မြန်မာက Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ်များအား ရုရှားနိုင်ငံထံမှဝယ်ယူ

News

မြန်မာက Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ်များအား ရုရှားနိုင်ငံထံမှဝယ်ယူ

မြန်မာ့တပ်မတော်အနေဖြင့် Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည် စနစ်အား အနည်းဆုံး ယူနစ် ၂ ခုစာ ဝယ်ယူရန် ရုရှား-မြန်မာသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်ဟုဆိုသည်။

ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော မြန်မာ့ရေတပ် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ရုရှားသို့ သွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်၌ Rubezh-ME ကမ်းရိုးတန်း ကာကွယ်ရေး ဒုံးကျည်စနစ်အား လေ့လာဆန်းစစ်ခဲ့ကြပြီးလည်း ဖြစ်သည်။

Rubezh-ME သည် ရုရှား၏ ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ်သစ် တစ်ခုဖြစ်ပြီး ပြည်ပသို့တင်ပို့ရောင်းချရန်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့ရေတပ်၌ Kh 35E land based anti ship missile battery စနစ်တစ်ခုတည်းသာ အသုံးချလျက်ရှိနေပြီး ၎င်းသည်လည်း UMS Aung Zeya ဖရီးဂိတ်စစ်ရေယာဉ်မှ ဖြုတ်ကာ မြေပြင်အခြေစိုက်စနစ်အဖြစ် ပြောင်းလဲတပ်ဆင်အသုံးပြုထားခြင်းဖြစ်သည်။

အကွာအဝေးအားဖြင့် ၁၃၅ ကီလိုမီတာရောက်ရှိနိုင်ပြီး ဖြုတ်ချခံရသည့် ဖရီးဂိတ်၌ C 802A anti ship missile sustem များဖြင့် ပြန်လည် တပ်ဆင် အသုံးပြုထားသည်။

တပ်မတော်(ရေ)အနေဖြင့် Kh 35E land based anti ship missile စနစ်ကို ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ်ဖြန့်ထားပြီး ၎င်းဆောင်ရွက်မှုသည် ပို့စ်တင်၍ အာကျယ်နေသော ဘင်္ဂလားဒေ့ရှ်၏ Cox Bazar တစ်ခုလုံးကို ကောင်းစွာ ခြုံလွှမ်းထားနိုင်သည်။

Rubezh-ME စနစ်ကို KAMAZ-6560 8×8 all-terrain chassis အပေါ်တွင် တပ်ဆင်ထားပြီး ပစ်လွှတ်ပေါက် ၄ ခုပါဝင်သည်။ ပစ်ခတ်ထိန်းချုပ်မှုစနစ်နှင့် အတူ Monolith-B radar ကို အသုံးပြုထားသည်။

၎င်းရေဒါသည် ၄၅၀ ကီလိုမီတာအထိ ထောက်လှမ်းနိုင်သည်။သမားရိုးကျအားဖြင့် Rubezh-ME စနစ်တွင် ပစ်လွှတ်ယာဉ် ၈ စီး၊ ရွေ့လျား အမိန့်ပေးယာဉ်နှင့် ရေဒါစနစ်တစ်ခုပါဝင်သည်။

ထို့အတွက် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ် ၃၂ စီးကို တပြိုင်နက်တည်း ချီတက်လာလျှင်ပင် ကောင်းစွာထုနိုင်သည်။ မူလ Kh 35E သည် ၁၃၀ ကီလိုမီတာအထိသာ ရောက်ရှိသော်လည်း အဆင့်မြှင့်တင်ထားသည့် KH-35UE သည် ၂၆၀ ကီလိုမီတာ အထိရောက်ရှိနိုင်ကာ စစ်တကောင်းဆိပ်ကမ်းအထိ ဆော်နိုင်သည်။

မြန်မာအနေဖြင့် ၂၀၂၃ ခုနှစ်တွင် စတင်ရရှိနိုင်ရန်ရည်မှန်းထားပြီး ရရှိသည့် အခါ သင်္ဘောဖျက်ဒုံးကျည်စနစ် ၅ မျိုးခန့်ကို တပ်ဆင်ပစ်လွှတ်နိုင်မည်ဖြစ်ပြီး ၎င်းတို့တွင် C 802A ၊ C 802 နှင့် air launched C 802AK တိုပါဝင်မည် ဖြစ်သည်ဟုဆိုသည်။

ကျော်လင်း(အမိမြေ)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply