အနုပညာကောလိပ်မှ မထွက်ရန်ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပေမဲ့လည်း သူမဟာ ဖခင်ဖြစ်သူရဲ့အကြွေးများကို ဆပ်ရန် သူမရဲ့အနာဂတ်ရည်မှန်းချက်ကိုစွန့် လွှတ်ကာ Tsinghua တက္ကသိုလ်မှ ထွက်ခဲ့ပါတော့တယ်။

သူမ ဟာ ဇာတိမြို့သို့ပြန်ပြီး မိသားစုကို ကူညီရန်နေရာတိုင်းမှာ အလုပ်ရှာခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့တာကြောင့် မိသားစုစီးပွါးရေးကိုသာ ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။

ယခင်မင်းသမီးဘဝကနေ အခု သူမဟာ ရေစိုခံဖားဝတ်စုံကိုဝတ်ဆင်ပြီး ငါးဖမ်းကိရိယာဖြင့် အေးတဲ့အပူချိန်ရှိတဲ့ ငါးကန်ထဲမှာ စိမ်နေခဲ့ရပြီး သူမဟာ တစ်နေ့ ၄ နာရီသာ အိပ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ခန့် မှာ သူမဟာ စောစောထပြီး နောက်ကျမှ အိပ်ရာဝင်ခဲ့ရပါတယ်။ငါးများကို စနစ်တကျကျွေးမွေးပြီး ရေရဲ့အရည်အသွေးနှင့် ရောဂါထိန်းချုပ်မှုတို့ကိုလည်း သူမကိုယ်တိုင် ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့စီးပွါးရေးလုပ်ငန်းဟာ ကြီးထွားလာခဲ့ပြီး လူကြိုက်များမှုနှုန်းကလည်း မြင့်တက်လာခဲ့ပါတယ်။အခုတော့ သူမဟာ အရည်အသွေးကောင်းတဲ့ koi ငါးကိုထုတ်လုပ်နိုင်ခဲ့သလို koi ငါးတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၂,၃၀၂,၅၅၀ ဖြင့် ရောင်းချနိုင်ပါပြီ။

ယနေ့အချိန်အထိ သူမဟာ ၄ ကြိမ်မြောက်ချန်ပီယံဆုအပါအဝင် စက်မှုလုပ်ငန်းမှာ ဆု ၁၁ ခုကိုလည်း ဆွတ်ခူးခဲ့ပြီး သူမကို ထိုင်ဝမ်မှ “ Koi Fish of Queen” အဖြစ် လူသိများလာခဲ့ပါတယ်။“ လူတစ်ယောက်ဟာ သူရဲကောင်းပဲဖြစ်ဖြစ် (သို့) ရှုံးနိမ့်သူဘဲဖြစ်နေပါစေအုံး သူ့ရဲ့လုပ်ရပ်တွေနဲ့ သူ့ရဲ့ပြုမူပုံက သူ့စိတ်နဲ့သူသာ ဆုံးဖြတ်ပါတယ် ”လို့ ပညာရှိတစ်ဦးက သူမအား ချီးမွမ်းကာ ပြောဆိုထားခဲ့ပါသေးတယ်။

Leave a Reply