လီမင်ဟိုအေဂျင်စီကချိန်းတွေ့မှုကောလဟာလများကိုဆက်လက်ငြင်းဆန်ခဲ့ပြီး မင်းသားကမည်သည့် quarantine စည်းမျဉ်းကိုမှချိုးဖောက်ခဲ့ခြင်းမရှိကြောင်းပြောကြား

Celebrity Kpop News

Momoland အဖွဲ့ဝင်ဟောင်း Yeonwooနဲ့ ချိန်းတွေ့နေတယ်လို့ ကောလဟာလများ ဆက်တိုက်ထွက်ပေါ်နေတဲ့ Lee Min Ho ဟာ Quarantineစည်းမျည်းများကို ချိုးဖောက်ခဲ့တယ်လို့ ထပ်မံစွပ်စွဲခံရပါတယ်၊

News1ရဲ့ အဆိုအရ Lee Min Ho အေဂျင်စီ MYM Entertainmentရဲ့ တာဝန်ရှိသူတဦးက ရှင်းပြခဲ့ပြီး မင်းသားဟာ Quarantine စည်းမျည်းများကိုချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်းငြင်းဆိုထားပါတယ်၊တာဝန်ရှိသူက “ Lee Min Ho ဟာ Yeonwooအပါအဝင် လူသုံးယောက်နဲ့ ရုပ်ရှင်ရုံသို့ သွားခဲ့ပြီး ဇူလိုင် လ1ရက်နေ့တွင် ပြန်လာခဲ့တယ်” လို့ရှင်းပြထားပါတယ်၊

MYM Entertainmentက “ထိုဓာတ်ပုံဟာ ဇူလိုင်လ 1ရက်နေ့ကပုံဖြစ်ပြီး ကားရဲ့တဖက်တွင် တခြားသူတွေလည်း ထိုင်နေပါတယ်၊အဲ့ဒီအချိန်တုန်းက လူလေးဦးသာ ရှိကြောင်း ကျွန်တော်တို့ အတည်ပြုပြီးပါပြီ၊ဒါ့ကြောင့် မင်းသားဟာ Quarantineစည်းမျည်းကို မချိုးဖောက်ပါဘူး ”လို့ရှင်းပြထားပါတယ်၊

ဆိုးလ်မြို့တော်တွင် Social Distancingစတုတ္ထအဆင့်ကိုဇူလိုင်လ ၁၂ ရက်နေ့၌ကျင့်သုံးခဲ့ပါတယ်၊ ထိုစည်းမျဉ်းအရညနေ ၆ နာရီမတိုင်မီလူလေး ဦး သို့မဟုတ် လူလေးဦးထက်နည်း၍စုဝေးနိုင်ပါတယ်၊ ညနေ ၆ နာရီနောက်ပိုင်းလူနှစ် ဦး သာ တွေ့ဆုံနိုင်ပါတယ်၊Social Distancing စည်းမျဉ်းမချမှတ်ခင်က ၆နာရီနောက်ပိုင်းလူလေး ဦး သီးသန့်တွေ့ဆုံနိုင်ပါတယ်၊

အစောပိုင်းတွင် Dispatch က မင်းသား Lee Min Ho နှင့် Yeonwoo တို့ချိန်းတွေ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းအရ၊ နာမည်ကျော်နှစ် ဦး သည် ၅ လခန့်ချိန်းတွေ့ခဲ့ပြီး Yeonwoo ရဲ့မွေးနေ့ကိုအတူတကွကုန် ဆုံးခဲ့တယ်လို့ သတင်းများအရသိရပါတယ်၊

ဒါပေမယ့်Lee Min Hoရဲ့အေဂျင်စီက “ သူတို့ကအသိမိတ်ဆွေတွေသာဖြစ်ပြီးချိန်းတွေ့တာမဟုတ်ပါဘူး။ သူတို့နဲ့အတူ အဲဒီတုန်းကအခြားအသိမိတ်ဆွေတွေနဲ့ရှိနေခဲ့ပါတယ်”လို့ ရှင်းပြထားပေမယ့် Yeonwoo ရဲ့အေဂျင်စီက တော့စစ်ဆေးနေ ဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊

ချိန်းတွေ့မှုအရှုပ်တော်ပုံသတင်းများနှင့်အတူ Lee Min Ho နှင့် Yeonwoo တို့သည် ဆိုးလ်မြို့ ဧရိယာတစ်လျှောက်တွင်ကျင့်သုံးသော quarantine စည်းမျဉ်းများကိုချိုးဖောက်ခဲ့တယ်လို့ ထင်ကြေးပေးမှုများရှိခဲ့ပါတယ်၊သို့သော်Lee Min Hoရဲ့အေဂျင်စီက quarantine စည်းမျဉ်းများမကျင့်သုံးမီဓာတ်ပုံများကိုသာအလေးပေးပြောကြားခဲ့ပါတယ်၊
Translator:Evelyn
Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

zawgyi
Momoland အဖြဲ႕ဝင္ေဟာင္း Yeonwooနဲ႔ ခ်ိန္းေတြ႕ေနတယ္လို႔ ေကာလဟာလမ်ား ဆက္တိုက္ထြက္ေပၚေနတဲ့ Lee Min Ho ဟာ Quarantineစည္းမ်ည္းမ်ားကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ထပ္မံစြပ္စြဲခံရပါတယ္၊

News1ရဲ့ အဆိုအရ Lee Min Ho ေအဂ်င္စီ MYM Entertainmentရဲ့ တာဝန္ရွိသူတဦးက ရွင္းျပခဲ့ၿပီး မင္းသားဟာ Quarantine စည္းမ်ည္းမ်ားကိုခ်ိဳးေဖာက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ကိုလည္းျငင္းဆိုထားပါတယ္၊တာဝန္ရွိသူက “ Lee Min Ho ဟာ Yeonwooအပါအဝင္ လူသုံးေယာက္နဲ႔ ႐ုပ္ရွင္႐ုံသို႔ သြားခဲ့ၿပီး ဇူလိုင္ လ1ရက္ေန႔တြင္ ျပန္လာခဲ့တယ္” လို႔ရွင္းျပထားပါတယ္၊

MYM Entertainmentက “ထိုဓာတ္ပုံဟာ ဇူလိုင္လ 1ရက္ေန႔ကပုံျဖစ္ၿပီး ကားရဲ့တဖက္တြင္ တျခားသူေတြလည္း ထိုင္ေနပါတယ္၊အဲ့ဒီအခ်ိန္တုန္းက လူေလးဦးသာ ရွိေၾကာင္း ကၽြန္ေတာ္တို႔ အတည္ျပဳၿပီးပါၿပီ၊ဒါ့ေၾကာင့္ မင္းသားဟာ Quarantineစည္းမ်ည္းကို မခ်ိဳးေဖာက္ပါဘူး ”လို႔ရွင္းျပထားပါတယ္၊

ဆိုးလ္ၿမိဳ႕ေတာ္တြင္ Social Distancingစတုတၳအဆင့္ကိုဇူလိုင္လ ၁၂ ရက္ေန႔၌က်င့္သုံးခဲ့ပါတယ္၊ ထိုစည္းမ်ဥ္းအရညေန ၆ နာရီမတိုင္မီလူေလး ဦး သို႔မဟုတ္ လူေလးဦးထက္နည္း၍စုေဝးနိုင္ပါတယ္၊ ညေန ၆ နာရီေနာက္ပိုင္းလူႏွစ္ ဦး သာ ေတြ႕ဆုံနိုင္ပါတယ္၊Social Distancing စည္းမ်ဥ္းမခ်မွတ္ခင္က ၆နာရီေနာက္ပိုင္းလူေလး ဦး သီးသန႔္ေတြ႕ဆုံနိုင္ပါတယ္၊

အေစာပိုင္းတြင္ Dispatch က မင္းသား Lee Min Ho ႏွင့္ Yeonwoo တို႔ခ်ိန္းေတြ႕ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ သတင္းအရ၊ နာမည္ေက်ာ္ႏွစ္ ဦး သည္ ၅ လခန႔္ခ်ိန္းေတြ႕ခဲ့ၿပီး Yeonwoo ရဲ့ေမြးေန႔ကိုအတူတကြကုန္ ဆုံးခဲ့တယ္လို႔ သတင္းမ်ားအရသိရပါတယ္၊

ဒါေပမယ့္Lee Min Hoရဲ့ေအဂ်င္စီက “ သူတို႔ကအသိမိတ္ေဆြေတြသာျဖစ္ၿပီးခ်ိန္းေတြ႕တာမဟုတ္ပါဘူး။ သူတို႔နဲ႔အတူ အဲဒီတုန္းကအျခားအသိမိတ္ေဆြေတြနဲ႔ရွိေနခဲ့ပါတယ္”လို႔ ရွင္းျပထားေပမယ့္ Yeonwoo ရဲ့ေအဂ်င္စီက ေတာ့စစ္ေဆးေန ဆဲျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္၊

ခ်ိန္းေတြ႕မႈအရႈပ္ေတာ္ပုံသတင္းမ်ားႏွင့္အတူ Lee Min Ho ႏွင့္ Yeonwoo တို႔သည္ ဆိုးလ္ၿမိဳ႕ ဧရိယာတစ္ေလၽွာက္တြင္က်င့္သုံးေသာ quarantine စည္းမ်ဥ္းမ်ားကိုခ်ိဳးေဖာက္ခဲ့တယ္လို႔ ထင္ေၾကးေပးမႈမ်ားရွိခဲ့ပါတယ္၊သို႔ေသာ္Lee Min Hoရဲ့ေအဂ်င္စီက quarantine စည္းမ်ဥ္းမ်ားမက်င့္သုံးမီဓာတ္ပုံမ်ားကိုသာအေလးေပးေျပာၾကားခဲ့ပါတယ္၊
Translator:Evelyn
Arkarta.com Copyright © 2021 ကူးယူေဖာ္ျပခြင့္ လုံးဝခြင့္မျပဳပါ။