အာဖဂန်မှာကျဆုံးသွားတဲ့ ကန်စစ်သည် ၁၃ ဦးကို သမ္မတ Bidenမှ လေးစားစွာ ဂုဏ်ပြု

News

အာဖဂန်မှာကျဆုံးသွားတဲ့ ကန်စစ်သည် ၁၃ ဦးကို သမ္မတ Bidenမှ လေးစားစွာ ဂုဏ်ပြု

အာဖဂန်နစ်စတန် ကာဘူးလ်လေဆိပ်မှာ ပြီးခဲ့တဲ့ကြာ သပတေးနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်စစ်သည် ၁၃ ဦးရဲ့ မိသားစုဝင်တွေကို သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် Jill Biden တို့တွေ့ဆုံပြီး ကျဆုံးသွားတဲ့စစ်သည်တွေကို ဂုဏ်ပြုခဲ့ပါတယ်။

“အာဖဂန်နစ်စတန်မှာ ကျဆုံးခဲ့ရတဲ့ သူရဲ ကောင်းစစ် သည် ၁၃ ဦးရဲ့ မိသားစုဝင်တွေကို Jill နဲ့ ကျနော်တို့ အခုပဲ ကျနော့် ဇာတိပြည်နယ် Dover လေတပ်အခြေစိုက်စခန်းမှာ တွေ့ဆုံပြီးပြန်လာတာပါ။ သူတို့လေးတွေဟာ နိုင်ငံအတွက် အသက်ပေးသွားကြတာပါ။ သူတို့ အတွက်ရော မုန်တိုင်းအန္တရာယ်ရှိတဲ့ Louisiana အတွက်ပါ ကျနော်တို့ ဆုတောင်းကြပါစို့” လို့ သမ္မတက ဝါရှင်တန်ဒီစီက ဗဟိုအစိုးရ အရေးပေါ်စီမံခန့်ခွဲရေးဌာန FEMA မှာ မကြာသေးခင်ကပဲ ပြောကြားခဲ့တာပါ။

အမေရိကန် ကျဆုံးစစ်သည် ၁၃ ဦးဟာ အသက် ၂၀ ကနေ ၃၁ နှစ်ကြားလူငယ်လူရွယ်တွေ ဖြစ်ပြီး သူတို့ထဲက ၅ ဦးက အသက် ၂၀ ပဲရှိ သေးတာပါ။သူတို့ရဲ့ ကြွင်းကျန်တဲ့ ရုပ်အလောင်းတွေကို Delaware ပြည် နယ် Dover လေတပ်အခြေစိုက်စခန်းကို ပြန်လည်သယ်ဆောင်လာပါပြီ။ နိုင်ငံရပ်ခြားမှာ တိုက်ခိုက်ရေး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသူတွေရဲ့ ရုပ်အ လောင်းတွေကို ထုံးစံအတိုင်း စစ်အခန်းအနားနဲ့ ဂုဏ်ပြုသယ်ယူခဲ့တာဖြစ်ပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံမှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးတဲ့နောက် အာဖဂန်ကနေထွက်ခွါမယ့် သူထောင်နဲ့ချီရှိနေတဲ့ ကာဘူးလ်လေဆိပ်မှာ ကြာသပတေးနေ့က အသေခံဗုံးခွဲ အတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ဒီအသေခံဗုံးကြောင့် အမေရိကန်စစ်သည်တွေအပြင် အာဖဂန်နိုင်ငံသား ၁၇၀ ထက်မနည်းလည်း သေဆုံးခဲ့ရ ပါတယ်။ဒီဗုံးခွဲတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာ ဖြစ်ကြောင်း အာဖဂန်အခြေစို က် အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က ကြေညာခဲ့တာပါ။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
အာဖဂန္မွာက်ဆုံးသြားတဲ့ ကန္စစ္သည္ ၁၃ ဦးကို သမၼတ Bidenမွ ေလးစားစြာ ဂုဏ္ျပဳ

အာဖဂန္နစ္စတန္ ကာဘူးလ္ေလဆိပ္မွာ ၿပီးခဲ့တဲ့ၾကာ သပေတးေန႔ အေသခံဗုံးခြဲတိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့ရတဲ့ အေမရိကန္စစ္သည္ ၁၃ ဦးရဲ့ မိသားစုဝင္ေတြကို သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ သမၼတကေတာ္ Jill Biden တို႔ေတြ႕ဆုံၿပီး က်ဆုံးသြားတဲ့စစ္သည္ေတြကို ဂုဏ္ျပဳခဲ့ပါတယ္။

“အာဖဂန္နစ္စတန္မွာ က်ဆုံးခဲ့ရတဲ့ သူရဲ ေကာင္းစစ္ သည္ ၁၃ ဦးရဲ့ မိသားစုဝင္ေတြကို Jill နဲ႔ က်ေနာ္တို႔ အခုပဲ က်ေနာ့္ ဇာတိျပည္နယ္ Dover ေလတပ္အေျခစိုက္စခန္းမွာ ေတြ႕ဆုံၿပီးျပန္လာတာပါ။ သူတို႔ေလးေတြဟာ နိုင္ငံအတြက္ အသက္ေပးသြားၾကတာပါ။ သူတို႔ အတြက္ေရာ မုန္တိုင္းအႏၲရာယ္ရွိတဲ့ Louisiana အတြက္ပါ က်ေနာ္တို႔ ဆုေတာင္းၾကပါစို႔” လို႔ သမၼတက ဝါရွင္တန္ဒီစီက ဗဟိုအစိုးရ အေရးေပၚစီမံခန႔္ခြဲေရးဌာန FEMA မွာ မၾကာေသးခင္ကပဲ ေျပာၾကားခဲ့တာပါ။

အေမရိကန္ က်ဆုံးစစ္သည္ ၁၃ ဦးဟာ အသက္ ၂၀ ကေန ၃၁ ႏွစ္ၾကားလူငယ္လူရြယ္ေတြ ျဖစ္ၿပီး သူတို႔ထဲက ၅ ဦးက အသက္ ၂၀ ပဲရွိ ေသးတာပါ။သူတို႔ရဲ့ ႂကြင္းက်န္တဲ့ ႐ုပ္အေလာင္းေတြကို Delaware ျပည္ နယ္ Dover ေလတပ္အေျခစိုက္စခန္းကို ျပန္လည္သယ္ေဆာင္လာပါၿပီ။ နိုင္ငံရပ္ျခားမွာ တိုက္ခိုက္ေရး တာဝန္ထမ္းေဆာင္ရင္း က်ဆုံးခဲ့ရသူေတြရဲ့ ႐ုပ္အ ေလာင္းေတြကို ထုံးစံအတိုင္း စစ္အခန္းအနားနဲ႔ ဂုဏ္ျပဳသယ္ယူခဲ့တာျဖစ္ပါတယ္။

အာဖဂန္နစ္စတန္နိုင္ငံမွာ တာလီဘန္ေတြ ထိန္းခ်ဳပ္ခဲ့ၿပီးတဲ့ေနာက္ အာဖဂန္ကေနထြက္ခြါမယ့္ သူေထာင္နဲ႔ခ်ီရွိေနတဲ့ ကာဘူးလ္ေလဆိပ္မွာ ၾကာသပေတးေန႔က အေသခံဗုံးခြဲ အတိုက္ခိုက္ခံခဲ့ရတာ ျဖစ္ၿပီး ဒီအေသခံဗုံးေၾကာင့္ အေမရိကန္စစ္သည္ေတြအျပင္ အာဖဂန္နိုင္ငံသား ၁၇၀ ထက္မနည္းလည္း ေသဆုံးခဲ့ရ ပါတယ္။ဒီဗုံးခြဲတိုက္ခိုက္မႈကို သူတို႔လုပ္ေဆာင္တာ ျဖစ္ေၾကာင္း အာဖဂန္အေျခစို က္ အိုင္အက္စ္ စစ္ေသြးႂကြ အဖြဲ႕က ေၾကညာခဲ့တာပါ။
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။