Lockheed Martin မှထုတ်လုပ်သောအစွမ်းထက်ဆုံးစစ်လေယာဉ်များ

News

Lockheed Martin မှထုတ်လုပ်သောအစွမ်းထက်ဆုံးစစ်လေယာဉ်များ

Lockheed Martin သည် စစ်လေယာဉ်အမြောက်အမြားကိုထုတ်လုပ်ခဲ့ပြီး ၎င်းတို့အနက်မှ တချို့သည် အစွမ်းထက်ဆုံးဖြစ်ပါတယ်၊

Lockheed Martin သည်အမေရိကန် နာမည်ကြီးကာကွယ်ရေးကန်ထရိုက်တာများထဲမှတစ်ဦး ဖြစ်ပြီးအမေရိကန်ရဲ့ စွမ်းအားအကြီးဆုံးနှင့်စျေးအကြီးဆုံးလက်နက်များစွာကိုထုတ်လုပ်ခဲ့ပါတယ်၊ သူ့ရဲ့ ၇၈ ရာခိုင်နှုန်းသော ၀င်ငွေများသည်စစ်တပ်စာချုပ်များမှဖြစ်ပြီး ၁၀ ရာခိုင်နှုန်းသည် ပင်တဂွန်ပေးချေထားသောရန်ပုံငွေ ဖြစ်ပါတယ်၊ ထို့ကြောင့် Lockheed Martin သည် Boeing , General Dynamics, Raytheon နှင့်အခြား အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာများနှင့်အတူအဆင့်အမြင့်ဆုံးတွေထဲမှာပါဝင်ပါတယ်၊

Lockheed Martin မှာ လေကြောင်း, ဒုံးကျည်နဲ့ အပစ်အခတ်ထိန်းချုပ်ခြင်း (MFC), စက်ယန္တရားနဲ့ ဒုံးကျည်စနစ်(RMS)နဲ့ အာကာသ ဆိုပြီးလေးပိုင်းခွဲထားပါတယ်၊ ယခုဆောင်းပါးတွင် များပြားလှတဲ့ လေကြောင်းဆိုင်ရာ အခွဲများထဲမှ အဓိက အကြောင်းအရာ တချို့ကိုသာ တင်ပြပါမယ်၊ Lockheed Martin သည် စစ်လက်နက်ပစ္စည်းအမြောက်အမြားကိုထုတ်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် CNBC တွက် ကမ္ဘာ့အကြီးဆုံးကာကွယ်ရေးကန်ထရိုက်တာအဖြစ်စာရင်းဝင်ခဲ့ပါတယ်၊ထို့‌ကြောင့် အသံထက်မြန်သောဒုံးကျည်များအတွက်ယှဉ်ပြိုင်မှုအပါအဝင်၎င်းတို့ရဲ့ကာကွယ်ရေးစာချုပ်များမှ ဒေါ်လာ ၄၄.၉ ဘီလီယံရရှိခဲ့ပါတယ်၊ ၎င်းတို့ကတော့ Lockheed Martin မှထုတ်လုပ်သောအင်အားအကြီးဆုံးစစ်လေယာဉ်အချို့ဖြစ်ပါတယ်၊

  1. F-35 Lightning II

Lockheed Martin သည် အမေရိကန်၏အဆင့်မြင့်ပဉ္စမမျိုးဆက်တိုက်လေယာဉ်နှစ်စင်းကိုယခုအချိန်ထုတ်လုပ်နေပြီဖြစ်ပါတယ်၊ ၎င်းတို့ထဲမှ F-35 Lightning II သည် သမိုင်းကြောင်းတွင်စျေးအကြီးဆုံးစစ်ဘက်အစီအစဉ် အဖြစ် ပါဝင်ပါတယ်၊၎င်းသည်မယုံနိုင်လောက်အောင်ရည်ရွယ်ချက်ကြီးသောအစီအစဉ်တစ်ခုဖြစ်ပြီးကုန်ကျစရိတ်များခြင်း၊နှောင့်နှေးမှုများနှင့်ပြည့်နှက်နေခဲ့ပါတယ်၊ဒါပေမယ့်အခုတော့သူတို့ဟာနောက်ဆုံးမှာအပြည့်အဝထုတ်လုပ်နိုင်ခဲ့ပြီး အခုကမ္ဘာပေါ်မှာစွမ်းရည်အမြင့်ဆုံးဖြစ်နိုင်တဲ့တိုက်လေယာဉ်ဖြစ်နေပါပြီ၊

9.F-22 Raptor

Lockheed သည် ကိုယ်ပျောက်လေယာဥ်ထက်သာလွန်သောတိုက်လေယာဉ်ဖြစ်သည့် F-22 Raptor ကိုတည်ဆောက်ခဲ့ပါတယ်၊ ကြီးမားသောကုန်ကျစရိတ်ဖြင့်ထုတ်လုပ်သည့်ထိုတိုက်လေယာဉ်ဟာ ယခုဆိုရင် ကမ္ဘာပေါ်တွင်အဆင့်အမြင့်ဆုံးဝေဟင်တိုက်လေယာဉ်ဖြစ်လာနိုင်ပါတယ်၊ တကယ်တော့ ၎င်းကုမ္ပဏီသည်ပဉ္စမမြောက်မျိုးဆက်တိုက်လေယာဉ်များတည်ဆောက်ရန် တစ်ခုတည်းသောအနောက်တိုင်းကုမ္ပဏီဖြစ်ပါတယ်၊

ကံမကောင်းစွာဖြင့်၎င်းသည် အတပ်အဆင် မလွယ်ခြင်း၊ကုန်ကျစရိတ်ကြီးမားခြင်း၊အိုဟောင်းလွယ်ခြင်းနှင့်လေယာဉ်မတည်မငြိမ်ဖြစ်ခြင်းတို့‌ ကြောင့် အဆင့်မြှင့်တင်ရန်ကုန်ကျစရိတ်များခြင်းကြောင့် စောစောအနားယူရန်လေတပ်က ကြေငြာခဲ့ပါတယ်၊

  1. Lockheed C-130 Hercules

အစောပိုင်းတွင် Lockheed သည် ၁၉၅၀ ခုနှစ်မှာ C-130 Hercules ကိုထုတ်လုပ်ခဲ့ပါတယ်၊ ၎င်းသည်အမေရိကန်မှထုတ်လုပ်သောစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်များထဲမှ အအောင်မြင်ဆုံးတစ်ခုဖြစ်ပြီး၎င်းကိုကမ္ဘာတစ်ဝှမ်းလုံးသို့တင်ပို့လျက်ရှိပါတယ်၊

၁၉၅၆ ခုနှစ်တွင် စတင်မိတ်ဆက်ပြီးကတည်းက၎င်းအား၂၅၀၀ ကျော်တည်ဆောက်ပြီးဖြစ်ပါတယ်၊ ယနေ့တွင်၎င်းကိုပြန်လည်ဒီဇိုင်းဆွဲပြီး C-130J Super Hercules အဖြစ်အဆင့်မြှင့်တင်ခဲ့ကာ ၎င်းမူကွဲကို Lockheed Martin က Georgiaရှိ Marietta စက်ရုံတွင်ထုတ်လုပ်နေဆဲဖြစ်ပါတယ်၊

7.Lockheed C-5 Galaxy

C-130J Super Hercules ထက်ပိုကြီးသော C-5 Galaxy သည်ယနေ့ကမ္ဘာ့အကြီးဆုံးစစ်လေယာဉ်များထဲတွင်ပါဝင်ပါတယ် 2040 ခုနှစ်တွင် ဝန်ဆောင်မှု‌ပေးနိုင်ရန်ကိုမျှော်မှန်းထားလျက်ရှိပါတယ်၊
C-5 Galaxy ကို ၁၉၆၈ တွင်ပထမဆုံးပျံသန်း‌စေခဲ့ပြီးယနေ့ခေတ်မှာတော့ အင်အားကြီးလေယာဉ် 131 (C-130 Hercules ထက်များစွာနည်းသည်) ကိုတည်ဆောက်ပြီးပါပြီ၊ အခြားရည်ရွယ်ချက်ကြီးသောပရောဂျက်များနည်းတူ အစီအစဉ်သည် ဒီဇိုင်းအခက်အခဲများစွာနှင့်ကုန်ကျစရိတ်များခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ရပါတယ်၊

6.F-16 Fighting Falcon

F-16 Fighting Falcon ကို General Dynamics မှဒီဇိုင်းထုတ်ပြီး ထုတ်လုပ်ခဲ့သော်လည်း ၎င်းတို့သည်ပရိုဂရမ်ကို Lockheed Martin သို့ရောင်းချခဲ့ပါတယ်၊ ထိုအချိန်မှစ၍ Lockheed Martin သည်ထိုလေယာဉ်များကိုထုတ်လုပ်၊ အဆင့်မြှင့်တင်ထိန်းသိမ်းခဲ့ပါတယ်၊
Fighting Falcon သည်အလွန်အောင်မြင်သောဘက်စုံသုံးတိုက်လေယာဉ်ဖြစ်ပြီးယခုကမ္ဘာပေါ်တွင် အပြောင်မြောက်ဆုံးစစ်လေယာဉ်များအဖြစ် ဝန်ဆောင်မှုပေးနေပါပြီ၊ Lockheed သည် F-16 Fighting Falcon ရဲ့ ထုတ်လုပ်မှုကို အားကောင်းသောပဉ္စမမျိုးဆက် F-35 Lightning II ကိုထုတ်လုပ်ရန် နေရာအစားထိုးပေးခဲ့ပါတယ်၊

5.Lockheed P-3 Orion

P-3 Orion သည် ၁၉၆၂ တွင်ပထမဆုံးမိတ်ဆက်ခဲ့သောစွယ်စုံသုံးရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့်စောင့်ကြည့်ရေးလေယာဉ်ဖြစ်ပါတယ်၊ ထိုလေယာဉ် အား ၇၅၇ စီးခန့် ထုတ်လုပ်ခဲ့ပြီး၎င်းတို့ကိုကမ္ဘာတစ်ဝန်းလုံးရှိ စစ်တပ်များတွင် အသုံးပြုလျက်ရှိကြပါတယ်၊

Lockheed သည် P-8 Poseidon ကိုအစားထိုးရန်ကြိုးစားခဲ့သော်လည်း Boeing နှင့်Boeing P-8 Poseidon တို့ကိုဆုံးရှုံးခဲ့ရပါတယ်၊ ယခု ‌P-8 Poseidon ကို Boeing P-8 Poseidon ဖြင့်ကမ္ဘာတစ်ဝှမ်းရှိလေတပ်များစွာတွင်အစားထိုးနေပါတယ်၊

4.Lockheed U-2

Lockheed U-2 သည်စစ်အေးကာလ တွင်အထင်ရှားဆုံး ထောက်လှမ်းရေးလေယာဉ်များထဲမှတစ်ခုဖြစ်ပြီးကျူးဘားဒုံးကျည်အရေးအခင်းအတွင်း ကျူးဘားပစ်ချခြင်းခဲ့တဲ့ လေယာဉ်ဖြစ်ပါတယ်၊ အမေရိကန်လေတပ်အပြင် U-2 ကိုလည်း CIA နှင့် NASA တို့က ဝယ်ယူထားသည်။
ယနေ့ခေတ်တွင် ဟောင်းနွမ်းနေသော်လည်း NASA နှင့် US Air Force တို့တွင် အသုံးပြုနေဆဲဖြစ်ပါတယ်၊ ၎င်းကို ၁၉၅၅ နှင့် ၁၉၈၉ ကြားတွင်ထုတ်လုပ်ပြီး “Dragon Lady” ဟုချစ်စနိုးခေါ်ပါတယ်၊

3.A-4AR Fightinghawk

Fightinghawk သည် McDonnell Douglas A-4M Skyhawk ရဲ့ အဆင့်မြှင့်တင်မှုတစ်ခုဖြစ်ပြီး Lockheed Martin သည် ထိုမြေပြင်တိုက်ခိုက်ရေးတိုက်လေယာဉ် ၃၆ စီးကိုအာဂျင်တီးနားလေတပ်အတွက်အဆင့်မြှင့်တင်ခဲ့ပါတယ်၊

ယနေ့ခေတ်တွင်ထိုလေယာဉ်များသည်အာဂျင်တီးနားလက်နက်ကိုင်တပ်ဖွဲ့များ ဆိုးရွားသောရန်ပုံငွေရှားပါးမှုနှင့် ကြုံနေရသောကြောင့်ပြုပြင်ကာအသုံးပြု‌ နေရသည့် အခြေအနေမှာရှိပါတယ်၊ ဒါဟာထိုနိုင်ငံရှိစီးပွားရေးအကျပ်အတည်းများနှင့်စစ်တပ်အပေါ်အယုံအကြည်မဲ့မှုတို့ကြောင့်ဖြစ်ပြီး ၂၀၂၀ တွင် ၎င်းတို့ထဲမှ ၆စီး လောက်သာလုပ်ငန်းလည်ပတ်နိုင်ဆဲဖြစ်ပါတယ်၊

2.Lockheed F-117 Nighthawk

F-117 Nighthawk သည်ယခင်ခေတ်တွင်အလွန်အဆင့်မြင့်သောဒီဇိုင်းဖြစ်ခဲ့ပြီးယခုအချိန်တွင်လည်းဆက်လက်ပျံသန်းနိုင်ဆဲဖြစ်ပါတယ်၊ F-117 သည်ကိုယ်ပျောက်တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီးယခုအငြိမ်းစားယူလိုက်ပီဖြစ်ပါတယ်၊၎င်းကို ၁၉၈၃ တွင်ပထမဆုံးမိတ်ဆက်ခဲ့ပြီး ၂၀၀၈မှ တစ်စိတ်တစ်ပိုင်းအနားယူခဲ့ပါတယ်၊

F-117 ကို လျှို့ဝှက်သော Skunk Works အစီအစဉ်အရထုတ်လုပ်ခဲ့ပြီး ၎င်းလျှို့ဝှက်ချက်သည်သီအိုရီအရ အရိုင်းဆန်ပါတယ်၊ F-117s ကို၅၉ စီးထုတ်လုပ်ခဲ့ပေမယ့် ကိုယ်ပျောက်လေယာဉ်များထုတ်လုပ်ရန်ကန့်သတ်အတိုင်းအတာများဖြင့် သူတို့၏အသုံးဝင်မှုကိုအနည်းငယ်ကန့်သတ်ထားခဲ့ပါတယ်၊

1.Lockheed C-141 Starlifter

C-141 Starlifter သည်အခြားစစ်ဘက်ဆိုင်ရာမဟာဗျူဟာမြောက်လေယာဉ်တစ်စင်းဖြစ်ပြီးအငြိမ်းစားယူပြီးဖြစ်ပါတယ်၊ ၎င်းကို ၁၉၆၃ နှင့် ၁၉၆၈ ခုနှစ်တို့တွင်ထုတ်လုပ်ခဲ့ပြီးလေတပ်နှင့်NASA နှစ်ခုလုံးကအသုံးပြုခဲ့ပါတယ်၊

၎င်းတို့အနက် ၂၈၅စီး ကိုထုတ်လုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်အထိလေတပ်က၎င်းတို့အား C-17 Globemaster III ဖြင့်အစားထိုးခဲ့ကာ နှစ်ပေါင်း ၄ဝ အထိအသုံးပြုခဲ့ပါတယ်၊Lockheed Martin သည်ကမ္ဘာပေါ်တွင်အကောင်းဆုံးနှင့်အကြီးဆုံးစစ်တပ်ကုန်တင်လေယာဉ်အချို့ထုတ်လုပ်သည့် သမိုင်းကြောင်းလည်းရှိပါတယ်၊

အကျဉ်းချုပ်ပြောရလျှင် Lockheed Martin သည်စစ်လေယာဉ်အမြောက်အမြားကိုထုတ်လုပ်ခဲ့ပါတယ်၊ယခုစာရင်းသည် လေယာဉ်များသာဖြစ်ပြီး ၎င်းတို့ထုတ်လုပ်ခဲ့သောတခြားစနစ်‌တွေမပါသေးပါဘူး။
Translator:Evelyn
Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။