ထူးထူးခြားခြား ဖိလစ်ပိုင်ရေတပ်က တောင်ကိုရီးယားထံမှ K745 Blue Shark ASW တော်ပီဒိုစနစ်များဝယ်ယူ

News

ထူးထူးခြားခြား ဖိလစ်ပိုင်ရေတပ်က တောင်ကိုရီးယားထံမှ K745 Blue Shark ASW တော်ပီဒိုစနစ်များဝယ်ယူ

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး တော်ပီဒိုစနစ်တွေကို တောင်ကိုရီးယားကုမ္ပဏီ LIG Nex1 ဆီကနေ ဝယ်ယူဖို့အတွက် သဘောတူညီမှုရှရိခဲ့တယ်သိရှိရပါတယ်။

အဆိုပါစနစ်တွေက အပေါ့စား K745 Blue Shark တော်ပီဒိုစနစ်တွေလည်း ဖြစ်ပါတယ်။
ဝယ်ယူမယ့်အရေအတွက်ကိုတော့ သိရှိရခြင်းမရှိပါဘူး။ ခန့်မှန်းတန်ကြေးအား ဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်း ခန့်တန်ကြေးရှိတယ်လို့ဆိုပါတယ်။

ဖိလစ်ပိုင်ရေတပ်အနေဖြင့် အဆိုပါ K745 Blue Shark တော်ပီဒိုစနစ်များကို တောင်ကိုရီးယားထုတ် ဘက်စုံသုံး Jose Rizal အမျိုးအစား အပေါ့စားဖရီးဂိတ်များ၌ အသုံးပြုလျက်ရှိပေသည်။ ထို့အပြင် AgustaWestland AW-159 Wildcat ရေတပ်သုံး ရဟတ်ယာဉ်များ၌လည်း အသုံးပြုနိုင်လိမ့်မည်ဖြစ်သည် ဟုဆိုသည်။

K745 Blue Shark တော်ပီဒိုစနစ်တွေကို ကိုရီးယားရေတပ်အတွက် Agency of Defense Development (ADD) ကနေ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်း ပြည်ပကိုထုတ်ရောင်းခဲ့ပြီး ဖိလစ်ပိုင်ဟာ ၂၀၁၉ မှာ ပထမဆုံးဖောက်သည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

စနစ်အနေဖြင့် ၁၉ ကီလိုမီတာအထိရောက်နိုင်ပြီး အမြန်နှဒန်း ၄၅ နော့ရှိကာ ၁.၅ မီတာအထူရှိသော စတီးလ်ကိုဖောက်ထွင်းနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
ကမ္ဘာ့သတင်းစုံ
worldupdate
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi





ကမ္ဘာ့သတင်းစုံ
worldupdate