သံလိုက် Plasma အမြှောက်ကိုတီထွင်နေတဲ့ တရုတ်နိုင်ငံ

News

သံလိုက် Plasma အမြှောက်ကိုတီထွင်နေတဲ့ တရုတ်နိုင်ငံ

တရုတ်သည် သံလိုက်ဓာတ်ပါရှိသည့် Plasma အမြှောက်ကို တည်ဆောက်နေကြောင်း အခိုင်အမာပြောဆိုထားပါတယ်၊

တရုတ်စစ်တပ်သည်မကြာသေးမီက လျှပ်စစ်သံလိုက်သေနတ်ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အသုံးပြုနေကြသော ယမ်းအစား သံလိုက်ဓာတ်ကိုအသုံးပြုသည့် လက်နက်တစ်ခုတီထွင်ရန်သုတေသီများအားဖိတ်ခေါ်သည့်ပေးစာတစ်စောင်ကိုထုတ်ဝေခဲ့ပါတယ်၊သို့ပေမယ့် တကယ်တမ်းမှာတော့ လျှပ်စစ်သံလိုက်သေနတ်ဟာ လက်နက်အရွယ်အစားကြောင့် အဟန့်အတားဖြစ်စေပြီး Mach 7ထက် အရှိန်များတဲ့ အမြှောက်ဆန်ကို တွန်းကန်နိုင်ဖို့ လျှပ်စွမ်းအင် အများအပြားလိုအပ်ပါတယ်၊
ဥပမာ နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီး ငွေပမာဏ အများအပြားအသုံးပြုလျက်ရှိတာတောင် စစ်သင်္ဘောတွေမှာ တပ်ဆင်ဖို့အတွက် အခွင့်အလမ်းနည်းပါတယ်၊ဒါပေမယ့် တရုတ်သိပ္ပံပညာရှင်တွေကတော့ ၎င်းလျှပ်စစ်သံလိုက်သေနတ်ဟာဆိုရင် ပေါ့ပါးပြီး တင့်ကားများ၌တပ်ဆင်ရန် စွမ်းအင်လုံလောက်မှုရှိလိမ့်မယ် လို့ ယုံကြည်လျက်ရှိပါတယ်၊

လျှပ်စစ်သံလိုက်သေနတ် အတွက် လည်ပတ်ရေးစနစ်နဲ့ သီအိုရီအရ စမ်းသပ်မှုပြုရန် တင်ဒါဖွင့် ‌ဖိတ်ခေါ်ကြောင်း တရုတ် နိုင်ငံပိုင် Global Time သတင်းစာမှာကြေညာထားပါတယ်၊ “လက်နက်ဟာ သိပ္ပံ ရုပ်ရှင်တွေထဲကနဲ့ တူညီပေမယ့် စွမ်းအားမြင့် Plasma လက်နက်မဟုတ်ပဲ၊ အလွန်မြန်ဆန်တဲ့ အမြောက်ဆန်ဖြစ်ပါတယ်”

ဒါပေမယ့် သံလိုက် Plasma အမြှောက်ဟာ ဘယ်လောက်တိတိကျကျ လုပ်ဆောင်နိုင်သလဲ ?
Global Time ကတော့ တရုတ်ခွင့်ပြုချက်နဲ့ Google မှာရှိနေတဲ့ မူပိုင်ခွင့်ဟာကို ဖော်ပြထားပါတယ်၊ ဒါကတော့ မူပိုင်ခွင့်နဲ့ပတ်သတ်တဲ့ စာဖြစ်ပါတယ်၊

“ယခုတီထွင်မှုဟာဆိုရင် သံလိုက်Plasma အမြှောက်ဖြစ်ပါတယ်၊ သံလိုက်စက်ကွင်းကို အမြှောက်ကိုယ်ထည်ပိုက်အတွင်းမှာ စီစဉ်ထားပြီး သံလိုက်စက်ကွင်းရဲ့ ဦးတည်ချက်သည် အမြှောက်ကိုယ်ထည်ကို လိုက်၍ ဝင်ရိုးအတွင်းနံရံမှ သံလိုက်စက်ကွင်းအား တဖြည်းဖြည်း လျော့နည်းလာပါတယ်၊ ပိုက်အတွင်းမှ ဂတ်စ်များသည် ပိုင်းအတွင်း Plasma အလွှာ အဖြစ်ကူးပြောင်းပြီး အပူစီးကူးမှုကို ကာကွယ်ပေးပါတယ်၊ အဲ့ဒီနောက်မှာတော့ အမြှောက်ပိုက်အတွင်း ဖြာထွက်အင်အား လျော့နည်းသွားပြီး ကျည် ထွက်ရန် တွန်းအားက တိုးလာခဲ့ပါတယ်၊အပူခံနိုင်ရည်လည်းတိုးလာပြီး လုပ်ဆောင်မှုသက်တမ်းလည်းတိုးလာမှာဖြစ်ပါတယ်”

တနည်းအားဖြင့်ဆိုလျှင် သံလိုက် Plasma အမြှောက်ဟာ ပါးလွှာခြင်းနဲ့ အပူဒဏ်ကိုကာကွယ်ပေးပြီး အရှိန်ပြင်းပြင်းနဲ့ပြစ်ခတ်နိုင်ပါတယ်၊

တရုတ်စစ်တပ်လေ့လာသုံးသပ်သူ Wei Dongxu ကနည်းပညာသစ်ဟာ“ ၁၅၅ မီလီမီတာအလိုအလျောက်မောင်းသူမဲ့လေယာဉ်ရဲ့ ပစ်အား ကို ၃၀ မှ ၅၀ ကီလိုမီတာ (၁၉ မိုင်မှ ၃၁ မိုင်) အထိ ၁၀၀ ကီလိုမီတာ(၆၂ မိုင်) အထိတိုးချဲ့နိုင်မယ်”ဟုပြောကြားခဲ့ပါတယ်၊ Plasma အလွှာသည် သေနတ်ပြောင်းနှင့်ကျည်များအကြားပွတ်တိုက်မှုကိုလျှော့ချနိုင်ပြီးလက်နက်ကိုပိုမိုတိကျစေပါတယ်၊”

South Florida တက္ကသိုလ် ရူပဗေဒဂုဏ်ထူးဆောင်ပါမောက္ခ Dennis Killinger က ၎င်းစိတ်ကူးသည်“ စိတ်ကူးကဖြစ်နိုင်‌ ချေရှိတယ်” လို့ National Interestကိုပြောကြားခဲ့ပါတယ်၊ “ကျွန်‌တော်ရဲ့ အဓိကမေးခွန်းမှာPlasma ၏သက်တမ်းသည် ဘယ်လောက်ကြာရှည်ခံသလဲ ဆိုတာနဲ့ ၎င်း သေနတ်အတွင်းမှလွှတ်တင်မှုအတွက် လုံလောက်မှုရှိပါသလား။ “

၎င်းသည် Railgun နှင့်မတူသောချဉ်းကပ်မှုတစ်ခုလည်းဖြစ်ပါတယ်၊ရိုလာကိုစတာအသစ်တွေမှာ အသုံးပြုတဲ့လီဗာ ကဲ့သို့ မော်တာကို Railgun မှာ အသုံးပြုတာကြောင့် ယခု နည်းလမ်းဟာ Railgun နည်းစနစ်ဟောင်းရဲ့အခွဲ တခုဆိုတာကို သင်တွေးနိုင်မယ်လို့ မထင်ပါဘူး၊ခုနည်းလမ်းအသစ်ဟာဆိုရင် မူပိုင်ခွင့်ရ နည်းလမ်းဖြစ်ပြီး သေနတ်ပြောင်းကိုအသုံးပြုနိုင်ဖို့ သံလိုက်စက်ကွင်းကို အသုံးပြုရပါတယ်၊”
Translator : Evelyn
Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

zawgyi
သံလိုက္ Plasma အေျမႇာက္ကိုတီထြင္ေနတဲ့ တ႐ုတ္နိုင္ငံ

တ႐ုတ္သည္ သံလိုက္ဓာတ္ပါရွိသည့္ Plasma အေျမႇာက္ကို တည္ေဆာက္ေနေၾကာင္း အခိုင္အမာေျပာဆိုထားပါတယ္၊

တ႐ုတ္စစ္တပ္သည္မၾကာေသးမီက လၽွပ္စစ္သံလိုက္ေသနတ္ကဲ့သို႔ ဖြံ့ၿဖိဳးဆဲ နိုင္ငံမ်ားတြင္ အသုံးျပဳေနၾကေသာ ယမ္းအစား သံလိုက္ဓာတ္ကိုအသုံးျပဳသည့္ လက္နက္တစ္ခုတီထြင္ရန္သုေတသီမ်ားအားဖိတ္ေခၚသည့္ေပးစာတစ္ေစာင္ကိုထုတ္ေဝခဲ့ပါတယ္၊သို႔ေပမယ့္ တကယ္တမ္းမွာေတာ့ လၽွပ္စစ္သံလိုက္ေသနတ္ဟာ လက္နက္အရြယ္အစားေၾကာင့္ အဟန္႔အတားျဖစ္ေစၿပီး Mach 7ထက္ အရွိန္မ်ားတဲ့ အေျမႇာက္ဆန္ကို တြန္းကန္နိုင္ဖို႔ လၽွပ္စြမ္းအင္ အမ်ားအျပားလိုအပ္ပါတယ္၊
ဥပမာ ႏွစ္ေပါင္းမ်ားစြာ သုေတသနလုပ္ၿပီး ေငြပမာဏ အမ်ားအျပားအသုံးျပဳလ်က္ရွိတာေတာင္ စစ္သေဘၤာေတြမွာ တပ္ဆင္ဖို႔အတြက္ အခြင့္အလမ္းနည္းပါတယ္၊ဒါေပမယ့္ တ႐ုတ္သိပၸံပညာရွင္ေတြကေတာ့ ၎လၽွပ္စစ္သံလိုက္ေသနတ္ဟာဆိုရင္ ေပါ့ပါးၿပီး တင့္ကားမ်ား၌တပ္ဆင္ရန္ စြမ္းအင္လုံေလာက္မႈရွိလိမ့္မယ္ လို႔ ယုံၾကည္လ်က္ရွိပါတယ္၊

လၽွပ္စစ္သံလိုက္ေသနတ္ အတြက္ လည္ပတ္ေရးစနစ္နဲ႔ သီအိုရီအရ စမ္းသပ္မႈျပဳရန္ တင္ဒါဖြင့္ ‌ဖိတ္ေခၚေၾကာင္း တ႐ုတ္ နိုင္ငံပိုင္ Global Time သတင္းစာမွာေၾကညာထားပါတယ္၊ “လက္နက္ဟာ သိပၸံ ႐ုပ္ရွင္ေတြထဲကနဲ႔ တူညီေပမယ့္ စြမ္းအားျမင့္ Plasma လက္နက္မဟုတ္ပဲ၊ အလြန္ျမန္ဆန္တဲ့ အေျမာက္ဆန္ျဖစ္ပါတယ္”

ဒါေပမယ့္ သံလိုက္ Plasma အေျမႇာက္ဟာ ဘယ္ေလာက္တိတိက်က် လုပ္ေဆာင္နိုင္သလဲ ?
Global Time ကေတာ့ တ႐ုတ္ခြင့္ျပဳခ်က္နဲ႔ Google မွာရွိေနတဲ့ မူပိုင္ခြင့္ဟာကို ေဖာ္ျပထားပါတယ္၊ ဒါကေတာ့ မူပိုင္ခြင့္နဲ႔ပတ္သတ္တဲ့ စာျဖစ္ပါတယ္၊

“ယခုတီထြင္မႈဟာဆိုရင္ သံလိုက္Plasma အေျမႇာက္ျဖစ္ပါတယ္၊ သံလိုက္စက္ကြင္းကို အေျမႇာက္ကိုယ္ထည္ပိုက္အတြင္းမွာ စီစဥ္ထားၿပီး သံလိုက္စက္ကြင္းရဲ့ ဦးတည္ခ်က္သည္ အေျမႇာက္ကိုယ္ထည္ကို လိုက္၍ ဝင္ရိုးအတြင္းနံရံမွ သံလိုက္စက္ကြင္းအား တျဖည္းျဖည္း ေလ်ာ့နည္းလာပါတယ္၊ ပိုက္အတြင္းမွ ဂတ္စ္မ်ားသည္ ပိုင္းအတြင္း Plasma အလႊာ အျဖစ္ကူးေျပာင္းၿပီး အပူစီးကူးမႈကို ကာကြယ္ေပးပါတယ္၊ အဲ့ဒီေနာက္မွာေတာ့ အေျမႇာက္ပိုက္အတြင္း ျဖာထြက္အင္အား ေလ်ာ့နည္းသြားၿပီး က်ည္ ထြက္ရန္ တြန္းအားက တိုးလာခဲ့ပါတယ္၊အပူခံနိုင္ရည္လည္းတိုးလာၿပီး လုပ္ေဆာင္မႈသက္တမ္းလည္းတိုးလာမွာျဖစ္ပါတယ္”

တနည္းအားျဖင့္ဆိုလၽွင္ သံလိုက္ Plasma အေျမႇာက္ဟာ ပါးလႊာျခင္းနဲ႔ အပူဒဏ္ကိုကာကြယ္ေပးၿပီး အရွိန္ျပင္းျပင္းနဲ႔ျပစ္ခတ္နိုင္ပါတယ္၊

တ႐ုတ္စစ္တပ္ေလ့လာသုံးသပ္သူ Wei Dongxu ကနည္းပညာသစ္ဟာ“ ၁၅၅ မီလီမီတာအလိုအေလ်ာက္ေမာင္းသူမဲ့ေလယာဥ္ရဲ့ ပစ္အား ကို ၃၀ မွ ၅၀ ကီလိုမီတာ (၁၉ မိုင္မွ ၃၁ မိုင္) အထိ ၁၀၀ ကီလိုမီတာ(၆၂ မိုင္) အထိတိုးခ်ဲ႕နိုင္မယ္”ဟုေျပာၾကားခဲ့ပါတယ္၊ Plasma အလႊာသည္ ေသနတ္ေျပာင္းႏွင့္က်ည္မ်ားအၾကားပြတ္တိုက္မႈကိုေလၽွာ့ခ်နိုင္ၿပီးလက္နက္ကိုပိုမိုတိက်ေစပါတယ္၊”

South Florida တကၠသိုလ္ ႐ူပေဗဒဂုဏ္ထူးေဆာင္ပါေမာကၡ Dennis Killinger က ၎စိတ္ကူးသည္“ စိတ္ကူးကျဖစ္နိုင္‌ ေခ်ရွိတယ္” လို႔ National Interestကိုေျပာၾကားခဲ့ပါတယ္၊ “ကၽြန္‌ေတာ္ရဲ့ အဓိကေမးခြန္းမွာPlasma ၏သက္တမ္းသည္ ဘယ္ေလာက္ၾကာရွည္ခံသလဲ ဆိုတာနဲ႔ ၎ ေသနတ္အတြင္းမွလႊတ္တင္မႈအတြက္ လုံေလာက္မႈရွိပါသလား။ “

၎သည္ Railgun ႏွင့္မတူေသာခ်ဥ္းကပ္မႈတစ္ခုလည္းျဖစ္ပါတယ္၊ရိုလာကိုစတာအသစ္ေတြမွာ အသုံးျပဳတဲ့လီဗာ ကဲ့သို႔ ေမာ္တာကို Railgun မွာ အသုံးျပဳတာေၾကာင့္ ယခု နည္းလမ္းဟာ Railgun နည္းစနစ္ေဟာင္းရဲ့အခြဲ တခုဆိုတာကို သင္ေတြးနိုင္မယ္လို႔ မထင္ပါဘူး၊ခုနည္းလမ္းအသစ္ဟာဆိုရင္ မူပိုင္ခြင့္ရ နည္းလမ္းျဖစ္ၿပီး ေသနတ္ေျပာင္းကိုအသုံးျပဳနိုင္ဖို႔ သံလိုက္စက္ကြင္းကို အသုံးျပဳရပါတယ္၊”
Translator : Evelyn
Arkarta.com Copyright © 2021 ကူးယူေဖာ္ျပခြင့္ လုံးဝခြင့္မျပဳပါ။