အိပ်နေတဲ့အချိန်မှာ သခင်ဖြစ်သူကဖုန်စုပ်စက်ဖြင့်သန့်ရှင်းရေးလုပ်နေရာ နားငြီးလို့ဆိုပြီး ဖုန်စုပ်စက်ရဲ့ပလပ်ကိုကိုက်ဖြုတ်ပြစ်ခဲ့သည့်ဝက်ကလေး

News Social News

ရှေးလူကြီးများ၏အဆိုအရ ဝက်မျိုးစိတ်တွေဟာအနည်းငယ်ညစ်ပတ်သောမျိုးစိတ်တစ်မျိုးဖြစ်တယ်ဟုဆိုကြပါတယ်။သို့သော်လည်းလူအချို့တို့သည့် ချစ်စဖွယ်ဝက်ကလေးတွေကိုနေအိမ်ပေါ်တွင်ခေါ်ထားပြီးမိသားစုဝင်တွေလိုမွေးမြူထားတတ်ကြပါတယ်။

ယခုတွင်လည်း အမေရိကန်ကော်လိုရာဒိုရှိ နေအိမ်တစ်ခုမှမွေးမြူထားသောဝက်ကလေး၏အပြုအမူဟာ မြင်တွေ့သူတိုင်းကိုချစ်စဖွယ်ရာဖြစ်စေခဲ့ပါတယ်။ဝက်လေးဟာအိမ်၏ဆိုဖာပေါ်တွင်ဇိမ်ကျစွာအိပ်နေခဲ့တာဖြစ်ပါတယ်။ထိုအချိန်တွင်သခင်ဖြစ်သူကဖုန်စုပ်စက်ဖြင့်သန့်ရှင်းရေးလုပ်ခဲ့ရာ စုန်စုပ်စက်သံကြောင့်ဝက်ကလေးကနိုးလာခဲ့ခြင်းဖြစ်ပါတယ်။

ထို့နောက်တွင် ဝက်ကလေးကအိပ်ရာကထလာပြီးဖုန်စုပ်စက်ပလပ်ပေါက်ကို သူ၏ပါးစပ်ဖြင့်ကိုက်ဖြုတ်ပစ်ခဲ့လိုက်တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd