ပလတ်စတစ်တွေ စားပစ်မယ့် စက်ရုပ်ငါးတွေနဲ့ တရုတ်တို့ ဘာတွေကြံစည်နေလဲ

News Tech World

ပလတ်စတစ်တွေ စားပစ်မယ့် စက်ရုပ်ငါးတွေနဲ့ တရုတ်တို့ ဘာတွေကြံစည်နေလဲ

တရုတ်နိုင်ငံ၊ စီချွမ်တက္ကသိုလ်မှ သုတေသီများဟာ ရေဖြတ်ကူးစဉ်မှာ မိုက်ခရို ပလတ်စတစ်များကို စုပ်ယူနိုင်တဲ့ ငါးနှင့်တူသော စက်ရုပ်တစ်ခုကို စမ်းသပ်လျက် ရှိနေပါတယ်။

ဒီနည်းပညာရဲ့ ရည်ရွယ်ချက်ကတော့ သမုဒ္ဒရာအတွင်းရှိ ပလတ်စတစ်ညစ်ညမ်းမှုများကို ဖမ်းယူကာ စနစ်တကျ စွန့်ပစ်နိုင်သောနေရာသို့ ပို့ဆောင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ငါးစက်ရုပ်တွေဟာ တကယ့်ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နိုင်ပြီး ပျက်စီးသွားတဲ့ အခါမှာလည်း ကိုယ်တိုင် ပြုပြင်နိုင်တယ်လို့ ဆိုပြီး အနာဂတ်တွင် ဒီငါးစက်ရုပ်တွေဟာ ကျွန်ုပ်တို့ကမ္ဘာမြေရဲ့ သမုဒ္ဒရာများကို သန့်စင်ပေးနေတာကို မြင်တွေ့ရမယ်လို့ အထိတလင်း ဆိုလာခဲ့ပါတယ်။

ဒါပေမဲ့လည်း တီထွင်နေတာက တရုတ်နိုင်ငံဖြစ်လို့ ဒီနောက်ကွယ်မှာ ဘာတွေရှိနေနိုင်မလဲလို့ ကမ္ဘာ့လူထုက မေးခွန်းထုတ်နေကြပါတယ်။

ကမ္ဘာ့ သမုဒ္ဒရာတွေထဲမှာ လွှတ်ပေးထားမယ့် ဒီငါးစက်ရုပ်တွေဟာ ကိုယ်ထည်သေးငယ်သလို အညစ်အကြေးတွေကိုလည်း စုပ်ယူနိုင်ပြီး

ကိုယ့်ဘာကိုယ်လည်း ပြုပြင်နိုင်တဲ့ စွမ်းရည်တွေကြောင့် ကမ္ဘာကြီးကို အန္တရာယ်ပေးနိုင်တဲ့ စွမ်းရည်တွေ ထပ်ပေါင်း ပါဝင်နေနိုင်တာကို သတိပြုရမယ်လို့ အမေရိကန် သတင်းတွေက ဆိုထားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီစက်ရုပ်ရဲ့ ကောင်းကျိုးတွေကိုပဲ ကြည့်မယ်ဆိုရင်တော့ မိုက်ခရို ပလတ်စတစ်များဖြစ်တဲ့ ရေသန့်ဘူးများ၊ ကားတာယာများနှင့် ဓာတုပစ္စည်းများကဲ့သို့သော ပိုကြီးသော ပလတ်စတစ် ပစ္စည်းများမှ ကွဲထွက်သွားတဲ့ သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားလေးတွေကို စုပ်ယူလို့ပေးသွားမှာပါ။

ဆိုရရင်တော့ မိုက်ခရို ပလတ်စတစ်တွေဟာ ၂၁ ရာစုရဲ့ အကြီးမားဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး ၎င်းတို့ဟာ ပလတ်စတစ်ကြီးတွေမှ ပြိုကွဲသွားသောအခါမှာ စွန့်ပစ်ရန် အလွန်ခက်ခဲပြီး သောက်သုံးရေ၊ ထုတ်ကုန်များနှင့် အစားအစာများအဖြစ်သို့ ပေါင်းစပ်သွားကာ သဘာဝပတ်ဝန်းကျင်၊ လူ့ကျန်းမာရေးနှင့် တိရစ္ဆာန်များကို ထိခိုက်စေနိုင်တာပါ။

တရုတ်ကတော့ ရေနေပတ်ဝန်းကျင်မှ ထိခိုက်စေနိုင်တဲ့ မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုများကို တိကျစွာ စုဆောင်း နမူနာယူရန် စက်ရုပ်တစ်ရုပ်ကို တီထွင်ခြင်းယာ အလွန်အရေးကြီးပါတယ်လို့ သူတို့ရဲ့ တီထွင်မှုကို ဂုဏ်ဆာထားနိုင်ခဲ့ပါတယ်။

ဒီဆန်းသစ်တဲ့တီထွင်မှုကိုလည်း ကမ္ဘာတစ်ဝှမ်းက နည်းပညာဂျာနယ်နဲ့ သုတေသနစာတမ်းတွေမှာ ဖော်ပြထားကြလို့ လတ်တလောမှာ ငါးစက်ရုပ်တွေဟာ ရေပန်းစားလို့ နေပါတယ်။

ဒီစက်ရုပ်တွေရဲ့ ဖွဲ့စည်းမှုစနစ်ကို လေ့လာရမယ်ဆိုရင်တော့ အရွယ်အစားအားဖြင့် ၁၃ မီလီမီတာသာ ရှည်လျားပြီး ၎င်းရဲ့အမြီးရှိ အလင်း လေဆာစနစ်ကြောင့် ရေမျောမျောရွေ့လျားနေတဲ့ ရေထဲမှာ တစ်စက္ကန့်ကို ၃၀ မီလီမီတာ နှုန်းဖြင့် ကူးခတ် ပျံဝဲနေနိုင်ပါတယ်။

သုတေသီများက ပင်လယ်ထဲမှာ ရှင်သန်ပေါက်ဖွားတဲ့ သက်ရှိအစိတ်အပိုင်းများမှ လှုံ့ဆော်ပေးတဲ့ ပစ္စည်းများမှ စက်ရုပ်ကို ဖန်တီးခဲ့ခြင်းပါတယ်။

ခုံးကောင် အခွံများရဲ့ အတွင်းပိုင်းကို ဖုံးအုပ်ထားတဲ့ အမိ-ပုလဲလို့လည်း လူသိများကြတဲ့ nacre ရဲ့ သီးခြားဓာတုအရောင်အဆင်းအရ အမျိုးမျိုးသော အဏုကြည့် မော်လီကျူးများကို အလွှာလိုက်အလွှာလိုက်ဖြင့် nacre နှင့် ဆင်တူသော ပစ္စည်းတစ်ခုကို ဖန်တီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလိုဆန်းသစ်တဲ့ နည်းပညာကြောင့် ဆွဲဆန့်နိုင်သော၊ ကွေးညွှတ်နိုင်သော ငါးစက်ရုပ်တစ်ကောင် ဖြစ်လာခဲ့ပြီး အလေးချိန် ၅ ကီလိုဂရမ်အထိ ဆွဲယူနိုင်ခဲ့ကြောင်း လေ့လာမှုအရ သိရပါတယ်။

အရေးအကြီးဆုံးမှာ ငါးစက်ရုပ်မှာ လျှပ်စစ်ဓာတ်များ ပါ၀င်တာကြောင့် အနီးနားရှိ မိုက်ခရို ပလတ်စတစ်အညစ်အကြေးများကို စုပ်ယူနိုင်စွမ်းရှိနေတာပါ။

မိုက်ခရို ပလတ်စတစ်များမှာ အော်ဂဲနစ်ဆိုးဆေးများ၊ ပဋိဇီဝဆေးများနှင့် လေးလံသောသတ္တုများဟာ စက်ရုပ်ရဲ့ မျက်နှာပြင်ကို တွယ်ကပ်စေနိုင်တာကြောင့် ငါးများဟာ ရေထဲမှ မိုက်ခရိုပလတ်စတစ်များကို သီးသန့် စုဆောင်းဖယ်ရှားနိုင်ပါတယ်။

စက်ရုပ်ဟာ ရေထဲက မိုက်ခရိုပလတ်စတစ်များကို စုဆောင်းပြီးနောက် သုတေသီများသည် မိုက်ခရိုပလတ်စတစ်များရဲ့ ပါဝင်မှုနှင့် ဇီဝကမ္မဆိုင်ရာ အဆိပ်သင့်မှုကို ထပ်မံခွဲခြမ်းစိတ်ဖြာနိုင်တယ်လို့လည်း တီထွင်သူ Wang က ဆိုထားပါတယ်။

ထို့အပြင် အသစ်ဖန်တီးထားတဲ့ စက်ရုပ်များမှာ ပြန်လည်ရှင်သန်နိုင်တဲ့ စွမ်းရည်များ ရှိပုံရတယ်လို့ မိမိကိုယ်ကို ကုသရေးပစ္စည်းများနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထူးကျွမ်းကျင်တဲ့ Wang မှ ပြောကြားထားခဲ့တာကြောင့် စက်ရုပ်ငါးဟာ သူ့စွမ်းရည်ရဲ့ 89% အထိ သူ့ကိုယ်သူ ကုသနိုင်ပြီး ပျက်စီးမှုအချို့ ဖြစ်ပွားလာတဲ့ အခါတွေမှာတောင်မှာ အမှိုက်များကို စုပ်ယူနိုင်စွမ်းရှိပါသတဲ့။

ဒါတွေဟာ ခန့်မှန်းချက်အဆင့်သာ ရှိနေသေးပြီး နောက်ထပ် သုတေသနများစွာ လိုအပ်နေပါသေးတယ်။

အထူးသဖြင့် ၎င်းကို ကမ္ဘာမှာ လက်တွေ့အသုံးချနိုင်ပုံကို လေ့လာရဦးမှာဖြစ်သလို ပျော့ပျောင်းတဲ့ စက်ရုပ်ဖြစ်တာကြောင့် လောလောဆယ်တွင် ရေမျက်နှာပြင်ပေါ်မှာသာ အလုပ်လုပ်နိုင်သေးပါတယ်။

ဒါကြောင့် Wang ရဲ့ အဖွဲ့ဟာ မကြာမီမှာ ပိုမိုရှုပ်ထွေးတဲ့ နည်းပညာဆန်းသစ်မှုတွေနဲ့ ငါးစက်ရုပ်များကို ရေအောက်နက်အထိ သွားစေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို သုသေတနပြုရတော့မှာဖြစ်သလို နာနိုနည်းပညာကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ခြေရာခံစုပ်ယူမှု၊ စုဆောင်းမှုနှင့် လေထုညစ်ညမ်းမှုတွေကိုပါ ထောက်လှမ်းရန်အတွက် ကြိုးပမ်းသွားဦးမယ်လို့ ဆိုထားခဲ့ပါသေးတယ်။

Knight News Team

Crd