တော်ဝင်မင်းသား၊ မင်းသမီးငယ်လေးတွေပဲလိုက်နာရတဲ့ စည်းကမ်းချက်များ

News

အခုပြောပြမယ့် စည်းကမ်းချက်လေးတွေက သာမန်လူတွေအတွက်တော့ တော်တော်အူကြောင်ကြောင်နိုင်မယ့် စည်းကမ်းလေးတွေပါ။ တော်ဝင်မျိုးနွယ်တွေမှာပဲ သတ်မှတ်ထားတဲ့ ပုံစံမျိုးဖြစ်ပြီး၊ အထူးသဖြင့် လက်ရှိဗြိတိန်မင်းသား၊ မင်းသမီးငယ်လေးတွေလိုက်နာရတဲ့ စည်းကမ်းတွေဖြစ်ပါတယ်။

၁။ ကလေးငယ်တွေဟာ အသင့်စားတွေမစားရပါဘူး။ ဉပမာ-စတော်ဘယ်ရီသီးစားမယ်ဆိုရင် စတော်ဘယ်ရီသီးပဲစားရပါတယ်။ ယိုထိုးလိုက်တဲ့ စတော်ဘယ်ရီသီးဆိုရင် မစားရတော့ပါဘူး။

၂။ ပုံမှန်ခေါ်နေကြ အဖေ၊ အမေစကားလုံးတွေကို ကလေးတွေမပြောရသလို ငြင်းရင်လည်း နှစ်ခါမငြင်းရပါဘူး။ တော်ဝင်ကစကားလုံးတွေပဲ သုံးရပါတယ်။

၃။ ယောကျ်ားလေးငယ်တွေဆိုရင် ဘောင်းဘီအတိုဝတ်ရပါတယ်။

၄။ မိန်းကလေးဆိုရင် ဂါဝန်ဝတ်ရပါတယ်။

၅။ မိုနိုပိုလီ လုံးဝကစားလို့မရပါဘူး။

၆။ ခရစ္စမတ်နေ့တွေမှာ ကလေးတွေဟာ သီးသန့်စားပွဲမှာပဲစားရပါတယ်။

၇။ မိန်းကလေးတွေက သရဖူမဝတ်ရပါဘူး။

၈။ ဘုရင်မကြီးကိုတွေ့တာနဲ့ ကလေးတွေဟာ လေးစားသမှုပြရပါတယ်။

၉။ လက်ဆောင်ရရင် အကုန်လက်ခံရပေမဲ့ အဲဒီထဲကမိဘခွင့်ပြုတာကိုပဲ တဆင့်ပြန်ယူရပါတယ်။

၁၀။ မိုးရွာရွာ၊ နေပူပူ ကစားဖို့သတ်မှတ်ထားတဲ့အချိန်ရောက်ရင် ထွက်ကစားရပါတယ်။

Ref: Brightedside

Leave a Reply