
News Social News World

ပထမဆုံး အကြိမ် ဓါတ်ပုံ quality ကောင်းကောင်းနဲ့ တွေ့မြင်ရတဲ့ တရုတ် J-35 တိုက်လေယာဉ်..???

ဒါက လေယာဉ်တင် သင်္ဘောပေါ်သုံးမယ့် carrier capable version ပါ။ ပီးတော့ ကိုယ်ထည်အမှတ် 350003 ဆိုတော့ တတိယမြောက် prototype ဖြစ်ပါတယ်။ US ရဲ့ F-35 ဒီဇိုင်းကို မှီငြမ်းထားတယ်ဆိုတာလဲ သိသိသာသာမြင်ရတယ်။ J-35 ပုံတွေအရင်ကတည်းက မြင်ရပီးသားဖြစ်ပေမယ့် ဒီပုံလို ကြည်ကြည်လင်လင်မရှိခဲ့ဘူး။

လောလောဆယ် အပြောများနေတာက သူ့ရဲ့ canopy ဒီဇိုင်းပါ။ US မရိန်းတွေရဲ့ F-35B နဲ့ပိုတူတယ်တောင်ပြောတယ်။ J-35 canopy က လေယာဉ်ကိုယ်ထည်နဲ့ လာဆက်တာမှာ နိမ့်ဆင်းမသွားပဲနဲ့ မြင့်နေတော့ pilot က နောက်လှည့်ကြည့်ချင်ရင် ဘာမှမြင်ရဖို့ မရှိဘူး။


အဲ့တော့ STOVL ရအောင် မရိန်းတွေရဲ့ F-35B canopy နောက်မှာ lift fan ထည့်ရတယ်။ လေတပ်နဲ့ ရေတပ်သုံးမယ့် F-35A, F-35C တွေမှာ Lift fan မလိုပေမယ့် လေယာဉ်ကိုယ်ထည် တစ်ခုတည်းအပေါ် အခြေခံတည်ဆောက်ထားတာကြောင့် canopy နောက်မှာမြင့်နေတာကြီး ပါလာပါတယ်။ မတူအောင် ဒီဇိုင်းထပ်ဆွဲရင် အပြောင်းအလဲများပီး အကုန်အကျများတာ‌တွေ ထပ်ရှိလာမှာပါ။

ဒီကနေပီး F-35 တွေအကုန်လုံးက နောက်မြင်ကွင်းမကောင်းဘူး အပြောခံရပါတယ်။ မရိန်းတွေရဲ့ F-35B က Lift fan ပါလို့ canopy နောက်ကမြင့်နေပီး နောက်မြင်ကွင်းအဆိုးဆုံးနဲ့ F-35 version ဖြစ်ပါတယ်။ ဒါပေမယ့် F-35 တွေမှာ ကင်မရာ၊ sensor တွေပတ်လည်ပါပီး helmet ကနေတစ်ဆင့် လေယာဉ်ကိုယ်ထည်ကို ဖောက်မြင်နိုင်တဲ့ DAS (Distributed aperture system) ဆိုတဲ့ စနစ်ပါပါတယ်။

နောက်မြင်ကွင်းမကောင်းတာအတွက် အဖြေရှိတယ်ပေါ့။အခုတရုတ်ရဲ့ J-35 တွေက US လို အကြံကြီးပီး မတူတဲ့အဖွဲ့အစည်းတွေအတွက် ဒီဇိုင်းပေါင်းစုံ ပစ်ထည့်ရမယ့် လိုအပ်ချက်မျိုးရှိဟန်မတူဘူး။ အဲ့တာကြောင့် Lift fan နေရာ ထည့်သွင်းစဉ်းစားစရာ မလိုပဲ ဘာလို့ F-35B လို ဖြစ်နေလဲတော့မသိရဘူး။ ယူဆချက်တစ်ခုကတော့ ဆီတိုင်ကီ ခပ်ကြီးကြီးထည့်ထားတာဖြစ်နိုင်ပါတယ်တဲ့။ DAS လို ကင်မရာတွေ ပါမပါကတော့ သိရဖို့ မဖြစ်နိုင်သေးဘူး။

အခုပုံထဲက J-35 ရဲ့ အင်ဂျင်ကလဲ ပိုကောင်းတဲ့ တရုတ်ပြည်တွင်းဖြစ် WS-21/ WS-13X အင်ဂျင်ဖြစ်နိုင်ပါတယ်။ ပထမဆုံး prototype မှာ ရုရှား အင်ဂျင်သုံးတယ်။ ဒုတိယ prototype မှာ တရုတ်ပြည်တွင်းဖြစ် WS-13E အင်ဂျင်စသုံးပါတယ်။ အခု ကတော့ ဒုတိယ prototype က WS-13E ကိုအဆင့်မြှင့်ထားတဲ့ WS-21/ WS-13X ဖြစ်ဟန်တူပါတယ်။

ဒါတွေက နိုင်ငံခြားက analyst တွေ အမြင်နဲ့ပြောတာတွေကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ သူတို့လဲ မြင်ရသလောက် ခန့်မှန်းထားကြတာပါ။ရှေ့နှုတ်သီး nose မှာထွက်နေတဲ့ အတံကတော့ air data probe ဖြစ်ပီး စမ်းသပ်ဆဲလေယာဉ်တွေမှာ တပ်ထားလေ့ရှိပါတယ်။လောလောဆယ်ပုံစံအရတော့ သပ်သပ်ရပ်ရပ်နဲ့ radar cross section နည်းမယ့်ပုံစံရှိပါတယ်။ နောက်လာမယ့် Zhuhai Air Show မှာ J-35 ကို တရားဝင်ပြသွားနိုင်တယ်လို့ ယူဆထားတာတွေရှိပါတယ်။
Crd…Tactical Raptor
RaptorOne

Unicode

ပထမဆုံး အကြိမ် ဓါတ်ပုံ quality ကောင်းကောင်းနဲ့ တွေ့မြင်ရတဲ့ တရုတ် J-35 တိုက်လေယာဉ်..???

ဒါက လေယာဉ်တင် သင်္ဘောပေါ်သုံးမယ့် carrier capable version ပါ။ ပီးတော့ ကိုယ်ထည်အမှတ် 350003 ဆိုတော့ တတိယမြောက် prototype ဖြစ်ပါတယ်။ US ရဲ့ F-35 ဒီဇိုင်းကို မှီငြမ်းထားတယ်ဆိုတာလဲ သိသိသာသာမြင်ရတယ်။ J-35 ပုံတွေအရင်ကတည်းက မြင်ရပီးသားဖြစ်ပေမယ့် ဒီပုံလို ကြည်ကြည်လင်လင်မရှိခဲ့ဘူး။

လောလောဆယ် အပြောများနေတာက သူ့ရဲ့ canopy ဒီဇိုင်းပါ။ US မရိန်းတွေရဲ့ F-35B နဲ့ပိုတူတယ်တောင်ပြောတယ်။ J-35 canopy က လေယာဉ်ကိုယ်ထည်နဲ့ လာဆက်တာမှာ နိမ့်ဆင်းမသွားပဲနဲ့ မြင့်နေတော့ pilot က နောက်လှည့်ကြည့်ချင်ရင် ဘာမှမြင်ရဖို့ မရှိဘူး။

J-35 မှီငြမ်းထားတဲ့ F-35 တွေအကုန်လုံးကလဲ နောက်မြင်ကွင်းမကောင်းဘူး အပြောခံရပါတယ်။ F-35 တွေမှာ ဒီလို နောက်မြင်ကွင်း မကောင်းတာကအကြောင်းရှိတယ်။ F-35 က လေတပ်၊ မရိန်း၊ ရေတပ် မတူတဲ့အဖွဲ့အစည်း 3 ခုရဲ့ လိုအပ်ချက်တွေကို လေယာဉ်ကိုယ်ထည်တစ်ခုတည်းပေါ်မှာ စုပြုံပီး ပစ်ထည့်ထားတာပါ။ မရိန်းတွေရဲ့ လိုအပ်ချက်က STOVL (short take off and vertical landing) ,မရိန်းတပ်တွေရဲ့ ပြေးလမ်းတိုတိုပဲပါတဲ့ သင်္ဘောတွေ၊ လေယာဉ်ကွင်းတွေမှာ ဆင်းနိုင်၊တက်နိုင်အောင် လုပ်ထားတဲ့စနစ် ဖြစ်ပါတယ်။

Crd