ယောင်္ကျားတွေအတွက်တောင်ခက်ခဲတဲ့ ကုန်တင်ကားမောင်းတဲ့အလုပ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ကိုင်နေခဲ့တဲ့ မိန်းမချောလေး (ရုပ်သံ)

News

တစ်ကယ့်ကို တွဲကားအကြီးကြီးတွေမောင်းဖို့က လူတိုင်းအတွက်မလွယ်ကူလှပါဘူး ။ သို့ပေမဲ့လည်း ဂျပန်နိုင်ငံက မိန်းမငယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တွဲကားကြီးကို မောင်းနေခဲ့လို့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေခဲ့ပါတယ် ။

Rino Sasaki အမည်ရှိတဲ့ မိန်းကလေးဟာ အရင်ချိန်တုန်းက ရိုးရာအက ဆရာမအနေနဲ့အလုပ်လုပ်ကိုင်နေသူပါ ။ သူမရဲ့ အသက် 21 အရွယ်ထိ အရာအားလုံးက အဆင်ပြေစွာရှိနေခဲ့ပေမဲ့လည်း ၊ နောက်ပိုင်း ခရီးရှည်တွဲကားမောင်းတဲ့ သူမရဲ့ဖခင်ဖြစ်သူက နာမကျန်းဖြစ်လာခဲ့ပါတယ် ။ ဒါကြောင့် ဖခင်ဖြစ်သူရဲ့ ကားနောက်ကိုလိုက်ရင်း ခရီးလမ်းတစ်လျှောက် တစ်ယောက်တည်း အထီးကျန်လွန်းတဲ့ ဖခင်ရဲ့ဘဝကို နားလည်လာခဲ့ပါတယ် ။ ဖခင်နောက်လိုက်ရင်း ကားအကြောင်းတွေ နားလည်လာတဲ့အပြင် ၊ ကားပြုပြင်တဲ့အလုပ်တွေကိုပါ လုပ်လာနိုင်ခဲ့ပါတယ် ။

အစပိုင်းမှာတော့ အချိန်ဇယားနဲ့ အကဆရာမအလုပ်ပါဆက်လုပ်နေပေမဲ့ နောက်ပိုင်း တိကျတဲ့အချိန်မရှိတဲ့ ကားမောင်းတဲ့အလုပ်ကြောင့် အကဆရာမအလုပ်ကို ရပ်နားပစ်ခဲ့ရပါတယ် ။ နောက်ပိုင်း ကားသမားအလုပ်ကို သူမအတော်လေးနှစ်သက်လာပြီး ၊ ဂျပန်နိုင်ငံမှာတော့ အဆိုပါခရီးရှည်တွဲကားမောင်းတဲ့ မိန်းကလေးတွေ အတော်ရှားပါးလွန်းပါတယ် ။ သူမရဲ့နေ့စဉ်ဘဝကို social media ပေါ်မှာ ဝေမျှရင်း သူမဟာ အတော်လေးကိုရေပန်းစားလာခဲ့ပါတယ် ။

1

2

3

4

5

6

7

8

9

10

11

Credit-Jasmine (Mckzone Daily)

Zawgyi

ယောင်္ကျားတွေအတွက်တောင်ခက်ခဲတဲ့ ကုန်တင်ကားမောင်းတဲ့အလုပ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ကိုင်နေခဲ့တဲ့ မိန်းမချောလေး (ရုပ်သံ)

တစ်ကယ့်ကို တွဲကားအကြီးကြီးတွေမောင်းဖို့က လူတိုင်းအတွက်မလွယ်ကူလှပါဘူး ။ သို့ပေမဲ့လည်း ဂျပန်နိုင်ငံက မိန်းမငယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တွဲကားကြီးကို မောင်းနေခဲ့လို့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေခဲ့ပါတယ် ။ Rino Sasaki အမည်ရှိတဲ့ မိန်းကလေးဟာ အရင်ချိန်တုန်းက ရိုးရာအက ဆရာမအနေနဲ့အလုပ်လုပ်ကိုင်နေသူပါ ။ သူမရဲ့ အသက် 21 အရွယ်ထိ အရာအားလုံးက အဆင်ပြေစွာရှိနေခဲ့ပေမဲ့လည်း ၊ နောက်ပိုင်း ခရီးရှည်တွဲကားမောင်းတဲ့ သူမရဲ့ဖခင်ဖြစ်သူက နာမကျန်းဖြစ်လာခဲ့ပါတယ် ။ ဒါကြောင့် ဖခင်ဖြစ်သူရဲ့ ကားနောက်ကိုလိုက်ရင်း ခရီးလမ်းတစ်လျှောက် တစ်ယောက်တည်း အထီးကျန်လွန်းတဲ့ ဖခင်ရဲ့ဘဝကို နားလည်လာခဲ့ပါတယ် ။ ဖခင်နောက်လိုက်ရင်း ကားအကြောင်းတွေ နားလည်လာတဲ့အပြင် ၊ ကားပြုပြင်တဲ့အလုပ်တွေကိုပါ လုပ်လာနိုင်ခဲ့ပါတယ် ။

Leave a Reply