မစင်မှအခြားကိုယ်လိုအပ်တဲ့ပစ္စည်းများဖြင့် လဲလှယ်အသုံးပြုနိုင်မဲ့ အိမ်သာတစ်မျိုးကို တီထွင်ခဲ့သူ အမျိုးသား

News Social News Tech

မစင်မှ အခြားကိုယ်လိုအပ်တဲ့ပစ္စည်းများဖြင့် လဲလှယ်အသုံးပြုနိုင်မဲ့ အိမ်သာတစ်မျိုးကို တီထွင်ခဲ့သူ အမျိုးသား

တောင်ကိုးရီးယားနိုင်ငံရှိ မြို့ပြနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာပညာကိုအထူးပြုတဲ့ Cho Jae-weon အမည်ရှိပါမောက္ခတစ်ဦးဟာ BeeVi အိမ်သာ ဆိုတဲ့ဒီဇိုင်းတစ်ခုကို ရေးဆွဲပြုလုပ်ခဲ့ပါတယ်။အဆိုပါ BeeVi အိမ်သာဟာ ရေအောက်စုပ်စက်ကို အသုံးပြုပြီး မြေအောက်တိုင်ကီထဲသို့ မစင်များပို့လွှတ်ပေးတဲ့အပြင် ၎င်းတိုင်ကီထဲမှာ သေးငယ်တဲ့ဇီ၀သက်ရှိများဖြင့်ပြည့်နှက်နေပြီး စွန့်ပစ်ပစ္စည်းများအား မီသိန်းဓာတ်ဖြင့်ဖြိုဖျက်ခြင်း၊တည်ဆောက်ခြင်း၊ ဓာတ်ငွေ့မီးဖို၊ ရေပူစက်နှင့်အစိုင်အခဲအောက်ဆိုဒ်လောင်စာဆဲလ်များဖြင့် စွမ်းအင်အရင်းအမြစ်များကို ဖြစ်ပေါ်စေပါတယ်။

အဆိုပါ ပါမောက္ခဟာ အိမ်သာထဲရှိ မစင်များကို သဘာဝပတ်ဝန်းကျင်ရဲ့သဟဇာတဖြစ်စေရုံသာမက သင့်ရဲ့စွမ်းရည်ပါဝါအဖြစ်သို့ ပြောင်းလဲနိုင်တဲ့ တီထွင်ကြံဆမှုများကို တီထွင်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ ပျမ်းမျှလူတစ်ဦး ဟာ တစ်နေ့မှာစွန့်ပစ်ပစ္စည်း ၅၀၀ ဂရမ်ခန့်ကို မီသိန်းဓာတ်ငွေ့လီတာ ၅၀ သို့ပြောင်းလဲနိုင်ပါတယ်။

ထို့အပြင် ပါမောက္ခ Cho Jae-weon ဟာ BeeVi အိမ်သာအသုံးပြုမှုကိုတိုးမြှင့်စေရန် ထူးခြားတဲ့နည်းလမ်းတစ်ခုကိုလည်း ဒီဇိုင်းထုတ်ခဲ့ပါသေးတယ်။Cho Jae-weon ဟာ Ggool လို့ခေါ်တဲ့ virtual ငွေကြေး (သို့) e-money ကို တီထွင်ခဲ့ပါတယ်။BeeVi အိမ်သာကို အသုံးပြုတဲ့သူတိုင်းအတွက် တစ်နေ့မှာ ၁၀ Ggool အထိရရှိနိုင်မှာဘဲဖြစ်ပါတယ်။Ggool ဆိုတာက BeeVi အိမ်သာရဲ့အဓိကအကြောင်းအရာနှင့်ကိုက်ညီတဲ့ ကိုရီးယားဘာသာစကားဖြစ်ပါတယ်။

ပါမောက္ခဟာ BeeVi အိမ်သာများကို UNIST ကျောင်းဝင်းအတွင်းတွင် ထားရှိပြီး BeeVi အိမ်သာကိုသုံးပြီးနောက် ရရှိလာတဲ့ Ggool အား ကျောင်းဝင်းအတွင်းရှိ ကုန်ပစ္စည်းများနှင့် ဝယ်ယူလဲလှယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျောင်းသားများဟာ ပိုက်ဆံထုတ်စရာမလိုဘဲ ကော်ဖီ ၊ စာအုပ်များ(သို့) ခေါက်ဆွဲထုပ်၊ဘူးများ အထိကို ၎င်း Ggool နှင့်ပေးဆောင်ရန် QR ကုဒ်တစ်ခုအား scan ဖတ်ခြင်းဖြင့် လဲလှယ်၀ယ်ယူနိုင်ပါတယ်။

ါမောက္ခရဲ့တီထွင်ဆန်းသစ်မှုကတော့ အံ့ဩစရာကောင်းလှပါတယ်။စာဖတ်သူတို့ကော အဆိုပါ BeeVi အိမ်သာကို ဘယ်လိုထင်မြင်မိပါသလဲ။လာမဲ့နှောင်းပိုင်းတွေမှာ ၎င်းအိမ်သာများကို ပိုမိုကျယ်ပြန့်စွာအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ သင် ထင်ပါသလား။ မှတ်ချက်များမှာ ကျွန်တော်တို့နှင့်အတူသင့်ရဲ့အတွေးများကို မျှဝေခဲ့ပေးကြည့်ပါအုံးဗျာ။

Crd – Mia (kbdailynews)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

မစင်မှ အခြားကိုယ်လိုအပ်တဲ့ပစ္စည်းများဖြင့် လဲလှယ်အသုံးပြုနိုင်မဲ့ အိမ်သာတစ်မျိုးကို တီထွင်ခဲ့သူ အမျိုးသား

တောင်ကိုးရီးယားနိုင်ငံရှိ မြို့ပြနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာပညာကိုအထူးပြုတဲ့ Cho Jae-weon အမည်ရှိပါမောက္ခတစ်ဦးဟာ BeeVi အိမ်သာ ဆိုတဲ့ဒီဇိုင်းတစ်ခုကို ရေးဆွဲပြုလုပ်ခဲ့ပါတယ်။အဆိုပါ BeeVi အိမ်သာဟာ ရေအောက်စုပ်စက်ကို အသုံးပြုပြီး မြေအောက်တိုင်ကီထဲသို့ မစင်များပို့လွှတ်ပေးတဲ့အပြင် ၎င်းတိုင်ကီထဲမှာ သေးငယ်တဲ့ဇီဝသက်ရှိများဖြင့်ပြည့်နှက်နေပြီး စွန့်ပစ်ပစ္စည်းများအား မီသိန်းဓာတ်ဖြင့်ဖြိုဖျက်ခြင်း၊တည်ဆောက်ခြင်း၊ ဓာတ်ငွေ့မီးဖို၊ ရေပူစက်နှင့်အစိုင်အခဲအောက်ဆိုဒ်လောင်စာဆဲလ်များဖြင့် စွမ်းအင်အရင်းအမြစ်များကို ဖြစ်ပေါ်စေပါတယ်။

အဆိုပါ ပါမောက္ခဟာ အိမ်သာထဲရှိ မစင်များကို သဘာဝပတ်ဝန်းကျင်ရဲ့သဟဇာတဖြစ်စေရုံသာမက သင့်ရဲ့စွမ်းရည်ပါဝါအဖြစ်သို့ ပြောင်းလဲနိုင်တဲ့ တီထွင်ကြံဆမှုများကို တီထွင်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ ပျမ်းမျှလူတစ်ဦး ဟာ တစ်နေ့မှာစွန့်ပစ်ပစ္စည်း ၅၀၀ ဂရမ်ခန့်ကို မီသိန်းဓာတ်ငွေ့လီတာ ၅၀ သို့ပြောင်းလဲနိုင်ပါတယ်။

ထို့အပြင် ပါမောက္ခ Cho Jae-weon ဟာ BeeVi အိမ်သာအသုံးပြုမှုကိုတိုးမြှင့်စေရန် ထူးခြားတဲ့နည်းလမ်းတစ်ခုကိုလည်း ဒီဇိုင်းထုတ်ခဲ့ပါသေးတယ်။Cho Jae-weon ဟာ Ggool လို့ခေါ်တဲ့ virtual ငွေကြေး (သို့) e-money ကို တီထွင်ခဲ့ပါတယ်။BeeVi အိမ်သာကို အသုံးပြုတဲ့သူတိုင်းအတွက် တစ်နေ့မှာ ၁၀ Ggool အထိရရှိနိုင်မှာဘဲဖြစ်ပါတယ်။Ggool ဆိုတာက BeeVi အိမ်သာရဲ့အဓိကအကြောင်းအရာနှင့်ကိုက်ညီတဲ့ ကိုရီးယားဘာသာစကားဖြစ်ပါတယ်။

ပါမောက္ခဟာ BeeVi အိမ်သာများကို UNIST ကျောင်းဝင်းအတွင်းတွင် ထားရှိပြီး BeeVi အိမ်သာကိုသုံးပြီးနောက် ရရှိလာတဲ့ Ggool အား ကျောင်းဝင်းအတွင်းရှိ ကုန်ပစ္စည်းများနှင့် ဝယ်ယူလဲလှယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျောင်းသားများဟာ ပိုက်ဆံထုတ်စရာမလိုဘဲ ကော်ဖီ ၊ စာအုပ်များ(သို့) ခေါက်ဆွဲထုပ်၊ဘူးများ အထိကို ၎င်း Ggool နှင့်ပေးဆောင်ရန် QR ကုဒ်တစ်ခုအား scan ဖတ်ခြင်းဖြင့် လဲလှယ်ဝယ်ယူနိုင်ပါတယ်။

ပါမောက္ခရဲ့တီထွင်ဆန်းသစ်မှုကတော့ အံ့ဩစရာကောင်းလှပါတယ်။စာဖတ်သူတို့ကော အဆိုပါ BeeVi အိမ်သာကို ဘယ်လိုထင်မြင်မိပါသလဲ။လာမဲ့နှောင်းပိုင်းတွေမှာ ၎င်းအိမ်သာများကို ပိုမိုကျယ်ပြန့်စွာအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ သင် ထင်ပါသလား။ မှတ်ချက်များမှာ ကျွန်တော်တို့နှင့်အတူသင့်ရဲ့အတွေးများကို မျှဝေခဲ့ပေးကြည့်ပါအုံးဗျာ။

Crd – Mia (kbdailynews)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply