ကယ်ထုတ်လာတဲ့ အမေရိကန်လေယာဉ်ပေါ်မှာပဲ ကလေးမွေးခဲ့တဲ့ အာဖဂန်အမျိုးသမီး

News

အာဖဂန်ကိုယ်ဝန်ဆောင်အမျိုသမီးတဦးဟာ နိုင်ငံသားတွေကိုကယ်ထုတ်လာတဲ့ အမေရိကန်စစ်လေယာဉ်တခုပေါ်မှာပဲ ကလေးမွေးခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၂၁ရက်နေ့တုန်းက ဂျာမနီရန်စတိန်းလေယာဉ်အခြေစိုက်ဌာနကို ဆင်းသက်ခဲ့တဲ့ C-17 အမျိုးအစားလေယာဦပေါ်မှာဖြစ်ပါတယ်။

တာလီဘန်တွေပြန်သိမ်းပိုက်လိုက်ပြီးကတည်းက နိုင်ငံတွင်းမနေလိုတဲ့ နိုင်ငံသားတွေကို စစ်လေယာဉ်တွေနဲ့အမေရိကန်တွေဟာ ကယ်ထုတ်နေခဲ့ပါတယ်။ ၂၁ရက်နေ့မှာလည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့အမျိုးသမီးနဲ့မိသားစုပါတဲ့ နိုင်ငံသားတွေကို C-17 ပေါ်မှာ ကယ်ထုတ်လာခဲ့ပါတယ်။

လေယာဉ်ပျံသန်းနေတဲ့အချိန်မှာပဲ ကလေးမွေးဖို့ဖြစ်လာခဲ့ချိန်၊ ဦးဆောင်လာတဲ့အရာရှိက လေဆိပ်ရောက်အောင်မစောင့်တော့ပါဘူး။ ကလေးမွေးနိုင်အောင် လေယာဉ်အတွင်းပိုင်းလေဖိအားတိုးလာဖို့ အောက်ကို တဖြည်းဖြည်းနိမ့်နိမ့်လေး ပျံလိုက်ပါတယ်။

အဲဒီလိုပျံလိုက်တဲ့အတွက် အတွင်းပိုင်းမှာ တည်ငြိမ်လာခဲ့ကာ ကိုယ်ဝန်ဆောင်အသက်ကို ကယ်နိုင်ခဲ့ပါတယ်။ လေဆိပ်ကိုရောက်တာနဲ့ 86th ကျန်းမာရေးအုပ်စုကနေ မိခင်နဲ့ကလေးကို အသင့်ပြင်ထားတဲ့ ဆေးရုံကိုခေါ်သွားပြီး၊ ကလေးရောမိခင်ပါ အခက်အခဲမရှိအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အရာရှိရဲ့မှတ်ချက်အရ မိန်းကလေးမွေးခဲ့တာလို့ သိရပါတယ်။ လက်ရှိအချိန်မှာ နှစ်ယောက်လုံးကျန်းမာတယ်လို့ သိရပြီး၊ သတင်းထုတ်ပြန်ချက်အရ မိသားစုလိုက် အတူတူရှိနေပါတယ်။ ဒီအကြောင်းကို တွစ်တာပေ့ချ် Air Mobilbity Command မှာလည်း သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုမျိုးလေပေါ်မှာ မွေးဖွားခဲ့တဲ့အတွက် သမီးငယ်လေးရဲ့နိုင်ငံသားဖြစ်တည်မှုကိုတော့ မသိရသေးပါဘူး။ အာဖဂန်မိဘနှစ်ပါးက မွေးဖွားပေမဲ့ လေပိုင်နက်ဟာ ဂျာမနီနိုင်ငံအတွင်း ရှိနေခဲ့မယ်ဆိုရင် ဂျာမနီနိုင်ငံသားဖြစ်လာဖို့ အခွင့်အရေးရှိနေပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်လေယာဉ်တွေဟာ အာဖဂန်ကနေ ဂျာမနီကို လေယာဉ်တောက်လျှောက်ထွက်နေပြီး၊ နိုင်ငံတွင်းကနေ ဆုတ်ခွာနေပြီဖြစ်ပါတယ်။

Ref:Air Mobilbity Command
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
အာဖဂန္ကိုယ္ဝန္ေဆာင္အမ်ိဳသမီးတဦးဟာ နိုင္ငံသားေတြကိုကယ္ထုတ္လာတဲ့ အေမရိကန္စစ္ေလယာဥ္တခုေပၚမွာပဲ ကေလးေမြးခဲ့တယ္လို႔ သိရပါတယ္။ ဩဂုတ္ ၂၁ရက္ေန႔တုန္းက ဂ်ာမနီရန္စတိန္းေလယာဥ္အေျခစိုက္ဌာနကို ဆင္းသက္ခဲ့တဲ့ C-17 အမ်ိဳးအစားေလယာဦေပၚမွာျဖစ္ပါတယ္။

တာလီဘန္ေတြျပန္သိမ္းပိုက္လိုက္ၿပီးကတည္းက နိုင္ငံတြင္းမေနလိုတဲ့ နိုင္ငံသားေတြကို စစ္ေလယာဥ္ေတြနဲ႔အေမရိကန္ေတြဟာ ကယ္ထုတ္ေနခဲ့ပါတယ္။ ၂၁ရက္ေန႔မွာလည္း ကိုယ္ဝန္အရင့္အမာရွိေနတဲ့အမ်ိဳးသမီးနဲ႔မိသားစုပါတဲ့ နိုင္ငံသားေတြကို C-17 ေပၚမွာ ကယ္ထုတ္လာခဲ့ပါတယ္။

ေလယာဥ္ပ်ံသန္းေနတဲ့အခ်ိန္မွာပဲ ကေလးေမြးဖို႔ျဖစ္လာခဲ့ခ်ိန္၊ ဦးေဆာင္လာတဲ့အရာရွိက ေလဆိပ္ေရာက္ေအာင္မေစာင့္ေတာ့ပါဘူး။ ကေလးေမြးနိုင္ေအာင္ ေလယာဥ္အတြင္းပိုင္းေလဖိအားတိုးလာဖို႔ ေအာက္ကို တျဖည္းျဖည္းနိမ့္နိမ့္ေလး ပ်ံလိုက္ပါတယ္။

အဲဒီလိုပ်ံလိုက္တဲ့အတြက္ အတြင္းပိုင္းမွာ တည္ၿငိမ္လာခဲ့ကာ ကိုယ္ဝန္ေဆာင္အသက္ကို ကယ္နိုင္ခဲ့ပါတယ္။ ေလဆိပ္ကိုေရာက္တာနဲ႔ 86th က်န္းမာေရးအုပ္စုကေန မိခင္နဲ႔ကေလးကို အသင့္ျပင္ထားတဲ့ ေဆး႐ုံကိုေခၚသြားၿပီး၊ ကေလးေရာမိခင္ပါ အခက္အခဲမရွိေအာင္ေဆာင္ရြက္နိုင္ခဲ့ပါတယ္။

အရာရွိရဲ့မွတ္ခ်က္အရ မိန္းကေလးေမြးခဲ့တာလို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ႏွစ္ေယာက္လုံးက်န္းမာတယ္လို႔ သိရၿပီး၊ သတင္းထုတ္ျပန္ခ်က္အရ မိသားစုလိုက္ အတူတူရွိေနပါတယ္။ ဒီအေၾကာင္းကို တြစ္တာေပ့ခ်္ Air Mobilbity Command မွာလည္း သတင္းထုတ္ျပန္ထားပါတယ္။

အခုလိုမ်ိဳးေလေပၚမွာ ေမြးဖြားခဲ့တဲ့အတြက္ သမီးငယ္ေလးရဲ့နိုင္ငံသားျဖစ္တည္မႈကိုေတာ့ မသိရေသးပါဘူး။ အာဖဂန္မိဘႏွစ္ပါးက ေမြးဖြားေပမဲ့ ေလပိုင္နက္ဟာ ဂ်ာမနီနိုင္ငံအတြင္း ရွိေနခဲ့မယ္ဆိုရင္ ဂ်ာမနီနိုင္ငံသားျဖစ္လာဖို႔ အခြင့္အေရးရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ အေမရိကန္ေလယာဥ္ေတြဟာ အာဖဂန္ကေန ဂ်ာမနီကို ေလယာဥ္ေတာက္ေလၽွာက္ထြက္ေနၿပီး၊ နိုင္ငံတြင္းကေန ဆုတ္ခြာေနၿပီျဖစ္ပါတယ္။

Ref:Air Mobilbity Command
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။