ကားအင်ဂျင်တပ်ဆင်တဲ့ ပြိုင်ပွဲမှာ အမျိုးသားများကိုအနိုင်ပိုင်းသွားခဲ့တဲ့ အသက် ၁၇နှစ်အရွယ် ချစ်စရာမိန်းကလေး

News

တရုတ်နိုင်ငံတောင်ပိုင်းရှိ ကျောင်းသူတစ်ဦးဟာ သူမ၏ကားပြုပြင်ခြင်းစွမ်းရည်နှင့် ကျော်ကြားမှုကို ရရှိခဲ့ပြီးနောက် လူအချို့အတွက် အလုပ်ခွင်တွင် ကျား၊ မရေးရာနှင့်ဆိုင်သော အသက်မွေးဝမ်းကြောင်းပညာ၏တန်ဖိုးနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများ စတင်လာခဲ့ပါတယ်။ ရှန်ကျန်းအမှတ် ၂ အသက်မွေးဝမ်းကျောင်းနည်းပညာကျောင်းမှအသက် ၁၇ နှစ်အရွယ် Gu Huijing ဟာ ကားစက်ပြင်ပညာကို စိတ်အားထက်သန်မှုကြောင့် သူမဟာ အမျိုးသားများနှင့်သာကြီးစိုးနေတဲ့ကားပြုပြင်ရေးပြိုင်ဆိုင်မှုမှာ အနိုင်ရရှိသွားခဲ့ပါတယ်။

Gu ဟာ ပြီးခဲ့တဲ့ဧပြီလ Guangdong ပြည်နယ်ရှိအသက်မွေး၀မ်းကျောင်း ကျောင်းသူကျောင်းသားများအကြားက ကားပြုပြင်ခြင်းပြိုင်ပွဲတွင်ပထမနေရာရရှိခဲ့ပြီးပြည်နယ်တွင်းလည်း ပထမဆုံးအမျိုးသမီးဆုရရှိခဲ့သူတစ်ဦးဖြစ်ကြောင်း Southern Metropolis Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။ Gu ဟာ ၂၆မိနစ်အတွင်း နောက်ဆုံးစံချိန်တင်ခဲ့သူထက် မိနစ်ဝက်ပိုမြန်တဲ့ကားအင်ဂျင်တပ်ဆင်မှုအတွက် ကျောင်းရဲ့စံချိန်ကို ချိုးဖောက်ခဲ့သူဘဲ ဖြစ်ပါတယ်။

ထို့နောက် Guဟာ တရုတ် ဆိုရှယ်မီဒီယာတွင်မှာ နာမည်ကျော်ကြားလာခဲ့ပြီး ကျား၊ မရေးရာပုံစံများကိုချိုးဖောက်ခြင်းနှင့်အသက်မွေး၀ မ်းကျောင်းပညာရေးဆိုင်ရာ စိတ်အားထက်သန်ခြင်းတို့အတွက် လူအများက ချီးကျူးခဲ့ကြပါတယ်။

Guက “ အများစုက ကားဆိုရင် အမျိုးသားတွေနဲ့ဘဲ ဆိုင်တယ်လို့ ထင်မြင်တတ်ကြတယ်၊ ဒါက သူတို့အတွက် ပုံသေတစ်ခုလို ဖြစ်နေတယ် ၊ တကယ်အမျိုးသမီးတွေအတွက်လည်း ဖြစ်နိုင်ပါတယ် အမျိုးသမီးတွေလည်း အမျိုးသားတွေလို အသေးစိတ်ကျတတ်သူတွေပါလို့ ကျွန်မထင်တယ်” လို့ဆိုပြီး စက်သုံးဆီအသံ နှင့် အင်ဂျင်စက်သံတွေကို အတော်လေး သဘောကျကြောင်းလည်း ဆိုခဲ့ပါတယ်။

သို့သော်သူမ၏စွမ်းရည်များရှိနေသော်လည်း 2019 ခုနှစ်တွင် သူမ၏အလယ်တန်းပညာရေးပြီးဆုံးသွားပြီးနောက် မော်တော်ကားနည်းပညာကို အဓိကလေ့လာသင်ယူချင်ခဲ့တဲ့သူမရဲ့ဆုံးဖြတ်ချက်ကို မိဘများက မပံ့ပိုးပေးခဲ့ကြပါဘူး။Gu ဟာ ပြိုင်ပွဲမစမီ ၄လလုံးလုံးမှာ သူမ မနက်တိုင်း မနက် ၆နာရီကနေ ညနက်ပိုင်းအထိ အလုပ်လုပ်ခဲ့ပါတယ်။

ထို့ကဲ့သို့ လူသိများလာတဲ့ Gu ရဲ့ အနိုင်ရမှုကို မှတ်ချက်ပေးသူများက “ ကြွက်သားကြီးထွားရန်မလိုအပ်တဲ့ကိစ္စမှလွှဲရင် အမျိုးသားနဲ့အမျိုးသမီးတွေက တူညီသောအစမှ စတင်ကြတာပါ ၊ အဓိက ခြားနားချက်က လူတစ်ယောက်က ပိုပြီး အားစိုက်ထုတ်ချင်စိတ်လေးရှိတာနဲ့ဘဲ ဆိုင်တာပါ ” ၊ “ ရဲရင့်တဲ့မိန်းကလေးဘဲ ၊ နယ်မြေတစ်ခုမှာ အောင်မြင်နိုင်ဖို့ဆိုတာ ကျား ၊မ ဆိုမှ မဟုတ်ပါဘူး ၊အဓိက ကြိုးစားအားထုတ်ဖို့ပါဘဲ ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

အချို့ကလည်း ၎င်းအလုပ်ဟာ သူမ သို့မဟုတ် အမျိုးသမီးများနှင့် မအပ်စပ်ကြောင်း ငြင်းခုံပြောဆိုခဲ့ကြပါတယ်။လက်ရှိမှာတော့ Gu ရဲ့အဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၏အသက်မွေးဝမ်းကျောင်းပညာရေးစနစ်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဆွေးနွေးမှုများကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

Crd (kbdailynews)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

ကားအင်ဂျင်တပ်ဆင်တဲ့ ပြိုင်ပွဲမှာ အမျိုးသားများကိုအနိုင်ပိုင်းသွားခဲ့တဲ့ အသက် ၁၇နှစ်အရွယ် ချစ်စရာမိန်းကလေ

တရုတ်နိုင်ငံတောင်ပိုင်းရှိ ကျောင်းသူတစ်ဦးဟာ သူမ၏ကားပြုပြင်ခြင်းစွမ်းရည်နှင့် ကျော်ကြားမှုကို ရရှိခဲ့ပြီးနောက် လူအချို့အတွက် အလုပ်ခွင်တွင် ကျား၊ မရေးရာနှင့်ဆိုင်သော အသက်မွေးဝမ်းကြောင်းပညာ၏တန်ဖိုးနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများ စတင်လာခဲ့ပါတယ်။ ရှန်ကျန်းအမှတ် ၂ အသက်မွေးဝမ်းကျောင်းနည်းပညာကျောင်းမှအသက် ၁၇ နှစ်အရွယ် Gu Huijing ဟာ ကားစက်ပြင်ပညာကို စိတ်အားထက်သန်မှုကြောင့် သူမဟာ အမျိုးသားများနှင့်သာကြီးစိုးနေတဲ့ကားပြုပြင်ရေးပြိုင်ဆိုင်မှုမှာ အနိုင်ရရှိသွားခဲ့ပါတယ်။

Gu ဟာ ပြီးခဲ့တဲ့ဧပြီလ Guangdong ပြည်နယ်ရှိအသက်မွေးဝမ်းကျောင်း ကျောင်းသူကျောင်းသားများအကြားက ကားပြုပြင်ခြင်းပြိုင်ပွဲတွင်ပထမနေရာရရှိခဲ့ပြီးပြည်နယ်တွင်းလည်း ပထမဆုံးအမျိုးသမီးဆုရရှိခဲ့သူတစ်ဦးဖြစ်ကြောင်း Southern Metropolis Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။ Gu ဟာ ၂၆မိနစ်အတွင်း နောက်ဆုံးစံချိန်တင်ခဲ့သူထက် မိနစ်ဝက်ပိုမြန်တဲ့ကားအင်ဂျင်တပ်ဆင်မှုအတွက် ကျောင်းရဲ့စံချိန်ကို ချိုးဖောက်ခဲ့သူဘဲ ဖြစ်ပါတယ်။

Leave a Reply