ရေတပ်ပိုင်တိုက်လေယာဥ် မဟုတ်သော ရေတပ်အတွက် တိုက်လေယာဥ် JF-17 Thunder

Local Militarily News

ရေတပ်ပိုင်တိုက်လေယာဥ် မဟုတ်သော ရေတပ်အတွက် တိုက်လေယာဥ် JF-17 Thunder

JF-17 Block III ၏ Maiden Flight ပုံရိပမြွားထှကပြေါြ လာခဲ့ပှီးနောကြ JF-17 Block III တှငြ တရုတတြို့၏ ပဉျစမ မွိုးဆကြ J-20 stealth fighter တှငြ တပဆြငအြသုံးပှု သညြ့ HUD(Head Up Display)အသဈနှငြ့ MAWS (Missile Approach Warning System)အသဈတို့ ပါရှိ လာမညဟြုဆိုသညြ။

JF-17 Block III တွင် stealth airframe အပြင် ယခင် JF-17 များတွင် တပ်ဆင်အသုံးပြုသည့် ရုရှားထုတ် RD-93 အင်ဂျင်အစား စွမ်းအားပိုမိုကောင်းမွန်သည့် တရုတ်ထုတ် WS-13 အင်ဂျင်ကို တပ်ဆင်သွားမည်ဖြစ်သည်။ WS-13 စတင်ထုတ်လုပ်စဥ်က မီးခိုးထွက်သည့်ပြဿနာကြောင့် ဆီသန့်စင်မှုစနစ်အပါအဝင် ပြန်လည်မွမ်းမံထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ WS-13 သည် တွန်းကန်းအားကောင်းမွန်သည့် အပြင် TVC အင်ဂျင်ဖြစ်သောကြောင့် JF-17 Block III သည် လှုပ်ရှားစစ်ကစားမှု ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

JF-17 Block III တွင် ၈၅ ကီလိုမီတာ သာဖမ်းယူနိုင်သော klj-7 ရေဒါအစား ကီလိုမီတာ ၂၀၀ အထိ ဖမ်းယူနိုင်သည့် klj-7A ရေဒါကို တပ်ဆင်ပေးမည်ဖြစ်သည်။ klj-7A ရေဒါ သည် AESA ရေဒါအမျိုးအစားဖြစ်သည်။ ထိုင်းလေတပ်ရှိ JAS-39 Gripen C/D တိုက်လေယာဥ်တွင် AESA ရေဒါ တပ်ဆင်ထားသော်လည်း ကီလိုမီတာ ၉၀ ကျော်သာ ဖမ်းယူ နိုင်သည်။ ဝေဟင်မှ ဝေဟင်အတွက် ယခင် JF-17 များတွင် SD-10A ခေါ် PL-12 ဝေဟင်-ဝေဟင် ဒုံးများကို တပ်ဆင် သော်လည်း Block III တွင် မြင်တာလွန်ဒုံးဖြစ်သော PL-15 BVRAAM ကိုတပ်ဆင်မည်ဖြစ်သောကြောင့် JF-17 Block III သည် အမေရိကန်တို့၏ F-16 Block72 (Viper)နှင့် နှိုင်းယှဥ်နိုင်လာမည်ဖြစ်သည်ဟု ဆိုသည်။

တပ်မတော်(လေ)မှ တစ်ယောက်မောင်း JF-17 Thunder တိုက်လေယာဥ်များကို လက်ခံရရှိပြီးနောက် နှစ်ယောက် မောင်း JF-17B များကို ထပ်မံလက်ခံရရှိခဲ့သည်။ JF-17B သည် နှစ်ယောက်မောင်းဖြစ်သည့်အတွက် အမောင်းသင် အနေဖြင့် အသုံးပြုနိုင်သလို ဒုတိယခုံမှ လေသူရဲအနေဖြင့် operator အနေဖြင့် ဆောင်ရွက်နိုင်သည်။ တပ်မတော် (လေ)အနေဖြင့် JF-17B တိုက်လေယာဥ်ကို ပါကစ္စတန် လေတပ်နှင့်အတူ တန်းတူရရှိခဲ့သည်။ JF-17B သည် JF-17 Block III ဖြစ်လာမည့် တိုက်လေယာဥ်များလည်း ဖြစ်သည်။

Credit – KokolinOo မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။KokolinOo

Leave a Reply