လူ့မစင် ကနေ လေယာဉ်ဆီ ထုတ်လုပ်နိုင်ပြီ

News Tech World

သိပ်မဝေးတော့တဲ့ အနာဂတ်မှာ လူ့မစင် ကနေ လေယာဉ်ဆီ ထုတ်လုပ်နိုင်တော့မှာ ဖြစ်တဲ့အတွက် ရုပ်ကြွင်းလောင်စာတွေကို မှီခိုစရာ မလိုတော့ပါဘူး။ သိပ္ပံပညာရှင်တွေက လူ့ မစင်၊ စွန့်ပစ် အစားအစာတွေကနေ လေယာဉ်ဆီ ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။

How High Do Planes Fly, and What Can Happen at Different Altitudes?

လူ့ မစင် ကနေ လေယာဉ်ဆီ ထုတ်လုပ်ပေးဖို့ အဓိက လိုအပ်တာက Volatile Fatty Acid (VFA) ဖြစ်ပြီး အမှိုက်တွေကနေ လေယာဉ်ဆီအတွက် လိုအပ်တဲ့ Paraffin ကို ထုတ်လုပ်ပေးနိုင်ပါတယ်။

airplane - Wiktionary

အမေရိကန် အမျိုးသား ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ဓါတ်ခွဲခန်းက သုတေသန ပညာရှင်တွေက အမေရိကန်ဟာ နှစ်တိုင်း လေယာဉ်ဆီ ဂါလံပေါင်း ၂၁ ဘီလီယမ် အသုံးပြုနေရပြီး ၂၀၅၀ ခုနှစ်မှာ ဒီထက် ၂ ဆ ပိုများလာမယ်လို့ တွက်ချက်ထားကြောင်း ပြောပါတယ်။

လက်ရှိမှာ လေယာဉ်ဆီ ၁ ဂါလန်ရဲ့ ဈေးနှုန်းဟာ ၂.၅ ဒေါ်လာလောက် ရှိပြီး အမှိုက်ကနေ ထုတ်လုပ်တဲ့ လေယာဉ်ဆီရဲ့ ဈေးနှုန်းဟာ ၁ ဂါလန်ကို ၀.၃ ဒေါ်လာလောက်ပဲ ရှိမှာ ဖြစ်ပါတယ်။

ref : gizmodo

Crd