ရုရှား၏ထိပ်တန်းလက်နက်အဆင့်၃၂ဗုံးကြဲတိုက်လေယာဥ်Bomber-Fighterဖြစ်သောSu-34 Fullback

Militarily News

ရုရှား၏ထိပ်တန်းလက်နက်အဆင့်(၃၂)ဗုံးကြဲတိုက်လေယာဥ် (Bomber-Fighter)ဖြစ်သော Su-34 Fullback

ရုရှားထုတ် Sukhoi Su-34 Fullback သည်လည်း တာဝေး ထိုးဖောက်တိုက်ခိုက်သည့် မြေပြင်တိုက်ခိုက်ရေးဦးစားပေး ထားသောသော်လည်း Su-27 air superiority fighter ဝေဟင်စီးချင်းထိုးတိုက်လေယာဥ်ကို ရုပ်ပြောင်းထားသည့် တိုက်လေယာဥ်ဟုလည်း ဆိုထားသည်။ လေယာဥ်မောင်းနှင်ခန်းမှာ လေသူရဲ ၂ ဦး ဘေးချင်းယှဥ် ထိုင်သည့်(side-by-side cockpit)ဖြစ်သည်။ လေယာဥ်မောင်းနှင်ခန်းကို သံချပ်ကာအကာအကွယ်ဖြင့် ပြုလုပ်ပေးထားသည်။


လေသူရဲများ အတက်/အဆင်းကို အခြားတိုက်လေယာဥ်များကဲ့သို့ မဟုတ်ဘဲ ဝမ်းဗိုက်အောက်(ရှေ့ဘီး)နားမှ ပြုလုပ် ကြသည်။ Su-34 ၏ နှုတ်သီးမှာ ဘဲနှုတ်သီးပုံသဏ္ဍာန်ဖြစ်သောကြောင့် ဘဲခေါင်းဟုလည်း ချစ်စနိုးခေါ်ကြသည်။ ရုရှားလေတပ်အတွက် Su-34 ၇၆ စီး ထုတ်လုပ်ပေးထားကာ ရုရှားလေတပ်၏ လိုအပ်ချက်ဖြစ် သော အစီး ၂၀၀ ထုတ်ပေးရန် ရန်ပုံငွေကန့်သတ်မှုများနှင့် ကြုံတွေ့နေရသည်။ Su-34 ခရီးဝေပျံသန်းသည့်အခါ လေသူရဲများအသုံး ပြုရန် သန့်စင်ခန်းငယ်ပါ ထည့်သွင်းတပ်ဆင်ပေးထားသည်။
Su-34 အသုံးပြုသောရေဒါမှာ PESA ရေဒါအမျိုးအစားဖြစ်သည်။

ပြည်ပတင်ပို့ရန် အယ်လ်ဂျီးရီးယားလေတပ်မှ မှာယူထား
သည်ဟုဆိုသည်။ underwing နှင့် underfusealage တွင် လက်နက်ချိတ်ဆွဲရန် အမာခံနေရာများ ၁၂ ခု အထိပါရှိ သည်။ ကျယ်ပြန့်သော အကွာအဝေးအထိ တိုက်ခိုက်နိုင်ရန် အတွက် ဝေဟင်-ဝေဟင်ဒုံးများ၊ ဝေဟင်-မြေပြင်ဒုံးများ၊ သင်္ဘောဖျက်ဒုံးများ၊ ခရုဇ်ဒုံးများ၊ရေဒါဖျက်ဒုံးများနှင့် ပဲ့ထိန်း free fall bombs ကိုတပ်ဆင်အသုံးပြုသည်။ တပ်ဆင်အသုံးပြုသောFAB-500 ခေါ် ပေါင် ၅၀၀ ဗုံးများမှာ လေဆာလမ်းညွှန်၊ဂြိုလ်တုလမ်းညွှန်များ ဖြစ်သည်။

သာမန်အားဖြင့် ဝန် ၄၀၀၀ ကီလိုဂရမ် ကိုသယ်ဆောင်သော်လည်း အများဆုံး ၈၀၀၀ ကီလိုဂရမ်နှင့် အမြင့်ဆုံး ၁၂၀၀၀ ကီလို ဂရမ် ရှိလက်နက်များကို ချိတ်ဆွဲပျံသန်းနိုင်သည်။ Su-34 ကို ရန်သူ့လေယာဥ်မှ လိုက်လံတိုက်ခိုက်နေသည့်အချိန်တွင် ဝေဟင်မှ ဝေဟင်ပစ်ဒုံးများပစ်လွှတ်နိုင် ရန် rearward facing radar တပ်ဆင်ပေးထားသည်။ အီလက်ထရွန်နစ်တုန့်ပြန်နှောက်ယှက်ရေးကိရိယာများကို လည်း တပ်ဆင်ပေးထားသည်။တစ်နာရီ ၂၂၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် အမြင့် ၁၄ ကီလိုမီတာ အထိတက်ရောက် ကာ အကွာအဝေး ၂၀၀၀ မှ ၂၅၀၀ ကီလိုမီတာ အထိ ပျံသန်း နိုင်သော တိုက်လေယာဥ်ဖြစ်သည်။

Su-34 Fullback တွင် electronic pod သို့မဟုတ် reconnaissance pod တို့ကို ပြောင်းလဲတပ်ဆင်အသုံးပြုသောကြောင့် ကြားဖြတ် တိုက်ခိုက်ခြင်း၊ လေကြောင်းကင်းထောက်ခြင်းနှင့် အီလက်ထရောနစ် စစ် ဆင်ရေးများကိုပါ ထမ်းဆောင်နိုင်သည်။ Su-34 Fullback အနေဖြင့် အမြင့်ဆုံးမှ ပျံသန်းကာ မြေပြင်ပစ်မှတ်များကို စွမ်းအားမြင့် လက်နက်များဖြင့် တိကျစွာချေမှုန်းတိုက်ခိုက်ခြင်းကြောင့် တိုက်လေယာဥ်ဟု ဆိုသော်လည်း Bomber- Fighter အမျိုးအစားဖြစ်သည်။

အခြားဗုံးကြဲလေယာဥ်များ ကဲ့သို့ အစောင့်လိုက်ပေးစရာမလိုဘဲ မိမိကိုယ်ကို ကာကွယ် ၍ ဗုံးကြဲနိုင်ခြင်းသည် Su-34 ၏ အားသာချက်ဖြစ်သည်။ Su-34 အနေဖြင့် အရွယ်အစားနှင့်လိုက်ဖက်မှုမရှိဘဲ လှုပ်ရှားစစ်ကစားမှု အလွန်ကောင်းမွန်သည်ကို တွေ့ရှိရသည်။ စွမ်းရည်ထက်မြတ်သော Su-34 တိုက်လေယာဥ်ကို အရှေ့တောင်အာရှနိုင်ငံမှ ဝယ်ယူရန် ညှိနှိုင်းနေသည်ဟု သိ ရှိရသည်။

Crd – KokolinOo

Leave a Reply