မြန်မာငွေ သိန်းပေါင်းတစ်ထောင်ကျော် ဒဏ်ရိုက်ခံရတဲ့ တရုတ်ဟိုတယ်

News

တရုတ်ပြည်မှာရေကြီးတာကိုအခွင့်ကောင်းယူပြီး အခန်းခကိုဈေးတင်တဲ့ဟိုတယ်ကို ဒေါ်လာတစ်သိန်း (မြန်မာငွေ သိန်းပေါင်းတစ်ထောင်ကျော်) ဒဏ်ငွေချလိုက်ပါတယ်။

ရေကြီးချိန်မှာနေစရာမရှိလို့ ဟိုတယ်ကိုအလုအယက်ဘိုကင်တင်ကြချိန်မှာ ဟော်တယ်က တစ်ခန်းကို မြန်မာငွေ ၆ သိန်းကျော်လောက်ဈေးတင်ယူတာကြောင့် အခုလို အပြစ်ပေးလိုက်တာပါ။

ဟိုတယ်ကအခုလိုအပြစ်ပေးတာကိုခံယူပြီး အာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ပါမယ်။ အခုရေကြီးလို့နေစရာမရှိသူတွေကို တစ်ပြားမှမယူပဲပေးနေပါ့မယ်လို့ ကြေညာလိုက်ပါတယ်။

အခုလိုသဘာဝဘေးဒဏ်ကျရောက်ချိန် လူတွေနေစရာမရှိလို့ဒုက္ခရောက်ချိန်မှာ အမြတ်ကြီးစားလုပ်သူကို သိန်းထောင်နဲ့ချီပြီးဒဏ်ချတာကို အတုယူသင့်ပါတယ်။

ပြည်သူအတွက်ကောင်းတဲ့နမူနာကိုဘယ်တော့မှမယူ။ မကောင်းတဲ့နမူနာဆိုချက်ချင်းယူတာ ခေတ်အဆက်ဆက်အာဏာပိုင်တွေရဲ့အကျင့်ပါ။ အဲ့ဒါကြောင့် ဖွတ်မွဲပြာကျရတာပါ။

မြန်မာပြည်မှာလို စစ်ဘေးရော၊ ကိုဗစ်ဘေးရောကြုံရပြီး အသက်အန္တရာယ်ကြုံနေရချိန်မှာ မတရားအမြတ်တင်လုပ်စားတာမျိုးကို မှတ်လောက်သားလောက်အောင်ကိုလုပ်သင့်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply