J20 ကိုယ်ပျောက်လေယာဉ်အတွက် အမေရိကန်နည်းပညာခိုးယူခဲ့တဲ့ တရုတ်တို့ ကျေးဇူးတင်ရမည်

News

J20 ကိုယ်ပျောက်လေယာဉ်အတွက် အမေရိကန်နည်းပညာခိုးယူခဲ့တဲ့ တရုတ်တို့ ကျေးဇူးတင်ရမည်

ဘေဂျင်းသည် အဆင့်မြင့်လက်နက်အချို့ကိုတည်ဆောက်ရန်အတွက်အမေရိကနှင့်ရုရှားတို့ ၏ နည်းပညာကို ခိုးယူရာတွင် လူသိများပါတယ်၊

လူတော်‌တွေဟာ အတုခိုးတတ်ပြီး ပညာရှိတွေဟာ ကိုယ်ပိုင်ဖန်တီးမှုဖြစ်အောင်တီထွင်တတ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်၊ ဒါဟာ တရုတ်လူမျိုး တွေရဲ့ စကားပုံမဟုတ်ပေမယ့် စစ်လက်နက်ပစ္စည်းဒီဇိုင်းတွေခိုးယူတီထွင်နေတဲ့ ဘေကျင်းအတွက်တော့ ငြင်းနိုင်စရာမရှိပါဘူး၊2019 နွေဦးတွင် ရုရှားက တရုတ်ဟာ ဆိုက်ဘာနည်းပညာနဲ့ တခြားသော စစ်တပ်အားထောက်ပံ့နေသည့် အချက်အလက်များအား ခိုးယူခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်၊

ကမ္ဘာ့အဆင့်စစ်အင်အားတည်ဆောက်ရန်တရုတ်ရဲ့ ကြိုးပမ်းမှုများသည် ပြည်တွင်းသုတေသနနှင့်ဖွံ့ဖြိုးရေး (R&D) ကြိုးပမ်းမှုများမှမဟုတ်ဘဲ ပြည်ပအင်အားကြီး နိုင်ငံများထံမှခိုးယူခြင်းသာဖြစ်ပါတယ်၊ တရုတ်သည်ပိုမိုအဆင့်မြင့်သောစစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများဖြန့်ကျက်နေချိန်တွင်တရုတ်သည်အလွန်ပြောင်ပြောင်တင်းတင်းအတုခိုးသောကြောင့် ရုရှားကစိတ်ပျက်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်၊

၎င်းသည် အမေရိကန်လေတပ်ရဲ့ Lockheed Martin F-22 Raptor ရဲ့ ဒီဇိုင်းကို ခိုးယူတည်ဆောက်ထားတဲ့ J-20“ Mighty Dragon” တိုက်လေယာဉ် ကို ကြည့်ရင် သိသာပါတယ်၊ ၎င်းလေယာဉ်ရဲ့ ပုံပန်း အသွင်အပြင်ဟာ တကယ်ကို ပဉ္စမမျိုးဆက် တိုက်လေယာဉ် နဲ့ တခြားစီပါပဲ၊

F22 လေယာဉ်ကို ထုတ်ဖော်ကြေညာအပြီး J20 စတင်တည်ဆောက်ခဲ့တာဟာဆိုရင် တကယ်ကိုကြီးမားတဲ့တိုက်ဆိုင်မှုကြီးပါပဲ၊တရုတ်စစ်လေယာဉ်တွေရဲ့ နည်းပညာဟာဆိုရင် Lockheed Martin F-35 Lightning II Joint Strike Fighter ရဲ့ စနစ်တွေနဲ့ အံ့ဩစရာကောင်းအောင်တူလွန်းပါတယ်၊အကယ်၍ တရုတ်စစ်လေယာဉ်တွေဟာ F22နဲ့တော်တော်လေးဆင်နေရင် သံသယဖြစ်ဖို့ဆိုတာ လုံလောက်နေပါပီ့ ၊သို့ပေမဲ့၎င်းရဲ့ အာရုံခံစနစ်ဟာ Lighting IIမှာတွေ့ရတဲ့ LockHeed Martin ရဲ့ လျှပ်စစ်ဖြင့် ပစ်မှတ်ရွေးချယ်တဲ့ စနစ်နဲ့တူပြီး Mighty Dragonမှာလည်း အသုံးပြုထားပါတယ်၊

ဒါ‌ဟာ ထင်ကြေးပေးရုံသက်သက်မဟုတ်ပါဘူး၊

အမှန်တော့ ၂၀၀၇ ခုနှစ်တုန်းက Lockheed Martin က တရုတ်ဟက်ကာများသည် F-35 ပရိုဂရမ်နှင့်ပတ်သက်သော နည်းပညာစာရွက်စာတမ်းများ ကို ခိုးယူခဲ့‌ကြောင်းကိုတွေ့ရှိခဲ့ရပြီးတချိန်တည်းမှာပဲ ဘေဂျင်းအတွက်အလုပ်လုပ်နေသောဟက်ကာများသည်သြစတေးလျ F-35 လက်အောက်ခံကန်ထရိုက်တာတစ်ဦးရဲ့ အချက်အလက်တွေကို ကို ဖောက်ဖျက်ခဲ့တယ်လို့ Asia Times ကဖော်ပြခဲ့ပါတယ်၊ ထိုဖောက်ဖျက်မှုများအပေါ် အခြေခံ၍ တရုတ်ဟာ J-20 ထုတ်လုပ်ရာတွင်အသုံးပြုခဲ့သည့်အရေးကြီးသတင်းအချက်အလက်များနှင့်နည်းပညာအချက်အလက်များကိုခိုးယူခဲ့ပုံရပါတယ်၊

တရုတ်ဟာ အနောက်နိုင်ငံများမှအဖိုးတန် အချက်အလက်တွေရရှိခဲ့ပြီး ၎င်းသည်အဆင့်မြင့်လေယာဉ်များကို တည်ဆောက်ရာတွင် တဂယ်ကို အထောက်အကူပြုခဲ့ပါတယ်၊ ဒါ့အပြင် တရုတ်ဟာ သူတို့ရဲ့ ဝှက်ဖဲကို ဖွက်ထားပြီး ပဉ္စမမျိုးဆက်တိုက်လေယာဉ်၏စွမ်းရည်ကိုအသေးစိတ်ဖော်ပြခဲ့ပါတယ်၊ J-20 သည် Mach 2 (တစ်နာရီ ၁,၅၃၅ မိုင်) နှင့်အမြင့်ဆုံးအမြန်နှုန်းကိုရောက်နိုင်တယ်လို့ ယုံကြည်ရပြီး အမြင့်ပေ ၆၀၀၀၀ ဝန်းကျင်အထိရောက်နိုင်ပြီး မိုင် ၇၀၀ ခန့် ပျံသန်းနိုင်သော်လည်းအခြားအချက်အလက်များကတော့ မသိရသေးပါဘူး၊

တရုတ်ဂျက်လေယာဉ်ဟာ အတွင်းပိုင်းလက်နက်သိမ်းဆည့်မည့်အကန့်တွင် တာဝေးဝေဟင်ပစ်ဒုံးကျည်လေးစင်းထက်မနည်းသယ်ဆောင်နိုင်လိမ့်မည် လို့ ယုံကြည်ရပြီး ၎င်းတွင်တာတိုပစ်ဒုံးကျည်တစ်စင်းတင်နိုင်သောဘေးအကန့်နှစ်ခုပါရှိပါတယ်၊ J-20 တွင်ဒုံးကျည်လေးစင်းအတွက် အပြင်ပိုင်းတွင် လက်နက်အကန့် များထပ်မံရှိနိုင် ကြောင်းဖော်ပြထားပါတယ်၊ ထို့ကြောင့် ၎င်းသည် Mighty Dragon အစစ်အမှန် ဖြစ်ပြီး လက်နက်ကောင်းတစ်လက်ဖြစ်နိုင်ပါတယ်၊

လက်ရှိတွင် J-20 ကိုအမြောက်အမြားထုတ်လုပ်ခြင်းမရှိသေးသော်လည်း တရုတ်သည်ဖြည်းဖြည်းချင်းတည်ဆောက်ရန်စိတ်ရှည်ရမည်ဖြစ်ကြောင်းပြသခဲ့ပါတယ်၊ ကမ္ဘာ့အဆင့်စစ်တပ်ဖြစ်လာစေဖို့အတွက် ပန်းတိုင်သို့ရောက်ရန်အလုပ်လုပ်‌ နေတာဟာ ရှည်လျားတဲ့ကစားပွဲတခုကို ဆော့နေတာနဲ့တူပါတယ်၊ ထို့ပြင်၎င်းတို့ ခိုးယူထားသောနည်းပညာများဟာ ထိုကြိုးပမ်းမှုများတွင်အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်နေတာဟာ သိသာထင်ရှားလှပါတယ်၊

နဂါးဆိုတာဟာ တရုတ်ပြည်ရဲ့ သင်္ကေတတစ်ခုဖြစ်သော်လည်း တဂယ်တမ်း မှာတော့ Mighty Dragon ဟာ အနောက်တိုင်းဆန်းသစ်တီထွင်မှုနည်းပညာများမှတဆင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်၊
writer:Evelyn
Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။