သေဆုံးပြီလို့သတင်းထွက်ခဲ့တဲ့ အယ်လ်ကေးဒါးခေါင်း ဆောင် ၉/၁၁ ဖြစ်ရပ် နှစ် ၂၀ ပြည့်အထိမ်းအမှတ်မှာ ပြန်လည်ထွက်ပေါ်လာ

News

သေဆုံးပြီလို့သတင်းထွက်ခဲ့တဲ့ အယ်လ်ကေးဒါးခေါင်း ဆောင် ၉/၁၁ ဖြစ်ရပ် နှစ် ၂၀ ပြည့်အထိမ်းအမှတ်မှာ ပြန်လည်ထွက်ပေါ်လာ

သေဆုံးပြီလို့ ကောလာဟလသတင်းတွေထွက်ပြီးခဲ့ပြီးနောက် အယ်လ်ကေးဒါးခေါင်းဆောင် Ayman al-Zawahri ဟာ စက်တင်ဘာ ၁၁ ရက်နေ့တိုက်ခိုက်ခံရမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ရုပ်သံဖိုင်နဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ဂျီဟတ်ဝါဒီဝက်ဘ်ဆိုက်တွေကို စောင့်ကြည့်နေတဲ့ ထောက်လှမ်းရေးအဖွဲ့က အဆိုပါဗီဒီယိုဟာ စနေနေ့က ထွက်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

ဗီဒီဖိုင်မှာတော့ al-Zawahri က “ဂျေရုစလင်ကို ဘယ် တော့မှ တရားစီရင်မှာမဟုတ်ဘူး” လို့ ပြောဆိုခဲ့သလို ဆီးရီးယားက ရုရှားတပ်ဖွဲ့တွေကိုလည်း အယ်လ်ကေးဒါးတွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် အာဖဂန်ကနေ နှစ်ပေါင်း ၂၀ အကြာမှာ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာခဲ့တာကိုလည်း ပြောဆိုခဲ့ကြောင်းကို သတိထားမိတယ်လို့လည်း ထောက်လှမ်းရေးအဖွဲ့က ဆိုပါတယ်။

ဒါပေမယ့် တာလီဘန်တွေက အာဖဂန်ကို သိမ်းပိုက်ခဲ့မှုနဲ့ပတ်သက်ပြီး လုံးဝပြောဆိုခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ၂၀၂၀ ခုနှစ်နှောင်းပိုင်းကစကာ al- Zawahri ဖျားနာပြီး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။အဆိုပါအချိန်ကစပြီး သူဟာ လူမြင်ကွင်းက ပျောက်ဆုံးနေခဲ့တာဟာ အခုရုပ်သံဖိုင်ထွက်ပေါ်ခဲ့တဲ့ စနေနေ့အထိလည်း ဖြစ်ပါတယ်။

အမေရိကန်မှာတော့ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦတိုက်ခိုက်ခံရမှုဖြစ်ရပ်ဆိုး နှစ်ပေါင်း ၂၀ ပြည့် အောက် မေ့ဖွယ်အခမ်းအနားကို ဒီနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအချိန်နဲ့တိုက်ဆိုင်စွာပဲ အယ်လ်ကေးဒါးခေါင်း ဆောင်ဟာ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့မိန့်ခွန်းဟာ ၆၁ မိနစ်နဲ့ ၂၇ စက္ကန့်ကြာမြင့်ပြီး as-Sahab Media Foundation က ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ကာလတွေအတွင်း အယ်လ်ကေးဒါးအဖွဲ့ဟာ အစ္စလာမ္မစ်နိုင်ငံတော်လို့ခေါ်တဲ့ IS တွေရဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ IS တွေရဲ့ လွှမ်းမိုးမှုက ပိုမိုကျယ်ပြန်လာခဲ့ပြီး အယ်လ်ကေးဒါးရဲ့နာမည်က တစတစမှေးမှိန်လာခဲ့ပါတယ်။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိုတော့ အရင်ခေါင်းဆောင်ဟောင်းဖြစ်သူ အိုစမာဘင်လာဒင်က ဦးဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၁ က ပါကစ္စတန်မှာ သူ သတ်ဖြတ်ခံခဲ့ရပြီးနောက် al-Zawahri က ခေါင်းဆောင်သစ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ေသဆုံးၿပီလို႔သတင္းထြက္ခဲ့တဲ့ အယ္လ္ေကးဒါးေခါင္း ေဆာင္ ၉/၁၁ ျဖစ္ရပ္ ႏွစ္ ၂၀ ျပည့္အထိမ္းအမွတ္မွာ ျပန္လည္ထြက္ေပၚလာ

ေသဆုံးၿပီလို႔ ေကာလာဟလသတင္းေတြထြက္ၿပီးခဲ့ၿပီးေနာက္ အယ္လ္ေကးဒါးေခါင္းေဆာင္ Ayman al-Zawahri ဟာ စက္တင္ဘာ ၁၁ ရက္ေန႔တိုက္ခိုက္ခံရမႈ ႏွစ္ ၂၀ ျပည့္အထိမ္းအမွတ္အျဖစ္ ႐ုပ္သံဖိုင္နဲ႔အတူ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။ ဂ်ီဟတ္ဝါဒီဝက္ဘ္ဆိုက္ေတြကို ေစာင့္ၾကည့္ေနတဲ့ ေထာက္လွမ္းေရးအဖြဲ႕က အဆိုပါဗီဒီယိုဟာ စေနေန႔က ထြက္ေပၚခဲ့တာလို႔ ဆိုပါတယ္။

ဗီဒီဖိုင္မွာေတာ့ al-Zawahri က “ေဂ်႐ုစလင္ကို ဘယ္ ေတာ့မွ တရားစီရင္မွာမဟုတ္ဘူး” လို႔ ေျပာဆိုခဲ့သလို ဆီးရီးယားက ႐ုရွားတပ္ဖြဲ႕ေတြကိုလည္း အယ္လ္ေကးဒါးေတြက ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ဒါ့အျပင္ အာဖဂန္ကေန ႏွစ္ေပါင္း ၂၀ အၾကာမွာ အေမရိကန္တပ္ဖြဲ႕ေတြ ျပန္လည္ထြက္ခြာခဲ့တာကိုလည္း ေျပာဆိုခဲ့ေၾကာင္းကို သတိထားမိတယ္လို႔လည္း ေထာက္လွမ္းေရးအဖြဲ႕က ဆိုပါတယ္။

ဒါေပမယ့္ တာလီဘန္ေတြက အာဖဂန္ကို သိမ္းပိုက္ခဲ့မႈနဲ႔ပတ္သက္ၿပီး လုံးဝေျပာဆိုခဲ့ျခင္းမရွိဘူးလို႔လည္း သိရပါတယ္။ ၂၀၂၀ ခုႏွစ္ေႏွာင္းပိုင္းကစကာ al- Zawahri ဖ်ားနာၿပီး ေသဆုံးခဲ့တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။အဆိုပါအခ်ိန္ကစၿပီး သူဟာ လူျမင္ကြင္းက ေပ်ာက္ဆုံးေနခဲ့တာဟာ အခု႐ုပ္သံဖိုင္ထြက္ေပၚခဲ့တဲ့ စေနေန႔အထိလည္း ျဖစ္ပါတယ္။

အေမရိကန္မွာေတာ့ ကမၻာ့ကုန္သြယ္ေရးအေဆာက္အဦတိုက္ခိုက္ခံရမႈျဖစ္ရပ္ဆိုး ႏွစ္ေပါင္း ၂၀ ျပည့္ ေအာက္ ေမ့ဖြယ္အခမ္းအနားကို ဒီေန႔က်င္းပျပဳလုပ္ခဲ့ပါတယ္။ အဆိုပါအခ်ိန္နဲ႔တိုက္ဆိုင္စြာပဲ အယ္လ္ေကးဒါးေခါင္း ေဆာင္ဟာ ေပၚထြက္လာခဲ့တာပဲျဖစ္ပါတယ္။သူ႔ရဲ့မိန႔္ခြန္းဟာ ၆၁ မိနစ္နဲ႔ ၂၇ စကၠန႔္ၾကာျမင့္ၿပီး as-Sahab Media Foundation က ထုတ္လုပ္ခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ကာလေတြအတြင္း အယ္လ္ေကးဒါးအဖြဲ႕ဟာ အစၥလာမၼစ္နိုင္ငံေတာ္လို႔ေခၚတဲ့ IS ေတြရဲ့ ၿပိဳင္ဆိုင္မႈကို ရင္ဆိုင္ခဲ့ရပါတယ္။ IS ေတြရဲ့ လႊမ္းမိုးမႈက ပိုမိုက်ယ္ျပန္လာခဲ့ၿပီး အယ္လ္ေကးဒါးရဲ့နာမည္က တစတစေမွးမွိန္လာခဲ့ပါတယ္။ စက္တင္ဘာ ၁၁ တိုက္ခိုက္မႈကိုေတာ့ အရင္ေခါင္းေဆာင္ေဟာင္းျဖစ္သူ အိုစမာဘင္လာဒင္က ဦးေဆာင္ခဲ့တာျဖစ္ၿပီး ၂၀၁၁ က ပါကစၥတန္မွာ သူ သတ္ျဖတ္ခံခဲ့ရၿပီးေနာက္ al-Zawahri က ေခါင္းေဆာင္သစ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။