အလောင်းတွေကို အအေးခန်းထဲထားပြီး အနာဂတ်မှာ ပြန်ရှင်သန်ဖို့ကြိုးခဲ့တဲ့ ရုရှားလင်မယားနှစ်ယောက်ရဲ့ စီမံကိန်း ကွာရှင်းအပြီး ပျက်စီး

News

အလောင်းတွေကို အအေးခန်းထဲထားပြီး အနာဂတ်မှာ ပြန်ရှင်သန်ဖို့ကြိုးခဲ့တဲ့ ရုရှားလင်မယားနှစ်ယောက်ရဲ့ စီမံကိန်း ကွာရှင်းအပြီး ပျက်စီး

ရုရှားနိုင်ငံမှာ စီးပွားဖြစ်ပြုလုပ်နေတဲ့ အနာဂတ်မှာပြန်လည်ရှင်သန်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် လူသေအလောင်းတွေနဲ့ ဦးနှောက်တွေကို အအေးခန်းကွန်တိန်နာအတွင်း ထည့်သွင်းသိုလှောင်မှုပြုလုပ်ထားတဲ့ လုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါလုပ်ငန်းကို ပူးတွဲတည်ထောင်ထားတဲ့ ဇနီးမောင်နှံဟာ ကွာရှင်းပြတ်စဲခဲ့ကြပြီးနောက် ဇနီးဟောင်းဖြစ်သူက ဝင်ရောက်စီးနင်းခဲ့တာလို့လည်း သိရပါတယ်။

အသက် ၅၉ နှစ်အရွယ် Valeria Udalova ဆိုတဲ့အမျိုးသမီးက သူ့ရဲ့ ကျန်ရှိဝန်ထမ်းတွေနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး အအေးခန်းကွန်တိန်နာတွေအတွင်းမှာ ဗြိတိန် နဲ့ အမေရိကန်တို့က လူတွေရဲ့ ရုပ်ကြွင်းတွေကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ သိပ္ပံနည်းကျခွင့်ပြုချက် ရရှိမယ့်တချိန်ကျရင် ပြန်လည်ရှင်သန်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ပေါင်ထောင်ပေါင်းများစွာ အကုန်အ ကျခံပြီး အအေးခန်းအတွင်း သိုလှောင်ထားကြတာလည်းဖြစ်ပါတယ်။…

သူမဟာ အသက် ၄၁ နှစ်အရွယ် ခင်ပွန်းဟောင်း Danila Medvedev ဦးဆောင်ဖွင့်လှစ်ထားတဲ့ မော်စကိုအနီးက ရုရှားရဲ့အကြီးဆုံး cryo သိုလှောင်ရုံကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အအေးခန်းအတွင်းက နိုက်ထရိုဂျင်တွေကို စုပ်ထုတ်ခဲ့ပြီး သိမ်း ဆည်းထားတဲ့ ဦးနှောက်တွေကို ထရပ်ကားပေါ်တင်ယူသွားခဲ့ကြတယ်လို့ ရုရှားမီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။

Frankenstein နည်းပညာနဲ့ ထိန်းသိမ်းထားတဲ့ လူသားရုပ်ကြွင်းတွေဖြစ်ပြီး အနာဂတ်မှာ ပြန်ရှင်သန်နိုင်မယ့် အခွင့်အလမ်းရစေမယ်လို့ ယုံကြည်နေကြတာဖြစ် ကြောင်း ရဲတပ်ဖွဲ့ကေ ပြာဆိုခဲ့ပါတယ်။အခုအခါမှာ နောက်ထပ်အိမ်ထောင်နဲ့အခြေကျနေပြီဖြစ်တဲ့ Medvedev က “ရဲတွေက သူမကို ဖမ်းမမိခဲ့ပါဘူး၊ သူက cryo အတွင်းက ဦးနှောက်တချို့ကို ယူဆောင်သွားခဲ့ပါတယ်၊ neuropatients တွေရဲ့ ဦးနှောက်ကို အထူးဖန်တီးထားတဲ့ သတ္ထုဆေးသေတ္တာတွေမှာ သီးခြားထားရှိထားတာပါ” လို့ သူက ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ Open Cryonics လို့ခေါ်တဲ့ ကုမ္ပဏီအသစ်တစ်ခုကို Tver ပြည်နယ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီလူသားရုပ်ကြွင်းတွေကို တရားဝင်ပိုင်ဆိုင်သူတွေလည်းဖြစ်ပါတယ်။လက်ရှိမှာ ရဲတွေက စစ်ဆေးမှုတွေပြုလုပ်နေပြီး လူရုပ်အလောင်းတွေနည်းတူ ခွေးနဲ့ ကြောင်အလောင်းတွေကိုပါ ပြန်လည်အသက်သွင်းပေးဖို့အတွက် ကြိုးစားနေတာလို့လည်း ဆိုပါတယ်။အခုလိုမျိုး သယ်ယူသွားတဲ့အပေါ်မှာ Medvedev က စိုးရိမ်ပူပန်နေပြီး ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။

Udalova ကလည်း သူမဟာ ကုမ္ပဏီကနေ တရားမဝင်နှင်ထုတ်ခံခဲ့ရပြီး ပိုင်ဆိုင်ခွင့်ရှိသူဖြစ်တယ်လို့ ပြန် လည်တုံ့ပြန်ခဲ့ပါတယ်။ “နိုင်ငံအများကြီးကနေ အော်ဒါတွေအများကြီးရှိပါတယ်၊ အထူးသဖြင့် ခွေးနဲ့ကြောင်ပိုင်ရှင်တွေပါ၊ ဒါကြောင့်လည်း Medvedev က ကုမ္ပဏီကို အပိုင်စီးချင်နေခဲ့တာပါ” လို့ ဆိုပါတယ်။ ရုပ်အလောင်းတစ်ခုလုံးကို ထိန်းသိမ်းထားဖို့အတွက်ဆိုရင် ပေါင် ၂၆၀၀၀ အထိ ကုန်ကျမှာဖြစ်ပြီး ဦးနှောက်တစ်ခုအတွက်တော့ ယူရို ၁၆၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။

အအေးခန်းအတွင်းမှာ သူတို့သိမ်းဆည်းထားတဲ့ ရုပ်အလောင်းပေါင်းဟာ ၈၂ ခုအထိရှိပြီး နိုင်ငံခြားသား ၂၅ ဦးအထိ ပါဝင်တယ်လို့ သိရပါတယ်။ အေးခဲနေတဲ့ ဦးနှောက်တွေထဲမှာတော့ မော်စကိုက ဒေါက်တာ Yuri Pichugin ရဲ့ ဦးနှောက်လည်းပါဝင်ပါတယ်။ သူဟာ ၂၀၁၈ က ကွယ်လွန်ခဲ့သူဖြစ်ပြီး အနုတ် ၁၉၆ ဒီဂရီစင်တီဂရိတ်ရှိတဲ့ အအေးခန်းထဲမှာ လူသားတွေကို ထိန်းသိမ်းပေးနိုင်တဲ့ ဓာတုရည်ကို တီထွင်ခဲ့သူလည်းဖြစ်ပါတယ်။.

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အေလာင္းေတြကို အေအးခန္းထဲထားၿပီး အနာဂတ္မွာ ျပန္ရွင္သန္ဖို႔ႀကိဳးခဲ့တဲ့ ႐ုရွားလင္မယားႏွစ္ေယာက္ရဲ့ စီမံကိန္း ကြာရွင္းအၿပီး ပ်က္စီး

႐ုရွားနိုင္ငံမွာ စီးပြားျဖစ္ျပဳလုပ္ေနတဲ့ အနာဂတ္မွာျပန္လည္ရွင္သန္နိုင္တယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္ေၾကာင့္ လူေသအေလာင္းေတြနဲ႔ ဦးေႏွာက္ေတြကို အေအးခန္းကြန္တိန္နာအတြင္း ထည့္သြင္းသိုေလွာင္မႈျပဳလုပ္ထားတဲ့ လုပ္ငန္းတစ္ခုကို ဝင္ေရာက္စီးနင္းမႈ ျဖစ္ပြားခဲ့ပါတယ္။ အဆိုပါလုပ္ငန္းကို ပူးတြဲတည္ေထာင္ထားတဲ့ ဇနီးေမာင္ႏွံဟာ ကြာရွင္းျပတ္စဲခဲ့ၾကၿပီးေနာက္ ဇနီးေဟာင္းျဖစ္သူက ဝင္ေရာက္စီးနင္းခဲ့တာလို႔လည္း သိရပါတယ္။

အသက္ ၅၉ ႏွစ္အရြယ္ Valeria Udalova ဆိုတဲ့အမ်ိဳးသမီးက သူ႔ရဲ့ က်န္ရွိဝန္ထမ္းေတြနဲ႔ ဝင္ေရာက္စီးနင္းခဲ့ၿပီး အေအးခန္းကြန္တိန္နာေတြအတြင္းမွာ ၿဗိတိန္ နဲ႔ အေမရိကန္တို႔က လူေတြရဲ့ ႐ုပ္ႂကြင္းေတြကို သိမ္းဆည္းခဲ့တာျဖစ္ပါတယ္။ သိပၸံနည္းက်ခြင့္ျပဳခ်က္ ရရွိမယ့္တခ်ိန္က်ရင္ ျပန္လည္ရွင္သန္လာမယ္ဆိုတဲ့ေမၽွာ္လင့္ခ်က္နဲ႔ ေပါင္ေထာင္ေပါင္းမ်ားစြာ အကုန္အ က်ခံၿပီး အေအးခန္းအတြင္း သိုေလွာင္ထားၾကတာလည္းျဖစ္ပါတယ္။…

သူမဟာ အသက္ ၄၁ ႏွစ္အရြယ္ ခင္ပြန္းေဟာင္း Danila Medvedev ဦးေဆာင္ဖြင့္လွစ္ထားတဲ့ ေမာ္စကိုအနီးက ႐ုရွားရဲ့အႀကီးဆုံး cryo သိုေလွာင္႐ုံကို ဝင္ေရာက္စီးနင္းခဲ့တာျဖစ္ပါတယ္။ သူတို႔ဟာ အေအးခန္းအတြင္းက နိုက္ထရိုဂ်င္ေတြကို စုပ္ထုတ္ခဲ့ၿပီး သိမ္း ဆည္းထားတဲ့ ဦးေႏွာက္ေတြကို ထရပ္ကားေပၚတင္ယူသြားခဲ့ၾကတယ္လို႔ ႐ုရွားမီဒီယာတခ်ိဳ႕က ေဖာ္ျပခဲ့ၾကပါတယ္။

Frankenstein နည္းပညာနဲ႔ ထိန္းသိမ္းထားတဲ့ လူသား႐ုပ္ႂကြင္းေတြျဖစ္ၿပီး အနာဂတ္မွာ ျပန္ရွင္သန္နိုင္မယ့္ အခြင့္အလမ္းရေစမယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ ေၾကာင္း ရဲတပ္ဖြဲ႕ေက ျပာဆိုခဲ့ပါတယ္။အခုအခါမွာ ေနာက္ထပ္အိမ္ေထာင္နဲ႔အေျခက်ေနၿပီျဖစ္တဲ့ Medvedev က “ရဲေတြက သူမကို ဖမ္းမမိခဲ့ပါဘူး၊ သူက cryo အတြင္းက ဦးေႏွာက္တခ်ိဳ႕ကို ယူေဆာင္သြားခဲ့ပါတယ္၊ neuropatients ေတြရဲ့ ဦးေႏွာက္ကို အထူးဖန္တီးထားတဲ့ သတၳဳေဆးေသတၱာေတြမွာ သီးျခားထားရွိထားတာပါ” လို႔ သူက ေျပာၾကားခဲ့ပါတယ္။

သူတို႔ႏွစ္ဦးဟာ Open Cryonics လို႔ေခၚတဲ့ ကုမၸဏီအသစ္တစ္ခုကို Tver ျပည္နယ္မွာ ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ဒီလူသား႐ုပ္ႂကြင္းေတြကို တရားဝင္ပိုင္ဆိုင္သူေတြလည္းျဖစ္ပါတယ္။လက္ရွိမွာ ရဲေတြက စစ္ေဆးမႈေတြျပဳလုပ္ေနၿပီး လူ႐ုပ္အေလာင္းေတြနည္းတူ ေခြးနဲ႔ ေၾကာင္အေလာင္းေတြကိုပါ ျပန္လည္အသက္သြင္းေပးဖို႔အတြက္ ႀကိဳးစားေနတာလို႔လည္း ဆိုပါတယ္။အခုလိုမ်ိဳး သယ္ယူသြားတဲ့အေပၚမွာ Medvedev က စိုးရိမ္ပူပန္ေနၿပီး ပ်က္စီးသြားနိုင္တယ္လို႔ ဆိုပါတယ္။

Udalova ကလည္း သူမဟာ ကုမၸဏီကေန တရားမဝင္ႏွင္ထုတ္ခံခဲ့ရၿပီး ပိုင္ဆိုင္ခြင့္ရွိသူျဖစ္တယ္လို႔ ျပန္ လည္တုံ႔ျပန္ခဲ့ပါတယ္။ “နိုင္ငံအမ်ားႀကီးကေန ေအာ္ဒါေတြအမ်ားႀကီးရွိပါတယ္၊ အထူးသျဖင့္ ေခြးနဲ႔ေၾကာင္ပိုင္ရွင္ေတြပါ၊ ဒါေၾကာင့္လည္း Medvedev က ကုမၸဏီကို အပိုင္စီးခ်င္ေနခဲ့တာပါ” လို႔ ဆိုပါတယ္။ ႐ုပ္အေလာင္းတစ္ခုလုံးကို ထိန္းသိမ္းထားဖို႔အတြက္ဆိုရင္ ေပါင္ ၂၆၀၀၀ အထိ ကုန္က်မွာျဖစ္ၿပီး ဦးေႏွာက္တစ္ခုအတြက္ေတာ့ ယူရို ၁၆၀၀၀ ကုန္က်မွာျဖစ္ပါတယ္။

အေအးခန္းအတြင္းမွာ သူတို႔သိမ္းဆည္းထားတဲ့ ႐ုပ္အေလာင္းေပါင္းဟာ ၈၂ ခုအထိရွိၿပီး နိုင္ငံျခားသား ၂၅ ဦးအထိ ပါဝင္တယ္လို႔ သိရပါတယ္။ ေအးခဲေနတဲ့ ဦးေႏွာက္ေတြထဲမွာေတာ့ ေမာ္စကိုက ေဒါက္တာ Yuri Pichugin ရဲ့ ဦးေႏွာက္လည္းပါဝင္ပါတယ္။ သူဟာ ၂၀၁၈ က ကြယ္လြန္ခဲ့သူျဖစ္ၿပီး အႏုတ္ ၁၉၆ ဒီဂရီစင္တီဂရိတ္ရွိတဲ့ အေအးခန္းထဲမွာ လူသားေတြကို ထိန္းသိမ္းေပးနိုင္တဲ့ ဓာတုရည္ကို တီထြင္ခဲ့သူလည္းျဖစ္ပါတယ္။.

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။